AMD​ ​ပိုင်​ ATI​ ​အ​မှတ်​တံ​ဆိပ်​အား​ ​အ​နား​ပေး ​တော့​မည်

alt

ကွန်​ပျူ​တာ​ Chip​ ​များ​ကို​ ​ထုတ်​လုပ်​နေ​သည့်​ AMD​​ နည်း​ပ​ညာ​ ​ကု​မ္ပ​ဏီ​က​ ​ကွန်​ပျူ​တာ​ Graphic​​ လော​က​တွင်​ ​အောင်​မြင်​မှု​ ​ရ​ရှိ​နေ​သည့်​ ၎င်း​တို့​ပိုင်​ ATI​ ​အ​မှတ်​တံ​ဆိပ်​အား​ ​အ​နား​ပေး​တော့​မည်​ဟု​ ​အ​တည်​ပြု​ခဲ့​သည်​။

​ Graphic​​ ဆိုင်​ရာ​ Hardware​​ လော​က​တွင်​ Nvidia​ နှင့်​အ​ပြိုင်​ ​အောင်​မြင်​နေ​သည့်​ ATI​ အ​စား​ ​မိ​မိ​တို့​၏​ ​အ​မည်​ရင်း​ AMD ​ဖြင့်​ပင်​ ​ဆက်​လက်​ယှဥ်​ပြိုင်​သွားနိုင်​မည်​ဟု​ AMD​ ​က​ ​ယုံ​ကြည်​နေ​သည်​။​ ​ထို့​ကြောင့်​လည်း​ ​၂၅​ ​နှစ်​တိုင်​တိုင်​ ​နာ​မည်​ကောင်း​ ​ရ​ရှိ​ခဲ့​သော​ ATI​​ အ​မှတ်​တံ​ဆိပ်​သည်​ ​ပျောက်​ကွယ်​သွား​တော့​မည်​ဟု​ ​သိ​ရ​သည်​။​

​၁၉၈၅​ ​ခု​နှစ်​က​ ​စ​တင်​တည်​ထောင်​သော​ ATI​ကို​ ၂၀၀၇​ ​ခု​နှစ်​တွင်​ AMD​က​ ​ဝယ်​ယူ​ခဲ့​ခြင်း​ဖြစ်​သည်​။​ AMD​ သည်​ ​မျိုး​ဆက်​သစ်​ Processor​​ အ​ဖြစ်​ Fusion​​ ဟု​ ​အ​မည်​ပေး​ထား​သော​ Serie​​ ကို​ ​ထုတ်​ဝေ​မည်​ဖြစ်​ပြီး​ ​ယင်း​တွင်​ Graphic​ ​ရော​၊​ CPU​ ​ပါ​ ​တ​ပေါင်း​တ​စည်း​တည်း​ ​ပါဝင်​မည်​ဟု​ ​သိ​ရ​သည်​။​ AMD​​ သည်​ ​ယ​ခင်​က​တည်း​က​ ATI​​ အ​မှတ်​တံ​ဆိပ်​ကို​ ​အ​မည်​ပြောင်း​ရန်​ ​စီ​စဥ်​ခဲ့​သော်​လည်း​ Graphic​​ နည်း​ပ​ညာ​ ​လော​က​တွင်​ ​နာ​မည်​ရ​နေပြီး​ Nvidia​နှင့်​ ​အ​ကြိတ်​အနယ်​ ​ေ​ဈး​ကွက်​လု​နေ​ရ​သည့်​ ​အ​နေ​အ​ထား​ကြောင့်​ ​ဆိုင်းငံ့​ထား​ခြင်း​ဖြစ်​သည်​။​

Apple​​ ကု​မ္ပ​ဏီ​သည်​ ၎င်း​၏​ ​ကွန်​ပျူ​တာ​ iMac​​ တွင်​ ATI​ကို​ Graphic​ ​အ​ဖြစ်​ ​ထည့်​သွင်း​ထား​ပြီး​ Apple​ ​ဝက်​ဆိုက်​တွင်​ပါ​ ATI​ အ​မှတ်​တံ​ဆိပ်​ကို​ ​ဖော်​ပြ​ထား​သော်​လည်း​ ​နောက်​ပိုင်း​တွင်​ AMD​​ ကို​ ​အ​စား​ထိုး​ ​ဖော်​ပြ​သွား​မည်​ဟု​လည်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here