​ပြင်​သစ်​နိုင်ငံ​သား​ Spiderman​ ​ဩ​စ​တြေး​လျ​တွင်​ အ​စွမ်း​​ ပြ​သ​ဖြင့်​ ​အ​ဖမ်း​ခံ​ရ​ပြန်

alt

ပြင်​သစ်​နိုင်ငံ​သား​ Spiderman​ ​တစ်​ယောက်​ ဩ​စ​တြေး​လျ​တွင်​​ ​အ​ဖမ်း​ခံ​လိုက်​ရ​ပြန်​ပြီ​ဖြစ်​သည်​။​​ ​က​မ္ဘာ​အ​ရပ်​ရပ်​ရှိ​​ ​မြင့်​မား​လှ​သော​ ​မိုး​ပျံ​တိုက်​ကြီး​များ​ကို​​ ​ပ​စ္စည်း​ကိ​ရိ​ယာ​ ​အ​ကူ​အ​ညီ​မ​ပါ​ဘဲ​​ ​တက်​ရောက်​လေ့​ရှိ​သ​ဖြင့်​

Spideman​ ​ဟု​ ​တင်​စား​ခံ​ရ​ပြီး​​ ​မ​ကြာ​ခ​ဏ​လည်း​ ​အ​ဖမ်း​ခံ​ရ​သူ​​ ​အ​လိန်း​ရော​ဘတ်​သည်​​ ​ဆစ်​ဒ​နီ​ရှိ​ ​၄၉၂​​ ​ပေ​မြင့်​သည့်​ ​မိုး​ပျံ​တိုက်​​ ​တစ်​ခုအား​ ​တက်​ခဲ့​ခြင်း​ဖြစ်​သည်​။​ ၎င်း​သည်​ ​၅၇​ ​ထပ်​မြင့်​သော​တိုက်​ကို​​ ​အောင်​မြင်​စွာ​ ​တက်​နိုင်​ပြီး​နောက်​​ ​ခေါင်​မိုး​ပေါ်​တွင်​​ ​အ​သင့်​စောင့်​နေ​သည့်​​ ​ရဲ​တပ်​ဖွဲ့​က​ ​ရော​ဘတ်​ကို​​ ​ထိန်း​သိမ်း​လိုက်​သည်​။​​

​ရော​ဘတ်​သည်​ ​ဆစ်​ဒ​နီ​မြို့​လယ်​ခေါင်​ရှိ​​ ​လူ​မီ​နီ​ ​မိုး​ပျံ​တိုက်​အား​တက်​ရန်​​ ​အ​ချိန်​ ​၂၅​ ​မိ​နစ်​သာ​​ ​ယူ​ခဲ့​သည်​။​ ​အ​သက်​​ ​၄၈​ ​နှစ်​အ​ရွယ်​ ​လူ​စွန့်စား​သည်​ ဩ​ဂုတ်​လ​ ​၂၇​ ​ရက်​နေ့​​ ​တစ်​ပါး​သူ​အား​ ​ထိ​ခိုက်​စေ​နိုင်​သော​​ ​အ​ပြု​အ​မူ​မျိုး​အ​တွ​က​​ ​အ​ဖမ်း​ခံ​ရ​သော်​လည်း​ ​အာ​မ​ခံ​ဖြင့်​ ​ပြန်​လွှတ်​ပေး​လိုက်​ကြောင်း​ ​ရဲ​ဌာ​န​က​ ​အ​တည်​ပြု​ခဲ့​သည်​။​ ​ရော​ဘတ်​သည်​ ​က​မ္ဘာ့​အ​မြင့်​ဆုံး​ဆို​သော​ ​အ​ဆောက်​အ​အုံ​များ​ကို​ ​တက်​ခဲ့​ဖူး​ပြီး​​ ​ပဲ​ရစ်​မြို့​မှ​ ​အီ​ဖယ်​မျှော်​စင်​နှင့်​ ​လူ​ဆာ​​မော်​ကွန်း​ကျောက်​တိုင်​တို့​ကို​လည်း​ ​တက်​ပြ​ဖူး​သည်​။

​ ​၁၉၈၀​ ​ပြည့်​နှစ်​များ​အ​တွင်း​ ​ရော​ဘတ်​သည်​ ​၁၅​ ​မီ​တာ​အ​မြင့်​မှ​ ​ပြုတ်​ကျ​ဖူး​သော်​လည်း​ ​အ​သက်​မ​သေ​ခဲ့​သ​လို​ ၎င်း​၏​ ​အ​မြင့်​တက်​ချင်​သော​ ​ဝါ​သ​နာ​ကို​လည်း​ ​မ​စွန့်​နိုင်​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here