​အင်​ဒို​နီး​ရှား​ မီး​တောင်​ အ​နီး ​ဒေ​သ​တွင်​ ​နေ​ထိုင်​သူ​များ​ ​နေ​အိမ်​သို့​ပြန်

alt

နှစ်​ရက်​ဆက်​တိုက်​ ​ပေါက်​ကွဲ​ခဲ့​သော်​လည်း​ ​ယ​ခု​အ​ခါ​ ​ဆီ​နာ​ဘန်း​ ​မီး​တောင်​အ​နီး​ ​နေ​ထိုင်​သူ​များ​သည်​ ​တောင်​စောင်း​ရှိ​ ၎င်း​တို့​၏​ ​နေ​အိမ်​များ​သို့​ ​ပြန်​နေ​ကြ​ပြီ​ဟု​ ​သိ​ရ​သည်​။​

ဆူ​မား​တြား​ရှိ​ နှစ်​ပေါင်း​ ​၄၀၀​ ​ကျော်​ ​ငြိမ်​သက်​နေ​ခဲ့​သော​ မီး​တောင်​ကြီး​သည်​ ဩ​ဂုတ်​လ​ ​၂၉​ ​နှင့်​ ​၃၀​ ​ရက်​နေ့​များ​က​ ​ဆက်​တိုက်​ပေါက်​ကွဲ​ခဲ့​ရာ​ ​လူ​ပေါင်း​ ​၃၀၀၀၀​ ​ကျော်​ ​ရွှေ့​ပြောင်း​ခဲ့​ရ​ပြီး​ ​ယင်း​ဒေ​သ​ကို​လည်း​ ​အ​ရေး​ပေါ်​ ​အ​ခြေ​အ​နေ​ ​ထုတ်​ပြန်​ကြေ​ညာ​ခဲ့​ရ​သည်​။​ ​သို့​သော်​လည်း​ ​မီ​တာ​ ​၂၀၀၀​ ​ကျော်​ ​အ​မြင့်​ထိ​ ​ပြာ​မှုန်​များ​ ​မှုတ်​ထုတ်​ခဲ့​သည့်​ ​မီး​တောင်​ကြီး​အ​နေ​နှင့်​ ​အ​ကြီး​အ​ကျယ်​ ​ပေါက်​ကွဲ​နိုင်​သည်​ဟု​ ​အ​တည်​ပြုရန်​ ​စော​လွန်း​သေး​ကြောင်း​ ​အင်​ဒို​နီး​ရှား​ ​မီး​တောင်​နှင့်​ င​လျင်​များ​ ​စောင့်​ကြည့်​ရေး​ဌာ​န​က​ ​ပြော​ကြား​ခဲ့​သည့်​အ​တွက်​ ​ဒေ​သ​ခံ​များ​ ​နေ​ရပ်​သို့​ ​ပြန်င်္ကြ​ခြင်း​ဖြစ်​သည်​။​

​ဆီ​နာ​ဘန်း​သည်​ ​၁၆၀၀​ ​ပြည့်​နှစ်​က​ ​နောက်​ဆုံး​ပေါက်​ကွဲ​ခဲ့​ပြီး​ ​နှစ်​ပေါင်း​များ​စွာ​ ​လှုပ်​ရှား​မှု​ ​မ​ရှိ​ဘဲ​ ​ငြိမ်​သက်​နေ​ခြင်း​ဖြစ်​သည်​။​ အင်​ဒို​နီး​ရှား​ ​နိုင်ငံ​သည်​ ​ပ​စိ​ဖိတ်​ ​မီး​ကွင်း​ဒေ​သ​တွင်​ ​တည်​ရှိ​နေ​ပြီး​ ​မီး​တောင်​ထူ​ထပ်​ ​ပေါ​များ​သော​ ​နိုင်ငံ​ဖြစ်​သ​လို​ ​အ​သက်​ဝင်​နေ​ဆဲ​ ​မီး​တောင်​ပေါင်း​ ​၁၂၉​ ​ခု​ ​ရှိ​နေ​သည်​။​

​လေ့​လာ​သူ​ ​အ​ချို့​တို့​က​ ​ကာ​လ​ရှည်​ကြာ​စွာ​ ​ငြိမ်​သက်​နေ​သော​ ​မီး​တောင်​များ​ ​ပေါက်​ကွဲ​သည့်​အ​ခါ​ ​ပို​မို​ပြင်း​ထန်​နိုင်​ကြောင်း​ ​သ​တိ​ပေး​ထား​သည်​။​ ဥ​ပ​မာ​အား​ဖြင့်​ ​၁၉၉၁​ ​ခု​နှ​စ်​က​ ​ဖိ​လစ်​ပိုင်​နိုင်ငံ​ရှိ​ ​နှစ်​ပေါင်း​များ​စွာ​ ​ငြိမ်​သက်​နေ​သည့်​ ​ပင်​နာ​တူ​ဘို​မီး​တောင်​ ​ပေါက်​ကွဲ​ရာ​ ​လူ​ပေါင်း​ ​၈၀၀​ ​ကျော်​ ​သေ​ဆုံး​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here