ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တရုတ်ပြည် သွားမည်

alt

စစ်ဘက် ဆိုင်ရာ ရာထူးမှ အနား ယူသွားပြီ၊ အနားယူဖွယ်ရှိ ဆိုသည့် နအဖ စစ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် လာမည့် အပတ်​ ထဲတွင် တရုတ် နိုင်ငံ၏ ဖိတ်ကြားချက် အရ တရုပ်ပြည်သို့ စစ် အစိုးရ ဝန်ကြီးများနှင့် အတူ သွားရောက် လည်ပတ်မည်ဟု သတင်းရရှိသည်။

သွားရောက် လည်ပတ်မည့်​​ ​ခ​ရီး​စဥ်​အား​ ​န​အ​ဖ​ ​စစ်​ အ​သိုင်း​အ​ဝန်း​​ကြား​​၊​​ ​နေ​ပြည်​တော်​ ဝန်​ထမ်း​များ​ ​​ကြား​တွင်​လည်း​​ ​စိတ်​ဝင်​စား​စ​ရာ​ ​အ​ဖြစ်​ဆုံး​​ ​ပါး​စပ်​​ သ​တင်း​လည်း​​ ​ဖြစ်​လျက်​ရှ​ိသည်​။​

နှစ်နိုင်ငံ အစိုးရ ထိပ်တန်း​ ခေါင်းဆောင်များ တွေ့ဆုံ​ ချိန်အတွင်းတွင် နှစ်နိုင်ငံ ကုန်သွယ်မှုများ၊ စီးပွား​ ကူးသန်းမှု​ ဆိုင်ရာ နားလည်မှု စာချွန်လွှာများ ချုပ်ဆိုရန်ရှိပြီး၊ နှစ်နိုင်ငံ နယ်စပ်​ ပြဿနာများနှင့် နယ်စပ်​ ဒေသ​ အ​ရေး​များ ကိစ္စတို့ကို ဆွေးနွေး​ လိမ့်မည်ဟု မြန်​မာ​ ​စစ်​ဘက် အရာရှိ​ တစ်ဦး​က ​ပြောဆိုခဲ့​သည်။

တရုတ်​ အစိုးရသည် အခြားနိုင်ငံတခု၏ ပြည်တွင်းရေးရာများတွင် “ဝင်ရောက်​ မစွက်ဖက်ရေး” မူဝါဒကို အစဉ်တစိုက် ကိုင်စွဲ ထားသဖြင့် မြန်မာစစ်ဗိုလ်ချုပ်များနှင့် တွေ့ဆုံရာတွင် ဆိုးရွား​ နေသည့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးမည် မဟုတ်သည်မှာ သေချာ​ကြောင်း​​ ​အ​ကဲ​ခတ်​သူ​များ​က​ဆိုသည်။

မည်သို့ပင်ဖြစ်စေ တရုတ်နိုင်ငံအနေနှင့် ၁၃၇၀ မိုင် (၂၁၉၀ ကီလိုမီတာ) ရှည်လျားသော တရုတ်-မြန်မာ နယ်စပ်ဒေသ တလျောက် တည်ငြိမ်မှုရှိရေးကို လိုလားလျက်ရှိကာ မြန်မာ​ စစ်အစိုးရသည်လည်း အင်အား သုံးသောင်း ခန့်ရှိသည့် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ထိပ်တိုက်​ ရင်ဆိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်နေသဖြင့် နယ်စပ်​ ဒေသ အရေးများ​ အတွက် ဆွေနွေးရန်​ ဖြစ်နိုင်ကြောင်းလည်း သုံးသပ်ကြသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ် (၆၀)ပြည့် အထိမ်းအမှတ်​ အဖြစ် ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနက ငွေကျပ် ၁၀၀ တန် တံဆိပ်ခေါင်းသစ် တမျိုးကိုလည်း ထုတ်ဝေ​ခဲ့​​သေး​သည်။

စစ်အစိုးရ​ လက်ထက်တွင် တရုတ်နိုင်ငံ၏ လက်ရှိ ဆက်ဆံရေး အလွန် ကောင်းမွန်လျက်ရှိပြီး နှစ်နိုင်ငံ အစိုးရ​ ခေါင်းဆောင်များ အပြန်အလှန် လည်ပတ်လျက် ရှိသည်။

ပြီးခဲ့သည့်နှစ် ဇွန်လက ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ် ပြီးနောက် ဒီဇင်ဘာလ အတွင်း တရုတ် နိုင်ငံ ဒုတိယ သမ္မတ မစ္စတာ ရှီကျင့်ဖျင် (Xi Jinping) မြန်မာ နိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

၂၀၀၁ နှင့် ၂၀၀၃ ခုနှစ်များတွင် တရုတ် သမ္မတ ကျန်ဇီမင်း နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့၏ အပြန်အလှန် ပြုလုပ်သည့် ချစ်ကြည်ရေး ခရီးစဉ်များကို တွေ့ရသည်။

၂၀၀၀ ပြည့်နှစ်တွင် တရုတ် သမ္မတ ဟူကျင်တောင် မြန်မာ နိုင်ငံ သို့ သွားရောက်ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here