​သေ​နတ်​သ​မား​ ​ရမ်း​ကား​မှု​ကြောင့်​ ​ဆ​လို​ဗက်​ကီး​ယား​တွင်​ ​လူ​ ​၈​ ဦး​ သေ​ဆုံး

alt

ဆ​လို​ဗက်​ကီး​ယား​ ​နိုင်ငံ​တွင်​ ​လူ​တစ်ဦး​ ​သေ​နတ်​ဖြင့်​ ​ရမ်း​ကား​ပစ်​ခတ်​မှု​ကြောင့်​ ​စု​စု​ပေါင်း​ ​၈​ ဦး​ ​သေ​ဆုံး​သွား​ကြောင်း​ ​သိ​ရ​သည်​။​ ဩ​ဂုတ်​လ​ ​၃၀​ ​ရက်​နေ့​က​ ​မြို့​တော်​ဘ​ရာ​တ​ီ​ဆ​လာ​ဗာ​တွင်​ ​စက်​သေ​နတ်​ ​အ​သေး​တစ်​လက်​နှင့်​ ​ပ​စ္စ​တို​တို့​ ​ကိုင်​ဆောင်​ထား​သူ​ ​တစ်ဦး​သည်​

​ရိုး​မား​ မိ​သား​စု​တစ်​ခု​မှ​ ​လူ​ ​၆​ ဦး​ကို​ ​ပစ်​သတ်​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ထို့​နောက်​တွင်​တော့​ ​အ​ခင်း​ဖြစ်​ရာ​ ​အ​ဆောက်​အ​အုံ​အား​ ​ဝိုင်း​ဝန်း​ပိတ်​ဆို့​ထား​သည့်​ ​ရဲ​များ​ကို​ ​ပစ်​ခတ်​ခဲ့​ရာ​ ​နောက်​ထပ်​ ​၁​ ဦး​ ​သေ​ဆုံး​ပြီး​ ​၁၅​ ဦး​ ​ဒဏ်​ရာ​များ​ ​ရ​ရှိ​ခဲ့​သည်​။​ ယ​ခု​ဖြစ်​ရပ်​မှာ​ ​ရိုး​မား​​​ (ခေါ်)​ ​ဂျစ်​စီတို့​အ​ပေါ်​ ဥ​ရော​ပ​တွင်​ ​လူ​မုန်း​များ​လာ​ခြင်း​အ​ပေါ်​ ​ဖော်​ပြ​လျက်​ရှိ​သည်​။​

ရဲ​တပ်​ဖွဲ့​သည်​ ​အ​ကြမ်း​ဖက်​ ​သေ​နတ်​သ​မား​မှာ​ ​မည်​သူ​မည်​ဝါ​ ​ဖြစ်​သည်​ကို​ ​စုံ​စမ်း​နေ​ဆဲ​ဖြစ်​သည်​။​ ​ ​ပြည်​တွင်း​သ​တင်း​ဝက်​ဆိုက်​ SME​က​ မီး​ခိုး​ရောင်​ ​ဆံ​ပင်​နှင့်​ ​ဂျက်​ကက်​အ​င်္ကျီ​ ​တစ်​ထည်​ကို​ ​ဝတ်​ဆင်​ထား​သည့်​ ​သေ​နတ်​သ​မား​၏​ ​ဓာတ်​ပုံ​ကို​ ​ဖော်​ပြ​ခဲ့​သည်​။​ ယ​ခု​ပစ်​ခတ်​မှု​သည်​ ​ဆ​လို​ဗက်​ကီး​ယား​ ​တစ်​နိုင်ငံ​လုံး​အ​တွက်​ ​ခြောက်​ခြား​တုန်​လှုပ်​စ​ရာ​ ​ဖြစ်​စေ​ခဲ့​သည်​။​ ရိုး​မား​တို့​သည်​ ဥ​ရော​ပ​ ​တ​လွှား​တွင်​ ​အ​ခက်​အ​ခဲ​များ​ ​ကြံု​နေ​ရ​ပြီး​ ​မ​ကြာ​သေး​မီ​က​ ​ပြင်​သစ်​၊​ ​ရို​မေး​နီး​ယား​နှင့်​ ​ဘူ​ဂေး​ရီး​ယား ​နိုင်ငံ​ ​ရဲ​တပ်​ဖွဲ့​များသည်​ ​တ​ရား​မ​ဝင်​ ​ဝင်​ရောက်​နေ​ထိုင်​သူ​ ရိုး​မား​တို့​၏​ ​ရွက်​ဖျင်​တဲ​များ​ကို​ ​ဖျက်​ဆီး​ပစ်​ခဲ့​ကြ​သည်​။​

အီ​တ​လီ​နှင့်​ ​အ​ရှေ့ဥ​ရော​ပ​ ​နိုင်ငံ​အ​ချို့​တွင်​လည်း​ ​အ​လား​တူ​ ​အ​ဓိ​က​ရုဏ်း​များ​ ​ဖြစ်​ခဲ့​ပြီး​ ​ဟန်​ဂေ​ရီ​တွင်​ ​လွန်​ခဲ့​သော​ ​၂​ ​နှစ်​ခွဲ​အ​တွင်း​ ​အ​နည်း​ဆုံး​ ​ရိုး​မား​ ​၇​ ဦး​ ​အ​သတ်​ခံ​ခဲ့​ရ​သည်​။​ ​ကက်​သ​လစ်​ ​ခ​ရစ်​ယာန်​ဘာ​သာ​ကို​ ​အ​ဓိ​က​ ​ကိုး​ကွယ်​သည့်​ ​နိုင်ငံငယ်​လေး​ ​ဆ​လို​ဗက်​ကီး​ယား​တွင်​ ​ရိုး​မား​ ​၃၈၀၀၀​ ​ကျော်​ ​နေ​ထိုင်​ကြောင်း​လည်း​ ​သိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here