​Twilight​ ​စ​တား​နှင့်​ ​အ​မျိုး​သ​မီး​ချင်း​ ​နမ်း​သ​ည့်​ ဇာတ်​ဝင်​ခန်း​ အ​တွက်​ ​မ​ထူး​ခြား​ပါ​ဟု​ ​ဒါ​ကို​တာ​ဖန်း​နင်း​ဆို

alt

ခ​ရစ်​စ​တီ​ယန်​ ​စ​တီး​ဝပ်​နှင့်​ ​အ​မျိုး​သ​မီး​ချင်း​ ​နမ်း​သည့်​အ​ခန်း​ ​ရိုက်​ခဲ့​ရ​သည့်​အ​တွက်​ ​စိတ်​ထဲ​တွင်​ ​ထူး​ထူး​ခြား​ခြား​ ​မ​ရှိ​ဘဲ​ ​သက်​သောင့်​သက်​သာ​ပင်​ဖြစ်​ကြောင်း​ ​ဒါ​ကို​တာ​ဖန်း​နင်း​က​ ​ပြော​ကြား​လိုက်​သည်​။

​ ​အ​သက်​ ​၁၆​ ​နှစ်​အ​ရွယ်​ ​လူငယ်​မင်း​သ​မီး​လေး​သည်​ Twilight​ ​စ​တား​ ​စ​တီး​ဝပ်​နှင့်​ The​ Runaways​ ​ဇာတ်​ကား​တွင်​ ​သ​ရုပ်​ဆောင်​ပြီး​ ​အ​မျိုး​သ​မီး​ချင်း​ ​နမ်း​သည့်​အ​ခန်း​ကို​ ​ရိုက်​ကူး​ခဲ့​သည်​။​ ​မိန်း​က​လေး​ချင်း​ ​နမ်း​သည့်​အ​ခန်း​ကို​ ​ပ​ထ​မ​ဆုံး​ ​ရိုက်​ဖူး​ချင်း​ ​ဖြစ်​သော်​လည်း​ ​အ​ဆင်​ပြေ​ခဲ့​သည်​ဟု​ ​ဖန်း​နင်း​က​ဆို​သည်​။​ ​ဖန်း​နင်း​သည်​ ​သူ​မ​အ​သက်​ ​၇​ ​နှစ်​အ​ရွယ်​က​ I​ Am​ Sam​ ​ဇာတ်​ကား​တွင်​ ​ပါ​ဝင်​သ​ရုပ်​ဆောင်​ပြီး​ ​ဟော​လီး​ဝုဒ်​တွင်​ ​နာ​မည်​ရ​လာ​ခြင်း​ဖြစ်​သည်​။​

​သူ​မ​က​ ​လက်​ရှိ​အ​ချိန်​တွင်​ ငယ်​ရွယ်​သေး​သည်​ဟု​ ​ဆို​နိုင်​သော်​လည်း​ ​အ​ရွယ်​ရောက်​ပြီ​ဟု​ ​မိ​မိ​ကိုယ်​ကိုယ်​ ​ယုံ​ကြည်​ကြောင်း​၊​ ​မ​တူ​ညီ​ ​ကွဲ​ပြား​သော​ ​ဇာတ်​ရုပ်​များ​တွင်​ ​ပြောင်း​လဲ​သ​ရုပ်​ဆောင်​သွား​လို​ကြောင်း​ ​ဖွင့်​ဟ​ခဲ့​သည်​။​ ထို့​အ​ပြင်​ ​ဖန်း​နင်း​က​ ​သူ​မ​၏​ ​မိ​ခင်​သည်​ The​ Runaways​ ​ဇာတ်​ကား​ ​ရိုက်​ကွင်း​တွင်​ ​တစ်​ချိန်​လုံး​ ​ရှိ​နေ​ပြီး​ ​သူ​မ​အ​တွက်​ ​အ​ကြံဉာဏ်​များ​ ​ပေး​ခဲ့​ကြောင်း​လည်း​ ​ဖန်း​နင်း​က​ဆို​သည်​။​

​သူ​မ​နှင့်​ ​စ​တီး​ဝပ်​တို့​သည်​ ​ထို​ဇာတ်​ကား​တွင်​ ငယ်​ရွယ်​သော​ ​အ​မျိုး​သ​မီး​ Rock​​ ဂီ​တ​သ​မား​လေး​များ​အ​ဖြစ်​ ​ပါဝင်​ထား​ခြင်း​ဟု​ ​သ​တင်း​များ​က​ ​ဖော်​ပြ​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here