​န​ယူး​ဇီ​လန်​တွင်​​ ​ကမ်း​တင်​သည့်​​ ​ဝေ​လငါး​များ​ သေ​ဆုံး

alt

နယူးဇီလန်တွင် လာရောက်​ ကမ်းတင်သည့် လမ်းပြ​ ဝေလငါး ၄၉ ကောင်တို့အား ကယ်တင်ရန် ကြိုးစား​ ခဲ့သော်လည်း သေဆုံး​ သွားကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းပါတ်ကုန်က ကမ်းပေါ်​ ရောက်ရှိ​ နေသည့် ဝေလငါးများသည် အနည်းဆုံး ၁၂ နာရီမျှ သောင်တင်​ နေသည်ဟု ယူဆရသည်။ ဩဂုတ်လ ၂၀ ရက်နေ့က သောင်တင်​ နေသော ဝေလ​ ငါးများအား ပင်လယ်ထဲ ပြန်ချ​ ပေးရန် ကြိုးစားခဲ့သော်လည်း ၉ ကောင်သာ အသက်ရှင်ခဲ့သည်။

ကယ်ဆယ်ရေးများက ဩဂုတ် ၂၁ ရက်နေ့ ကယ်ဆယ်ရေး လုပ်ငန်းများ မစတင်မီ အကောင်​ အတော်များများ သေကြေ​ နေခဲ့ပြီး​ ဖြစ်ကြောင်း သိရသည်။

နယူးဇီလန်မှ စေတနာ့ဝန်ထမ်း ၂၀၀ ကျော်တို့သည် ဝေလငါးများ ရေထဲ​ ပြန်ရောက်ရေးအတွက် အင်တိုက်​ အားတိုက် ကြိုးပမ်းခဲ့သော်လည်း တစ်ကောင်လျင် ကီလိုဂရမ် ၁၅၀၀ ကျော် လေးလံနေသည့် သတ္တဝါများအား နေရာရွှေ့ပေးရာတွင် အခက်အခဲ ကြံုခဲ့ရသည်။ ဩဂုတ်လ ၂၂ ရက်နေ့တွင် ကယ်ဆယ်ရေး လုပ်ငန်းများ အပြီးသတ်ခဲ့ပြီး သေဆုံး​ သွားရှာသည့် ရေနေ​ နို့တိုက်​ သတ္တဝါကြီး ၄၉ ကောင်တို့အား နယူးဇီလန်​ မြောက်ပိုင်း ကမ်းခြေတွင် မြှုပ်နှံ​ သဂြင်္ိုဟ်ပေးခဲ့သည်။

၂၀၀၇ ခုနှစ်ကလည်း လမ်းပြဝေလငါး ၁၀၁ ကောင်တို့သည် အဆိုပါကမ်းခြေတွင် သောင်တင်ခဲ့ဖူးသေးသည်။ ၁၈၄၀ ကတည်းက မှတ်တမ်းတင်ခဲ့ခြင်းအရ နယူးဇီလန်နိုင်ငံ ပတ်ဝန်းကျင် ရေပြင်တွင် လင်းပိုင်နှင့် ဝေလငါးကောင်ရေ စုစုပေါင်း ၅၀၀၀ ကျော်ထိ နေထိုင်ကျက်စားနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here