​ရွေး​ကောက်​ပွဲ​တွင်​​ ​အ​ရေး​နိမ့်​သည့်​​ ​ဟောင်​ကောင်​​ နိုင်ငံ​ရေး​​ သ​မား​​ ​အ​ဆုံး​​ စီ​ရင်​သွား

alt

ခ​ရိုင်​ကောင်​စီ​အ​ဆင့်​​ ​ရွေး​ကောက်​ပွဲ​တွင်​​ ​နှစ်​ကြိမ်​တိုင်​တိုင်​​ ​အ​ရေး​နိမ့်​ခဲ့​ပြီး​နောက်​​ ​အ​မတ်​နေ​ရာ​ ​အ​ရွေး​ခံ​ရေး​​ ​ဝင်​ရောက်​ယှဥ်​ပြိုင်​သည့်​​ ​​ဟောင်​ကောင်​သား​တစ်ဦး​​ ​မိ​မိ​ကိုယ်​ကိုယ်​ ​အ​ဆုံး​စီ​ရင်​သွား​ကြောင်း​​ ​သိ​ရ​သည်​။​

​အ​သက်​​ ​၄၇​ ​နှစ်​အ​ရွယ်​ ​ဖူ​ယူ​ဝါ​သည်​​ ​ခ​ရိုင်​ရုံး​ရှေ့​တွင်​ပင်​​ ​မိ​မိ​ကိုယ်​ကိုယ်​ ​မီး​ရှို့​ကာ​​ ​သတ်​သေ​ခဲ့​ခြင်း​ဖြစ်​သည်​။​ ဩ​ဂုတ်​လ​ ​၂၈​ ​ရက်​နေ့​​ ​နံ​နက်​ပိုင်း​က​ ​လူ​တစ်ဦး​​ ​မီး​လောင်​နေ​သည်​ကို​​ ​ဖြတ်​သွား​ဖြတ်​လာ​ ​တစ်ဦး​က​​ ​တွေ့​ရှိ​ခဲ့​သော်​လည်း​​ ​မီး​သတ်​ရန်​ ​ပ​စ္စည်း​တ​စုံ​တ​ရာ​​ ​ရှာ​မ​တွေ့​သော​ကြောင့်​​ ​မည်​သို့​မျှ​ ​အ​ကူ​အ​ညီ​ မ​ပေး​နိုင်​ခဲ့​ဟု​ ​သိ​ရ​သည်​။​​ ​ရဲ​များ​ရောက်​ရှိ​လာ​ချိန်​တွင်​​ ​ဖူ​၏​ ​သေ​တမ်း​စာ​ကို​​ ​ထို​နေ​ရာ​အ​နီး​ ​ရှာ​တွေ့​ခဲ့​သည်​။​​ ​ဖူ​ကိုယ်​တိုင်​ ​ရေး​သား​ထား​သော​စာ​တွင်​​ ​ခ​ရိုင်​ကောင်​စီ​မှူး​​ ​ဆွမ်​ဝမ်​၊​ ​ပြည်​ထဲ​ရေး​ဌာ​န​​ ​အ​ရာ​ရှိ​တစ်ဦး​၊​ ​အ​စား​အ​သောက်​နှင့်​​ ​ပတ်​ဝန်း​ကျင်​ ​သန့်​ရှင်း​ရေး​ဌာ​န​မှ​​ ​အ​ရာ​ရှိ​တစ်ဦး​တို့​အား​​ ​လိမ်​လည်​လာဘ်​စား​ကြောင်း​​ ​စွပ်​စွဲ​ထား​သည်​။​

​ဖူ​သည်​​ ​ဆွမ်​ဝမ်​ကို​ ​၁၉၉၉​​ ​နှင့်​ ​၂၀၀၃​ ​ခု​နှစ်​တို့​က​​ ​နှစ်​ကြိမ်​တိုင်​ ​အ​ရေး​နိမ့်​ခဲ့​ဖူး​ကြောင်း​ ​သိ​ရှိ​ရ​သည်​။​ ​အ​ဆို​ပါ​ကိ​စ္စ​ကို​ ​မိ​မိ​ကိုယ်​ကိုယ်​ ​သတ်​သေ​မှု​အ​ဖြစ်​ ​ရဲ​တပ်​ဖွဲ့​က​ ​အ​တည်​ပြု​ထား​ပြီး​ ​စုံ​စမ်း​မှု​များ​ ​ပြု​လုပ်​နေ​ဆဲ​ဖြစ်​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here