ကို​ကင်း​လက်ဝယ်​တွေ့​ရှိ​မ​ှု​​ ​အ​ပြစ်​မ​ရှိ​ကြောင်း​​ ​ပဲရစ်​ဟီ​တန်​ငြင်း​ဆို

alt

ကို​ကင်း​လက်​ဝယ်​တွေ့​ရှိ​မှု​နှင့်​​ ​အ​ဖမ်း​ခံ​ရ​သည့်​ ​ပဲ​ရစ်​ဟီ​တန်​က​​ ​သူ​မ​တွင်​ ​အ​ပြစ်​မ​ရှိ​ကြောင်း​​ ​ငြင်း​ဆန်​ပြော​ကြား​သွား​သည်​။​​ ​လက်​ဗီး​ဂက်စ်​သို့​ ​ရောက်​ရှိ​နေ​သည့်​ Reality​ ​ရုပ်​မြင်​သံ​ကြား​​ ​မင်း​သ​မီး​ ​

ဟီ​တန်​သည်​ ဩ​ဂုတ်​လ​ ​၂၇​ ​ရက်​နေ့​က​​ ​သူ​မ​၏​ချစ်​သူ​ ​ဆိုင်​ဝိတ်​နှင့်​အ​တူ​​ ​အ​ဖမ်း​ခံ​ရ​ခြင်း​ဖြစ်​သည်​။​​ ​ဝိတ်​မောင်း​နှင်​လာ​သည့်​ကား​ကို​​ ​ရဲ​တပ်​ဖွဲ့​က​ ​စစ်​ဆေး​ရာ​​ ​အ​မျိုး​သ​မီး​ ​လက်​ကိုင်​အိတ်​အ​တွင်း​​ ​ထည့်​ထား​သည့်​ ​ကို​ကင်း​ထုပ်​အား​​ ​တွေ့​ရှိ​ခဲ့​ခြင်း​ဖြစ်​သည်​။​​

​ရဲ​တပ်​ဖွဲ့​ ​ပြော​ရေး​ဆို​ခွင့်​ရ​ပု​ဂ္ဂိုလ်​​ ​မား​ကက်​မာ​တင်​က​ ​ကား​အ​တွင်း​​ ​အ​မျိုး​သ​မီး​ဆို၍​ ​ဟီ​တန်​တစ်ဦး​သာ​​ ​ရှိ​ခဲ့​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​​ ​ဟီ​တန်​က​မူ​ ​ထို​အိတ်​သည်​​ ​သူ​မ​၏​အိတ်​ ​လုံး​ဝ​မ​ဟုတ်​ကြောင်း​​ ​အ​ကြောက်​အ​ကန်​ ​ငြင်း​ဆို​ထား​သည်​။​​ ​ဟီ​တန်​ဟို​တယ်​ ​လုပ်ငန်း​စု​ကြီး​၏​​ ​အ​မွေ​ခံ​ ​မြေး​မ​လေး​ဖြစ်​သည့်​​ ​ဟီ​တန်​သည်​ ​ထို​ကိ​စ္စ​အ​တွက်​​ ​လက်​ဗီး​ဂက်စ်​မှ​ ​နာ​မည်​အ​ကြီး​ဆုံး​ ဥ​ပ​ဒေ​ ​အ​ကျိုး​ဆောင်​​ ​ဒေး​ဗစ်​ချက်​စ​နော့​အား​ ငှား​ရမ်း​ထား​ကြောင်း​လည်း​​ ​သိ​ရ​သည်​။​ ​ဟီ​တန်​၏​​ ​ကိုယ်​ရေး​အ​ရာ​ရှိ​က​​ ​ယင်း​သ​တင်း​အ​တွက်​ ​မှတ်​ချက်​မ​ပေး​လို​ကြောင်း​​ ​ပြော​ကြား​ထား​သည်​။​​

​ဟီ​တန်​သည်​ ​က​မ္ဘာ့​ဖ​လား​​ ​ဘော​လုံး​ပြိုင်​ပွဲ​အား​​ ​ကြည့်​ရှု​အား​ပေး​ရန်​​ ​တောင်​အာ​ဖ​ရိ​က​သို့​​ ​သွား​ရောက်​စဥ်​က​လည်း​​ ​ကို​ကင်း​သယ်​ဆောင်​ကြောင်း​​ ​မ​သ​င်္ကာ​မှု​ဖြင့်​​ ​အ​ထိန်း​သိမ်း​ ​ခံ​ခဲ့​ရ​သေး​သည်​။​​ ​သူ​မ​သည်​ ​လွန်​ခဲ့​သော​​ ​လေး​နှစ်​က​ ​အ​ရက်​မူး​ပြီး​​ ​ကား​မောင်း​သည့်​အ​တွက်​​ ​ထောင်​ဒဏ်​ ​၂၃​ ​ရက်​​ ​ကျ​ခံ​ဖူး​ကြောင်း​လည်း​​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here