​ရာ​စု​နှစ်​​ ​၄​ ​ခု​ကျော်​​ ​ငြိမ်​သက်​နေ​သည့်​​ ​အင်​ဒို​နီး​ရှား​မီး​တောင်​​ ​ပေါက်​ကွဲ

alt

အင်​ဒို​နီး​ရှား​နိုင်ငံ​မှ​​ ​ရာ​စု​နှစ်​ ​၄​ ​ခု​ကျော်​စာ​​ ​ငြိမ်​သက်​နေ​ခဲ့​သည့်​​ ​မီး​တောင်​တစ်​ခု​သည်​​ ​နှစ်​ရက်​ဆက်​တိုက်​ ​ပေါက်​ကွဲ​ခဲ့​ကြောင်း​​ ​အာ​ဏာ​ပိုင်​များ​က​ ​အ​တည်​ပြု​​ ​ကြေ​ညာ​ခဲ့​သည်​။​

​ဆာ​မား​တြား​ကျွန်း​​ ​မြောက်​ပိုင်း​ရှိ​ ​ဆင်​နာ​ဘတ်​မီး​တောင်​ကြီး​သည်​ ဩ​ဂုတ်​လ​ ​၂၉​ ​ရက်​နေ့​နှင့်​​ ​၃၀​ ​ရက်​နေ့​ ​နံ​နက်​ပိုင်း​များ​က​​ ​နှစ်​ရက်​ဆက်​ ​ပေါက်​ကွဲ​ခဲ့​ခြင်း​ဖြစ်​သည်​။​​ ​ပ​ထ​မ​တစ်​ကြိမ်​ ​ပေါက်​ကွဲ​က​တည်း​က​​ ​လူ​ပေါင်း​ ​၁၀၀၀၀​ ​ကျော်​ကို​​ ​ဘေး​လွတ်​ရာ​သို့​ ​ရွှေ့​ပြောင်း​ပေး​ထား​ပြီး​ဖြစ်​သည်​။​​ ​မျက်​မြင်​များ​က​ ​ဒု​တိ​ယ​အ​ကြိမ်​​ ​မီး​တောင်​ပေါက်​ကွဲ​မှု​တွင်​​ ​ချော်​ပြာ​များ​နှင့်​​ ​မီး​ခိုး​ငွေ့​များ​သည်​​ ​ကိုက်​ပေါင်း​ ​၂၀၀၀​​ ​ကျော်​မျှ​ထိ​ လွင့်​စင်​သွား​ကြောင်း​ ​မျက်​မြင်​များ​က​ ​ပြော​ကြား​ခဲ့​သည်​။​ ​ထို​မီး​ခိုး​ပြာ​များ​ကြောင့်​ ​ဒေ​သ​တွင်း​နှင့်​ ​နိုင်ငံ​တ​ကာ​ ​လေ​ကြောင်း​သွား​လာ​မှု​များ​ကို​ ​အ​နှောင့်​အ​ယှက်​ ​ဖြစ်​လာ​စေ​နိုင်​ကြောင်း​နှင့်​ ​လက်​ရှိ​တွင်​ ​ပြည်​တွင်း​လေ​ကြောင်း​ ​ခ​ရီး​စဥ်​အ​ချို့​အား​ ​ရပ်​နား​ထား​ကြောင်း​ ​ပို့​ဆောင်​ရေး​ ​ဝန်​ကြီး​ဌာ​န​က​ ​ပြော​ကြား​ခဲ့​သည်​။​ ​

အ​မျိုး​သား​ ​သ​ဘာ​၀​ ​ဘေး​အ​န္တ​ရာယ်​နှင့်​ ​အ​ရေး​ပေါ်​အ​ခြေ​အ​နေ​ ​ထိန်း​သိမ်း​ရေး​ဌာ​န​ ​ပြော​ရေး​ဆို​ခွင့်​ရ​ပု​ဂ္ဂိုလ်​ ​ပ​ရီ​ယာ​ဒီ​ ​ကာ​ဒို​နို​က​လည်း​ ​မီး​တောင်​ပေါက်​ကွဲ​မှု​ ​သ​တိ​ပေး​ ​အ​ချက်​ပြ​ခြင်း​ကို​ ​အ​မြင့်​ဆုံး​အ​ဆင့်​ ​ထုတ်​ပြန်​ထား​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​အင်​ဒို​နီး​ရှား​သည်​ ​ရေ​အောက်​နှင့်​မြေ​ပေါ်​ ​မီး​တောင်​များ​ ​အ​များ​ပြား​ဆုံး​ ​တည်​ရှိ​နေ​သည့်​ ​ပ​စိ​ဖိတ်​မီး​ကွင်း​ ​ဒေ​သ​တွင်​ ​တည်​ရှိ​နေ​ကြောင်း​လည်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here