ဒိုင်​နို​ဆော​​ ​အ​မျိုး​အ​စားသစ်​​ ရုပ်​ကြွင်း​​ ​ရှာ​ဖွေ​တွေ့​ရှိ

alt

တ​ရုတ်​နိုင်ငံ​တွင်​​ ​ဒိုင်​နို​ဆော​ ​အ​မျိုး​အ​စား​သစ်​​ ​တစ်​ခု​၏​ ​ရုပ်​ကြွင်း​အား​​ ​ရှာ​ဖွေ​တွေ့​ရှိ​ခဲ့​သည်​။​​ ​တ​ရုတ်​တွင်​ ​တွေ့​ရှိ​ခြင်း​ကြောင့်​ Sinoceraptos​ Zunchengensis​​ ဟု​ ​အ​မည်​ပေး​ထား​သည့်​​ ​

အ​သီး​အ​ရွက်​စား​ သ​တ္တ​ဝါ​၏​​ ​အ​ရိုး​စု​ရုပ်​ကြွင်း​ကို​​ ​တ​ရုတ်​သိ​ပ္ပံ​အ​ကယ်​ဒ​မီ​တွင်​​ ​သု​တေ​သ​န​ ​ပြု​လုပ်​နေ​သည်​။

​​ ​ရုပ်​ကြွင်း​အား​ ​တွေ့​ရှိ​ခဲ့​သည့်​​ ​ဇူ​ဇင်း​က​ ​ပ​ထ​မ​ဆုံး​​ ​ရုပ်​ကြွင်း​အ​ပိုင်း​အ​စ​ကို​​ ​၂၀၀၈​ ​ခု​နှစ်​ ​အ​စော​ပိုင်း​က​တည်း​က​​ ​ရှန်​ဒေါင်း​ဒေ​သ​ရှိ​​ ​ဇူ​ချန်း​မြို့​အ​နီး​​ ​တူး​ဖော်​ရ​ရှိ​ခဲ့​ကြောင်း​​ ​ပြော​ကြား​သွား​သည်​။​​ ​သို့​သော်လည်း​ ​မှတ်​တမ်း​မ​တင်ရ​သေး​သည့်​​ ​ဒိုင်​နို​ဆော​မျိုး​စိတ်​တစ်​ခု​ဖြစ်​ကြောင်း​ကို​​ ​မ​ကြာ​မီ​က​မှ​ ​အ​တည်​ပြု​နိုင်​ခဲ့​ကြောင်း​​ ​သု​တေ​သီ​တစ်ဦး​ဖြစ်​သည့်​​ ​ဇူ​က​ဆို​သည်​။​

ဦး​ခေါင်း​နောက်​တွင်​​ ​အ​ရိုး​ချပ်​ပြား​များ​​ ​ပါ​ရှိ​သော​ Ceratops​အုပ်​စု​ဝင်​​ ​ဒို​နို​ဆော​တစ်​မျိုး​ဖြစ်​သည့်​တိုင်​​ ​ယင်း​သ​တ္တ​ဝါ၏​ ​ရုပ်​ကြွင်း​ကို​​ ​ယ​ခင်​က​ မ​တွေ့​ရှိ​ခဲ့​ဖူး​ချေ​။​ ဦး​ချို​သည်​ ​စင်​တီ​မီ​တာ​​ ​၁၈၀​ ​ရှည်​ပြီး​ ​၁၀၅​ ​စင်​တီ​မီ​တာ​ ​အ​ကျယ်​ရှိ​သည်​။​ ​၃၀​ ​စင်​တီ​မီ​တာ​ရှည်​သော​ ​ချို​တစ်​ချောင်း​ ​ပါ​ရှိ​ပြီး​ အ​တွန့်​ပေါင်း​ ​၁၀​ ​ခု​ထက်​မ​နည်း​ ​ဖြစ်​နေ​သည့်​ ​သေးငယ်​သော​ ​ချို​တစ်​ချောင်း​လည်း​ ​ရှိ​နေ​ကြောင်း​ ​သိ​ရ​သည်​။​ ​ဇူ​က​ ​ယင်း​ဒိုင်​နို​ဆော​သည်​ ​ခ​ရီ​တေး​ရှပ်​ကာ​လ​က​ ​ကျက်​စား​ခဲ့​သည့်​ ​အ​သီး​အ​ရွက်​စား​ ​ဒိုင်​နို​ဆော​တစ်​ကောင်​ ​ဖြစ်​နိုင်​ကြောင်း​ ​ပြော​ကြား​ခဲ့​ပြီး​ ​ကီ​လို​ဂ​ရမ်​ ​၁၀၀၀၀​ ​ခန့်​ ​အ​လေး​ချိန်​ ​ရှိ​လိမ့်​မည်​ဟု​ ​ခန့်​မှန်း​ခဲ့​သည်​။​

​ယ​ခု​တွေ့​ရှိ​မှု​ကြောင့်​ ​ဒိုင်​နို​ဆော​များ​ကြား​ ​မျိုး​ဆက်​ပြောင်း​လဲ​မှု​ သီ​အို​ရီ​ကို​ ​ပြန်​လည်​သုံး​သပ်​ရန်​ ​လို​အပ်​လာ​ကြောင်း​ ​ဇူ​က​ဆို​သည်​။​ တ​ရုတ်​သု​တေ​သီ​များ​သည်​ ​ဇူ​ချန်း​မြို့​အ​နီး​တွင်​ ​၁၉၆၀​ ​နောက်​ပိုင်း​က​တည်း​က​ ​ဒိုင်​နို​ဆော​ရုပ်​ကြွင်း​ ​၁၀​ ​ခု​မျှ​ကို​ ​ဖော်​ထုတ်​တွေ့​ရှိ​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here