​အ​သက်​ ​၁၃​ ​နှစ်​အ​ရွယ်​ ​မော်​တော်​ ဆိုင်​ကယ်​သ​မား​ ​ပြိုင်​ပွဲ​ တစ်​ခု​အ​တွင်း​ ​မ​တော်​တ​ဆ​မှု​ကြောင့်​ သေ​ဆုံး

alt

အ​သက်​ ​၁၃​ ​နှစ်​သာ​ ​ရှိ​သေး​သည့်​ ​ပြိုင်​ပွဲ​ဝင်​ ​မော်​တော်​ဆိုင်​ကယ်​သ​မား​လေး​ ​တစ်င်္ဦး​သည်​ ​အင်​ဒီ​ယာ​နာ​ပို​လစ်​ ​မော်​တော်​ဆိုင်​ကယ်​ကွင်း​အ​တွင်း​ ​ယှဥ်​ပြိုင်​ခဲ့​ရာ​မှ​ မ​တော်​တ​ဆ​မှု​ကြောင့်​ ​သေ​ဆုံး​သွား​ကြောင်း​ ​သိ​ရ​သည်​။​

​လူငယ်​ပြိုင်​ပွဲ​ ​တစ်​ခု​အ​ဖြစ်​ ဩ​ဂုတ်​လ​ ​၂၉​ ​ရက်​နေ့​က​ ​ယှဥ်​ပြိုင်​ရာ​ ​ပီ​တာ​လန့်ဇ်​ ​မောင်း​နှင်​သော​ ​ဆိုင်​ကယ်​အား​ ​၁၂​ ​နှစ်​သား​ ​ပြိုင်​ပွဲ​ဝင်​ ​တစ်ဦး​၏​ ​ဆိုင်​ကယ်​က​ ​ဝင်​တိုက်​မိ​ပြီး​နောက်​ ​ပီ​တာ​မှာ​ ​လွင့်​ထွက်​သွား​ခဲ့​သည်​။​ ​ဆေး​ဝန်​ထမ်း​များ​သည်​ ​ချက်​ချင်း​ပင်​ ​ရောက်​ရှိ​သွား​ပြီး​ ​ပီ​တာ​၏​ ​ထိ​ခိုက်​မိ​သော​ ​လည်​ပင်း​ကို​ ​အ​ထိန်း​ကိ​ရိ​ယာ​ဖြင့်​ ​စွပ်​ပေး​ပြီး​ ​နီးစပ်​ရာ​ ​ဆေး​ရုံ​သို့​ ​ပို့​ပေး​ခဲ့​သော်​လည်း​ နာ​ရီ​အနည်းငယ်​ ​အ​ကြာ​တွင်​ ​ကွယ်​လွန်​သွား​ရှာ​သည်​။​ ​ပီ​တာ​၏​ Facebook​ ​စာ​မျက်​နှာ​တွင်​ ​ဖ​ခင်​ဖြစ်​သူ​က​ ​ပီ​တာ​သည်​ ​ပြိုင်​ပွဲ​တွင်​ ​အ​ခြား​သူ​တစ်ဦး​နှင့်​ ​မ​တော်​တ​ဆ​ ​ထိ​ခိုက်​မှု​ကြောင့်​ ​ကွယ်​လွန်​ကြောင်း​ ​ရေး​သား​ဖော်​ပြ​ခဲ့​သည်​။​ ၎င်း​က​ ​သား​ဖြစ်​သူ​သည်​ ​ယင်း​အ​နှစ်​သက်​ဆုံး​ ​အ​လုပ်​ကို​ ​ဆောင်​ရွက်​နေ​ရင်း​ ​သေ​ဆုံး​သွား​သ​ဖြင့်​ ​ဖြေ​သိမ့်​စ​ရာ​ ​ဖြစ်​မိ​ကြောင်း​လည်း​ ​ရေး​သား​ထား​သည်​။​ ​

ပီ​တာ​သည်​ ​နံ​ပါတ်​ ​၄၅​ ​ဆို​င်​ကယ်​ဖြင့်​ ​ယှဥ်​ပြိုင်​ခဲ့​ခြင်း​ဖြစ်​ပြီး​ ​ဖ​ခင်​မှာ​လည်း​ ​ပြိုင်​ကွင်း​တွင်​ ​ရှိ​နေ​ခဲ့​သည်​။​ ​အ​ရှည်​ ​၂.​၆၂၁​ ​မိုင်​ရှိ​သော​ ​ပြိုင်​ကွင်း​သည်​ ​က​မ္ဘာ့​အ​ကောင်း​ဆုံး​ ​ဆိုင်​ကယ်​သ​မား​များ​ ​လေ့​ကျင့်​ရာ​ ​နေ​ရာ​တစ်​ခု​အ​ဖြစ်​လည်း​ ​သတ်​မှတ်​ခံ​ထား​ရ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here