ရတနာပုံပေါ်တယ်၏ သင်္ကေတ လိုဂိုကိစ္စ အငြင်းပွား

alt

ရတနာပုံပေါ်တယ် (Yatanarpon Portal) သည် နိုင်ငံတကာ​ အဆင့်မီ​ ပြုလုပ်ရန် လျာထားသည့် National Web Portal တစ်ခု​ ဖြစ်သည်။ ရတနာပုံ​ ပေါ်တယ်သည် သတင်း​ ကဏ္ဍ၊ ဖျော်ဖြေရေး​ ကဏ္ဍ၊ ဗဟုသုတ​ ကဏ္ဍ၊ ဆက်သွယ်ရေး​ ကဏ္ဍ စသည်ဖြင့်

ကဏ္ဍ​ ပေါင်းစုံ​ ပါဝင်မည် ဖြစ်ပြီး မြန်မာ​ နိုင်ငံသား​ အားလုံး လွယ်ကူစွာ အသုံးပြု​ နိုင်မည့်​ ဖြစ်သည်။ ရတနာပုံ​ ပေါ်တယ်၏ သင်္ကေတ လိုဂို​ အဖြစ် အသုံးပြုရန် လိုဂို​ ပြိုင်ပွဲ​ တစ်ခုကို ကျင်းပမည်​ ဖြစ်သည်။ ဟု ပြီးခဲ့သည့် မေလဆန်းပိုင်းက ပြိုင်ပွဲ​ ဝင်လိုသူများအား ဖိတ်ခေါ်ခဲ့သည်။

အဆိုပါ National Web Portal တဖြစ် ရတနာပုံပေါ်တယ်၏ သင်္ကေတ လိုဂိုအား Yatanarpon Portal၊ Yatanarpon Portal နှင့် သက်ဆိုင်သော အခြား စာရွက် စာတမ်းများအတွက် တရားဝင်သုံးရန် ရည်ရွယ်ကာ ပြိုင်ပွဲဝင်သူတိုင်း လိုဂို (၁) ခုမှ (၃) ခုအထိ ပေးပို့ နိုင်ကြောင်း မိမိကိုယ်တိုင် ဖန်တီးထားသော လိုဂို၊ အခြားနေရာများမှ မူပိုင်ဖြစ်သော လိုဂိုများ မဟုတ်ကြောင်း ဝန်ခံချက်များအပြင် ပြန်လည်အစားထိုးလိုခြင်း၊ ပြန်လည်ပြင်ဆင်လိုခြင်း မရှိစေဘဲ တစ်ကြိမ်သာ ပေးပို့ရန် သတ်မှတ်ထားခဲ့သည့် နည်းတူ ပြိုင်ပွဲဝင်လိုဂိုများကို ၂၀၁၀ ခုနှစ် မေလ (၃၁) ရက်နေ့ နောက်ဆုံး ထားပြီး ပေးပို့ရန်နှင့် ​ရွေးချယ်ခံရသော လိုဂိုကို နှစ်ပတ်အတွင်း ပြန်လည်ကြေငြာပေးမည်ဖြစ်ကာ လိုဂိုအတွက် ဆုကြေးငွေ (၇) သိန်းကျပ် တိတိ ချီးမြှင့်မည်ဖြစ်ကြောင်းများ အပြင် နိုင်ငံတကာ အဆင့်မီသော ဒီဇိုင်း၊ ရတနာပုံတယ်လီပို့ကို ကိုယ်စားပြုခြင်းများ အပြင် အခြား​ မည်သည့်​ လိုဂိုနှင့်မျှ မတူပဲ ဒီဇိုင်း​ ကွဲပြား​ ရမည်​ ဖြစ်ကြောင်းများကို သေချာတိကျစွာ ဖေါ်ပြ ဖိတ်ခေါ်ခဲ့​သည်။

သို့ရာတွင် ဩဂုတ်လ ၃၁ ရက်​ ​ပြည့်​သည့်​​ တိုင်အောင် နိုင်ငံတကာ အဆင့်မီ ပြုလုပ်ရန် လျာထားသည့် National Web Portal တစ်ခုဖြစ်သည့် ရတနာပုံပေါ်တယ်၏ ရွေးချယ်​ ခံရသော လိုဂိုကို အား ကြေငြာ​ ပေးနိုင်ခြင်း​ မရှိသေးဘဲ ပြိုင်ပွဲဝင်ခဲ့သူ​ တစ်ရာကျော်မှာ အငြင်းပွားဖွယ်ရာ ကိစ္စရပ်များ အ​ဖြစ်​ ​မေး​ခွန်း​များ​​ ပေါ်ပေါက်နေခဲ့သည်။ ရတနာပုံ​ ပေါ်တယ်၏ လိုဂို​ ပုံစံအား ဦး​အော်ပီကျယ်၊ ဦး​ဇော်မောင်၊​ ဦး​ညီလင်းဆက်​ အပါအဝင် အ​ကဲ​ဖြတ်​ တချို့က အကြမ်းချင်း ရွေးချယ်​ ပေးရပြီး၊ ဆက်သွယ်ရေး ဝန်ကြီးနှင့် အင်ဂျင်နီယာချုပ်တို့က စီစစ်​ ဆုံးဖြတ်​ ပေးရမည်​ ဖြစ်သော်လည်း၊ မကြာသေးမီက ပြည်ပ​ မီဒီယာ​ တခုသို့ ပေါက်ကြားခဲ့သည့် သတင်းအရ National Web Portal တစ်ခုဖြစ်သည့် ရတနာပုံ​ ပေါ်တယ်တွင် အသုံးပြုထားသည့် သင်္ကေတ လိုဂိုသည် ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ထားခြင်း​ မရှိသည့် လိုဂိုဖြစ်နေသည့် အပြင် ဆက်သွယ်ရေး အင်ဂျီနီယာချုပ်၏ အိုင်ဒီယာကို ရတနာပုံဝက်ဘ်ပေါ်တယ် အတွက် ခန့်ထားသည့် ဂျီအမ်ဆိုသူ ဦး​အောင်စံမြတ်က ရေးဆွဲပေးထားသည့် လိုဂို​ ဖြစ်နေသည့် အတွက် နိုင်ငံအဆင့် ဝက်ဘ်ပေါ်တယ်၏ ဆက်လက်​ လျှောက်လှမ်းမည့် လုပ်ငန်းစဉ်များအား ဝေဖန် သုံးသပ်စရာ ဖြစ်ကြောင်း၊ ယခုကဲ့သို့သော လုပ်ငန်းစဉ် အသေးအဖွဲ တခုအတွက် ထင်သာမြင်သာ မရှိဘဲ မလိမ့်တပတ် လုပ်ဆောင်နေခြင်းသည် နိုင်ငံအဆင့် ဝက်ဘ်ပေါ်တယ်​ ဟူသော လုပ်ငန်းစဉ်များ​ အတွက် စိတ်ချ​ ယုံကြည်မှု အားနည်း​နေမည်သာ​ ဖြစ်ကြောင်း နိုင်ငံအဆင့် ဝက်ဘ်ပေါ်တယ်​ ဖြစ်မြောက်ရေး ရတနာပုံတယ်လီပို့ ဝန်ထမ်း​ အသိုင်းအဝိုင်းက ထောက်ပြ​ ပြောဆိုခဲ့သည်။

ရတနာပုံပေါ်တယ် (Yatanarpon Portal) အား မလေးရှားအခြေစိုက် Media Digital Alliance Sdn. Bhd. (MDA)၊ ကုမ္မဏီအမှတ် 520090X က ဦးဆောင်ကာ MXAE 2.0 စနစ်သုံး Django framework နှင့်တွဲဖတ်အသုံးပြုရသော စနစ်ဖြစ်ရေးဆွဲ လုပ်ဆောင်ပေးနေခြင်း ဖြစ်ကာ၊ နိုင်ငံတော်၏ ပံပိုးကူညီဆောင်ရွက်မှုများဖြင့် အကောင်အထည်ဖေါ်ခဲ့သည့် Myanmar Natural Language Processing (NLP) Research Center ၏ နိုင်ငံတော်အဆင့် မြန်မာ ၃ ယူနီကုဒ် 5.1 ဗားရှင်း စာလုံးအား ပြောင်းလဲ သုံးစွဲထားခြင်းမရှိဘဲ ဇော်ဂျီ မြန်မာစာလုံးကိုသာ ဆက်လက် သုံးစွဲ အ​ကောင်​အ​ထည်​ဖေါ်ထားကြောင်း သိရသည်။

ရတနာပုံပေါ်တယ် (Yatanarpon Portal) အား​ ​အ​မေ​ရိ​ကန်​ ​ဒေါ်​လာ​ ​၂​​ သန်း​​ဖြင့်​​ ​မ​တည်​ကာ​ Inforithm-Maze​ ​ကု​မ္မ​ဏီ​မှ​ ​အ​ကောင်​အ​ထည်​ဖေါ်​လျှက်​ရှိ​ပြီး​​​၊​ ​အ​မှု​ဆောင်​ချုပ်​မှာ​ ဦး​​သောင်း​စု​ငြိမ်း​ဖြစ်​သည်​။​​ အ​မှု​ဆောင်​ချုပ်​ ဦး​​သောင်း​စု​ငြိမ်း​မှာ​​ ​ကွယ်​လွန်​သူ​ ​န​အ​ဖ​ ​စစ်​အ​စိုး​ရ​ ​နိုင်ငံ​ခြား​​ရေး​ဝန်​ကြီး​​ ဦး​ဝင်း​​အောင်​၏​ ​သား​တစ်ဦး​​ဖြစ်​ကာ​ ​ဇော်​ဂျီ​ ​မြန်​မာ​စာ​လုံး​ဖန်​တီး​ခဲ့​သူ​များ​တွင်​ ​တစ်ဦး​​ ​အ​ပါ​အ​ဝင်​လည်း​​ဖြစ်​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here