​နိုင်ငံ​​ အ​တွင်း​ ​ဆေး​လိပ်​သောက်​မှု​ ​မြင့်​တက်​​ လာ​ခြင်း​​ အ​ပေါ်​​တ​ရုတ်​​ ဆ​ရာဝန်​များ​ ​သ​တိ​ပေး

alt

တရုတ်​ နိုင်ငံမှ ဆရာဝန်များက နိုင်ငံ​ အတွင်း ဆေးလိပ်​ သောက်မှု မြင့်တက်​ လာခြင်းက လာမည့် ၂၀၂၅ ခုနှစ်​ အရောက်တွင် နှစ်စဥ်​ တရုတ်လူဦးရေ ၂ သန်းသည် ဆေးလိပ်ကြောင့်

ဖြစ်ပေါ်သော ရောဂါများဖြင့် သေကြေသည်​ အထိ ဖြစ်လာမည်ဟု သတိပေး ပြောကြား​ လိုက်သည်။

တရုတ်​ နိုင်ငံရှိ အမျိုးသားများ၏ ၅၃ ရာခိုင်နှုန်းသည် ဆေးလိပ်​ သောက်နေကြပြီး ယခု​ လက်ရှိ အနေအထားအရ နှစ်စဥ် တရုတ်​ နိုင်ငံသား ၁ သန်းစီသည် ဆေးရွက်ကြီးနှင့် ဆေးလိပ်ကြောင့် ဖြစ်ပွားသော ရောဂါများဖြင့် အသက်​ ဆုံးရှုံးလျက်ရှိသည်။ လက်ရှိ​ နှုန်းအတိုင်း ဆေးလိပ်​ သောက်သုံးမှု မြင့်မားနေပါက နောက်ထပ် ၁၅ နှစ်​ အတွင်း သေနှုန်း​ နှစ်ဆ တက်လာ​ လိမ့်မည်ဟု ဟောင်ကောင်မှ ဆေးလိပ်​ သောက်မှု ဟန့်တား​ ထိန်းချုပ်ရေး ပညာရှင် ဂျူဒစ်မက်ကေးက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဆယ်စု​ နှစ်အတွင်း တရုတ်​ နိုင်ငံတွင် ဆေးလိပ်​ သောက်သုံးသူ ၃ ရာခိုင်နှုန်းမျှ လျော့ကျ​ သွားကြောင်း၊ သို့သော်လည်း ထိုကာလ​ အတွင်း အခြားနိုင်ငံများတွင် ပျမ်းမျှ ၁၅ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း တရုတ်​ ရောဂါ​ ရှာဖွေထိန်းချုပ် ကုသရေး​ ဌာနမှ ဒုတိယ​ ဒါရိုက်တာ ယန်ဂွန်ဟောင်းက ပြောကြားခဲ့သည်။ ၎င်းက နိုင်ငံအတွင်း အမျိုးသမီး အရေအတွက်၏ ၃ ရာခိုင်နှုန်းသည်လည်း ဆေးလိပ်ကို စွဲစွဲမြဲမြဲ သောက်သုံးနေခြင်းက စိုးရိမ်စရာ အနေအထားဖြစ်ကြောင်း သုံးသပ်ပြောဆိုခဲ့သည်။

တရုတ်​ လူမျိုးများသည် ဆေးလိပ်​ သောက်သုံးခြင်း အလေ့အထကြောင့် ကျန်းမာရေး​ အတွက် ခြိမ်းခြောက်မှု ကြီးကြီး​ မားမား ကြံုနေသည်ကို မျက်ကွယ်ပြုနေကြောင်းလည်း ယန်က သတိပေးခဲ့သည်။ ၎င်းက တရုတ်သည် ကမ္ဘာပေါ်တွင် ဆေးလိပ်သောက်မှု အမြင့်မားဆုံး နိုင်ငံ​ သုံးခုတွင် အပါအဝင်​ ဖြစ်ပြီး ကျန်​ နိုင်ငံများမှာ ရုရှားနှင့် အာဖဂန်နစ္စတန်တို့ ဖြစ်ကြောင်းလည်း ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here