​ဆေး​လိပ်​သောက်​ခြင်း​ကြောင့်​ ​ဆယ်​ကျော်​သက်​များ​ ​စိတ်​ကျ​ဝေ​ဒ​နာ​ ဖြစ်​နိုင်​ ခြေ​တိုး

alt

ဆေး​လိပ်​သောက်​ခြင်း​သည်​ ​ဆယ်​ကျော်​သက်​ ​အ​ရွယ်​များ​တွင်​ ​စိတ်​ကျ​ဝေ​ဒ​နာ​ ​ဖြစ်​နိုင်​ခြေ​ ​တိုး​ပွား​လာ​စေ​ကြောင်း​ ​သု​တေ​သီ​များ​က​ ​ပြော​ကြား​ခဲ့​သည်​။​

​က​နေ​ဒါ​နိုင်ငံ​၊​ ​တို​ရန်​တို​တ​က္က​သိုလ်​မှ​ အွန်​တေ​ရီ​ယို​ ​ဆေး​ရွက်​ကြီး​ ​သု​တေ​န​ဌာ​နတွင်​ ​ပြု​လုပ်​သော​ ​သု​တေ​သ​န​လုပ်ငန်း​ ​ရ​လဒ်​များ​က​ ​ယင်း​ကဲ့​သို့​ ​ညွှန်​ပြ​နေ​ခြင်း​ဖြစ်​သည်​။​ ဦး​ဆောင်​သု​တေ​သီ​ ​ဂျင်​နီ​ဖာ​ ​အို​လူ​လင်း​သည်​ ​ဆယ်​ကျော်​သက်​ ​အ​ထက်တန်း​ကျောင်း​သား​ ​၆၆၂​ ဦး​ကို​ ​စိတ်​ပိုင်း​ဆိုင်​ရာ​ ​မေး​ခွန်း​ ​၂၀​ ​စီ​ ​မေး​မြန်း​ပြီး​ ၎င်း​တို့​၏​ ​တုန့်​ပြန်​မှု​ကို​ ​မှတ်တမ်း​တင်​ခဲ့​သည်​။​ ​ရ​လဒ်​များ​အ​ရ​ ​မြီး​ကောင်​ပေါက်​အ​ရွယ်​တွင်​ ​ဆေး​လိပ်​သောက်​သုံး​မှု​သည်​ ​စိတ်​တည်​ငြိမ်​မှု​ကို​ ​သာ​မန်​ထက်​ ​ပျက်​ပြား​မှု​ ​ဖြစ်​စေ​ကြောင်း​ ​ဖော်​ထုတ်​နိုင်​ခဲ့​သည်​ဟု​ ​ဒေါက်​တာ​ ​ဂျင်​နီ​ဖာ​က​ ​ရှင်း​လင်း​ပြော​ဆို​သွား​သည်​။​ ​ယင်း​စစ်​တမ်း​အ​တွက်​ ​စိတ်​တည်​ငြိမ်​မှု​ ​ရ​ရှိ​ရန်​ ​ဆေး​လိပ်​သောက်​သည်​ဟု​ ​ပြော​ဆို​သူ​များ​ရော​၊​ ​ဆေး​လိပ်​သောက်​ခြင်း​ကြောင့်​ ​စိတ်​တည်​ငြိမ်​မှု​ ​မ​ရ​နိုင်​ဟု​ ​ယူ​ဆ​သူ​များ​ပါ​ ​ပါ​ဝင်​လျက်​ရှိ​သည်​။​

မည်​သို့​ပင်​ဖြစ်​စေ​ ​ယေ​ဘု​ယျ​ ​အ​ခြေ​အ​နေ​များ​အ​ရ​ ​လုံး​ဝ​ဆေး​လိပ်​မ​သောက်​ဖူး​သူ​ ​ဆယ်​ကျော်​သက်​များ​ထက်​ ​ဆေး​လိပ်​သောက်တတ်​သူ​များ​က​ ​စိတ်​ပိုင်း​ဆိုင်​ရာ​ ​တည်​ငြိမ်​မှု​ ​အား​နည်း​ပြီး​ ​စိတ်​ကျ​ရော​ဂါ​ ​ဖြစ်​ပေါ်​နိုင်​ခြေ​ ​ပို​များ​ကြောင်း​ ​ဒေါက်တာ​ဂျင်​နီ​ဖာ​က​ ​ပြော​ကြား​သွား​သည်​။​ ​ယင်း​သု​တေ​သ​န​ရ​လဒ်​ ​အ​သေး​စိတ်​ကို​ Addictive​ Behaviors​ ​ဆေး​ပ​ညာ​ဂျာ​နယ်​တွင်​​ ​ဖော်​ပြ​ထား​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here