က​လေး​ကို​​ ​တစ်​လ​ထက်​ပို​၍​​ ​နို့​ချို​​ တိုက်​ကျွေး​သည့်​​ ​အ​မျိုး​သ​မီး​များ​​ ​ဆီး​ချို​​ ဖြစ်​နိုင်​ခြေ​​ လျော့​နည်း​​ သွား​နိုင်

alt

မိ​မိ​၏​ ​က​လေး​ကို​​ ​တစ်​လ​ထက်​ပို၍​ ​နို့​ချို​တိုက်​ကျွေး​ခဲ့​သော​​ ​အ​မျိုး​သ​မီး​များ​သည်​​ ​အ​သက်​အ​ရွယ်​ ​ကြီး​ရင့်​လာ​ချိန်​တွင်​​ ​ဆီး​ချို​ဖြစ်​နိုင်​ခြေ​​ ​လျော့​နည်း​သွား​ကြောင်း​​ ​သု​တေ​သီများ​က​ ​ပြော​ကြား​ခဲ့​သည်​။​​

​ပစ်​စ​ဘတ်​တ​က္က​သိုလ်​​ ​ဆေး​ပ​ညာ​ဌာ​န​မှ​ ​ဒေါက်​တာ​ဘီ​မ​လာ​ရှာ​ဝက်​က​​ ​နို့​တိုက်​ခဲ့​သော​ ​သား​သည်​အ​မေ​များ​နှင့်​​ ​နှိုင်း​ယှဥ်​ပါ​က​ ​လုံး​ဝ​နို့​မ​တိုက်​ဖူး​သော​​ ​အ​မျိုး​သ​မီး​များ​သည်​​ ​အ​သက်​ကြီး​လာ​ချိန်​တွင်​​ ​ဆီး​ချို​ရော​ဂါ​ ​ရ​ရှိ​နိုင်​ခြေ​​ ​နှစ်​ဆ​မျှ​ ​မြင့်​တက်​လာ​ကြောင်း​​ ​ရှင်း​ပြ​ခဲ့သည်​။​ ​အ​မေ​ရိ​ကန်​​ ​ဆေး​ပ​ညာ​ဂျာ​နယ်​တွင်​​ ​ဘီ​မ​လာ​နှင့်​ ​လုပ်​ဖော်​ကိုင်​ဖက်​​ ​သု​တေ​သီ​များ​၏​ ​တွေ့​ရှိ​မှု​ကို​​ ​ဖော်​ပြ​ထား​ခဲ့​သည်​။​

​ယ​ခု​သု​တေ​သ​န​ ​စစ်​တမ်း​ကို​ ​အ​မျိုး​သား​ ​အ​စာ​လမ်း​ကြောင်း​၊​ ​ကျောက်​ကပ်​ရော​ဂါ​နှင့်​ ​ဆီး​ချို​ဆိုင်​ရာ​ ​လေ့​လာ​ရေး​နှင့်​ ​ပ​ညာ​ရေး​ဌာ​န​၊​ ​က​လေး​ကျန်း​မာ​ရေး​ ​စောင့်​ရှောက်​မှု​ဌာ​န​မှ​ ​သု​တေ​သီ​များ​က​ပါ​ ​ပူး​ပေါင်း​ပါ​ဝင်​ ​ပြု​စု​ခဲ့​သည်​။​ ​ဘီ​မ​လာ​တို့​အ​ဖွဲ့​သည်​ ​အ​သက်​ ​၄၀​ ​မှ​ ​၇၈​ ​နှစ်​ကြား​ ​အ​မျိုး​သ​မီး​ပေါင်း​ ​၂၂၃၃​ ဦး​၏​ ​ဆီး​ချို​ရော​ဂါ​ဆိုင်​ရာ​ ​အ​ချက်​အ​လက်​များ​နှင့်​ ​နေ​ထိုင်​မှု​ပုံ​စံ​ကို​ ​စ​နစ်​တ​ကျ​ ​နှိုင်း​ယှဥ်​သု​တေ​သ​န​ ​ပြု​ခဲ့​သည်​။​ ​ယင်း​တို့​အ​နက်​ ​၄၀၅​ ဦး​သည်​ ​က​လေး​အ​မေ​များ​ ​မ​ဟုတ်​ဘဲ​ ​၁၁၂၅​ ဦး​မှာ​မူ​ ​က​လေး​ကို​ ​တစ်​လ​ကျော်​ထိ​ ​နို့​တိုက်​ဖူး​ပြီး​ ​ကျန်​ ​၇၀၃​ ဦး​မှာ​မူ​ ​လုံး​ဝ​နို့​မ​တိုက်​သည့်​ ​က​လေး​အ​မေ​များ​ ​ဖြစ်​ကြ​သည်​။​

​လေ့​လာ​မှု​များ​အ​ရ​ ​နို့​မ​တိုက်​ဖူး​သော​ ​က​လေး​အ​မေ​နှင့်​ ​က​လေး​အ​မေ​ ​မ​ဟုတ်​သူ​များ​သည်​ ​အ​သက်​အ​ရွယ်​ ​ကြီး​ရင့်​လာ​ချိန်​တွင်​ ​တစ်​လ​ထက်​မ​နည်း​ ​နို့​တိုက်​ခဲ့​သော​ ​မိ​ခင်​များ​ထက်​ ​ဆီး​ချို​ရော​ဂါ​ ​ရ​ရှိ​နိုင်​ခြေ​ ​ပျမ်း​မျှ​အား​ဖြင့်​ ​၁.​၄​ ​ဆ​မျှ​ ​ပို​များ​နေ​တတ်​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here