အ​ရိုး​​ သန်​မာ​စေ​သော​ ​ဆေး​အ​ချို့​ ​ကင်​ဆာ​​ ရော​ဂါ​ ​ဖြစ်​နိုင်​​ ခြေ​မြင့်​တက်​စေ

alt

အရိုး​များ​ ​ဖွံ့​ဖြိုး​သန်​မာ​စေ​သည်​ဆို​သော​ ​ဆေး​အ​ချို့​သည်​ ​သုံး​စွဲ​သူ​များ​အား​ ​ကင်​ဆာ​ရော​ဂါ​ ​ဖြစ်​နိုင်​ခြေ​ ​မြင့်​တက်​လာ​စေ​နိုင်​ကြောင်း​ ​သု​တေ​သီ​များ​က​ ​သ​တိ​ပေး​ ​ပြော​ကြား​လိုက်​သည်​။​

​နှစ်​ပေါင်း​အ​တန်​ကြာ​ ​အ​ရိုး​သန်​မာ​ဆေး​များ​ ​စွဲ​မြဲ​စွာ​ ​သုံး​စွဲ​ခြင်း​ကြောင့်​ ​အ​စာ​ရေ​မြို​ကင်​ဆာ​ ​ဖြစ်​နိုင်​ခြေ​ကို​ ​တိုး​ပွား​လာ​စေ​ကြောင်း​ ​ကင်​ဆာ​ရော​ဂါ​ရှင်​ ​၃၀၀၀​ ​နီး​ပါး​၏​ ​ကျန်း​မာ​ရေး​ ​မှတ်​တမ်း​များ​ကို​ ​လေ့​လာ​ပြီး​နောက်​ ​အ​မေ​ရိ​ကန်​ ​ပ​ညာ​ရှင်​များ​က​ ​ဖော်​ထုတ်​နိုင်​ခဲ့​သည်​။​ ​ဝေ​ဒ​နာ​သည်​ ​တစ်ဦး​စီ​၏​ ​မှတ်​တမ်း​နှင့်​ ​အ​ခြား​ကျန်း​မာ​ရေး​ ​ကောင်း​မွန်​သူ​ ​၅​ ဦး​စီ​တို့​၏​ ​နေ​ထိုင်​မှု​ ​ပုံ​စံ​များ​ကို​ ​နှိုင်း​ယှဥ်​လေ့​လာ​မှု​ ​ပြု​လုပ်​ခဲ့​ရာ​ ​အ​စာ​ရေ​မြို​ကင်​ဆာ​ ​ဖြစ်​ပွား​နေ​သူ​ ​အ​များ​စု​သည်​ ​လွန်​ခဲ့​သော​ ​ရှစ်​နှစ်​တာ​ ​ကာ​လ​အ​တွင်း​ ​အ​ရိုး​သန်​မာ​ဆေး​များ​ ​သုံး​စွဲ​မှု​ ​ရှိ​ခဲ့​ကြောင်း​ ​ဖော်​ထုတ်​တွေ့​ရှိ​ခဲ့​သည်​။​ ​အ​မေ​ရိ​ကန်​ ​ဆေး​ပ​ညာ​အ​ဖွဲ့​ကြီး​က​ ​ကြေ​ညာ​ချက်​တွင်​ ​ယ​ခု​အ​ခြေ​အ​နေ​သည်​ ​သက်​ကြီး​ပိုင်း​တွင်​ ​ပို​မို​သက်​ရောက်​မှု​ ​များ​ပြား​ကြောင်း​ ​ပါ​ရှိ​သည်​။​ သု​တေ​သီ​များ​က​ ​အ​ရိုး​သန်​မာ​ ​ဆေး​များ​တွင်​ ​ပါ​ဝင်​သည့်​ ​ဓာတ်​သ​တ္တိ​များ​သည်​ ​အ​စာ​အိမ်​နှင့်​ အူ​မ​ကြီး​ကင်​ဆာ​တို့​ ​ဖြစ်​နိုင်​ခြင်း​နှင့်​ ​ဆက်​စပ်​မှု​ ​ရှိ​မ​ရှိ​ကို​မူ​ ​ဆက်​လက်​လေ့​လာ​နေ​ဆဲ​ဖြစ်​သည်​။​

Osteoporosis​ ​​(​အ​ရိုး​ပွ)​ ရော​ဂါ​ကို​ ​တား​ဆီး​သော ​ဆေး​ဝါး​များ​သည်​ ​ရေ​ရှည်​စွဲ​မြဲ​စွာ​ ​သောက်​သုံး​ပါ​က​ ​ကျန်း​မာ​ရေး​အ​တွက်​ ​ထိ​ခိုက်​မှု​ ​ဖြစ်​နိုင်​ကြောင်း​ ​သု​တေ​သီ​များ​က​ဆို​သည်​။​ ​လေ့​လာ​မှု​များ​အ​ရ​ Osteoporosisကို​ ​တား​ဆီး​သော​ ​ဆေး​ဝါး​များ​ကို​ ​၅​ ​နှစ်​ကျော်​ ​စွဲ​မြဲ​စွာ​ ​သောက်​သုံး​ခြင်း​သည်​ ​ကင်​ဆာ​ဖြစ်​နိုင်​ခြေ​ကို​ ​သိ​သိ​သာ​သာ​ ​တိုး​မြင့်​လာ​စေ​နိုင်​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here