ပုပ်ရ​ဟန်း​မင်း​ကြီး​အား​​ ​သီ​ချင်း​ သီ​ဆို​​ ​ဂုဏ်​ပြု​​ခွင့်​​ ​ရ​ခဲ့သ​ဖြင့်​ ဆူ​ဇန်​ဘွိုင်း​​ ကျေ​နပ်​​​ ​

alt

စ​ကော့​တ​လန်​သို့​​ ​ပုပ်​ရ​ဟန်း​မင်း​ ​လာ​ရောက်​ချိန်​တွင်​​ ​သီ​ချင်း​သီ​ဆို​ကာ​ ​ဂုဏ်​ပြု​ကြို​ဆို​ခွင့်​​ ​ရ​ခဲ့​ခြင်း​အ​ပေါ်​ ​အ​လွန်​ကျေ​နပ်​​ ​ဂုဏ်​ယူ​ကြောင်း​ ​ဆူ​ဇန်​ဘွိုင်း​က​​ ​ပြော​ကြား​ခဲ့​သည်​။

​ Britain’s​ Got​ Talent​ ​အ​စီ​အ​စဥ်​မှ​​ ​ပေါ်​ထွက်​လာ​သည့်​ ​စ​ကော့​သူ​​ ​ဘွိုင်း​သည်​ ​ဂ​လက်​စ​ကို​မြို့​၊​​ ​ဘယ်​လာ​ဟူ​စ​တန်​ ​ပန်း​ခြံ​တွင်​​ ​ရို​မန်​ကက်​သ​လစ်​ ​ဘာ​သာ​ရေး​​ ​အ​ထွတ်​အ​မြတ်​ ​ခေါင်း​ဆောင်​ကြီး​​ ​ကြွ​ချီ​မှု​ အ​ထိမ်း​အ​မှတ်​အ​ဖြစ်​ ​စ​ကော့​ရိုး​ရာ​ ​သီ​ချင်း​တစ်​ပုဒ်​ဖြစ်​သော​ How​ Great​ Thou​ Art​​ ကို​ ​သီ​ဆို​မည်​ဖြစ်​သည်​။​ I​ Dreamed​ A​ Dream​​ စ​တား​ ​အ​ဆို​တော်​က​ ​၁၉၈၂​ ​ခု​နှစ်​က​ ​ပုပ်​ဂျွန်​ပေါ​ ၂​ ​နောက်​ပိုင်း​ ​ပ​ထ​မ​ဆုံး​အ​ကြိမ်​အ​ဖြစ်​ ​ပုပ်​ရ​ဟန်း​မင်း​ကြီး​ ​တစ်​ပါး​အ​နေ​နှင့်​ ​ပုပ်​ဘင်​နီဒစ်​ ​၁၆​ ​ကြွ​ရောက်​လာ​မှု​အ​ပေါ်​ ​ကြို​ဆို​ခွင့်​ ​ရ​ခြင်း​အ​တွက်​ ​အ​လွန်​ဝမ်း​မြောက်​ကြောင်း​လည်း​ ​စ​ကော့​တ​လန်​ Daily​ Record​ ​သ​တင်း​စာ​သို့​ ​ပြော​ကြား​ခဲ့​သည်​။​

​ပုပ်​ရ​ဟန်း​မင်း​ကြီး​သည်​ ​စ​ကော့​တ​လန်​သို့​ ​စက်​တင်​ဘာ​ ​၁၆​ ​ရက်​နေ့​တွင်​ ​လာ​ရောက်​မည်​ဟု​ ​သိ​ရ​သည်​။​ ၎င်း​သည်​ ဗြိ​တိန်​မြေ​တွင်​ ​၄​ ​ရက်​တိုင်​တိုင်​ ​နေ​ထိုင်​မည်​ဟု​လည်း​ ​သ​တင်း​များ​က​ ​ဖော်​ပြ​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here