HIV​ ​ရှိ​မှန်း​သိ​လျက်နှင့်​ ​အ​ကာ​အ​ကွယ်​မဲ့​ ​လိင်​ဆက်​ဆံ​သည့်​ ​အ​မျိုး​သ​မီး​ ထောင်​ဒဏ်​မှ​ ​ကင်း​လွတ်​

alt

မိ​မိ​တွင်​ HIV​ပိုး​ ​ရှိ​နေ​မှန်း​ ​သိ​လျက်​နှင့်​ ​အ​မျိုး​သား​များ​အား​ ​အ​သိ​မ​ပေး​ဘဲ​ ​အ​ကာ​အ​ကွယ်​မဲ့​ ​လိင်​ဆက်​ဆံ​ခဲ့​သည့်​ ​ဂျာ​မန်​အ​ဆို​တော်​ ​အ​မျိုး​သ​မီး​မှာ​ ​ထောင်​ဒဏ်​မှ​ ​ကင်း​လွတ်​ခွင့်​ ​ရ​ရှိ​သွား​ပြီ​ဖြစ်​သည်​။​

​အ​သက်​ ​၂၈​ ​နှစ်​အ​ရွယ်​ Pop​​ အ​ဆို​တော်​ ​နက်​ဂျာ​ဘန်​နယ်​ဆာ​သည်​ ​တစ်​စုံ​တစ်ဦး​အား​ ​ရော​ဂါ​ပိုး​ ​ကူး​စက်​အောင်​ ရည်​ရွယ်​ချက်​ရှိ​ရှိ​ ​ပြု​လုပ်​ခဲ့​ကြောင်း​ ​ပြစ်​မှု​​ ထင်​ရှား​​သော်​လည်း​ ​အ​များ​ဆုံး​ ​ထောင်​ဒဏ်​ ​၁၀​ ​နှစ်​ထိ​ ​ကျ​ခံ​ရ​နိုင်​ခြင်း​ကို​ ​ရှောင်​လွှဲ​ကာ​ ​ဆိုင်းငံ့​ထောင်​ဒဏ်​ ​၂​ ​နှစ်​နှင့်​ ​ပြည်​သူ့​အ​ကျိုး​ပြု​ ​လုပ်ငန်း​များ​ ​နာ​ရီ​ ​၃၀၀​ ​ဆောင်​ရွ​က်​ရန်​သာ​ ​ပြစ်​ဒဏ်​ချ​မှတ်​ ​ခံ​ရ​သည်​။​ ​ဂျာ​မ​နီ​နိုင်ငံ​၊​ ​ဒါ​ရမ်​စ​တက်​မြို့​ ​တ​ရား​ရုံး​မှ​ ​အ​စိုး​ရ​ရှေ့​နေ​ ​ပီ​တာ​လီ​ဆန်​ဖီး​က​ ​နက်​ဂျာ​သည်​ ​သူ​မ​တွင်​ ​အ​ပြစ်​ရှိ​ကြောင်း​ ​ဝန်​ခံ​ခဲ့​သ​လို​ ​သူ​မ​၏​ ​အ​မှား​ကို​လည်း​ ​သိ​မြင်​နား​လည်​ခဲ့​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​

No​ Angel​အ​ဖွဲ့​မှ​ ​အ​ဆို​တော်​သည်​ ​အ​နည်း​ဆုံး​ ​အ​မျိုး​သား​ ​၃​ ဦး​အား​ ​သူ​မ​တွင်​ HIV​​ ပိုး​ရှိ​မှန်း​ သိ​လျက်​နှင့်​ ​လိင်​​ ဆက်​ဆံ​ခဲ့​ပြီး​ ​တစ်ဦး​ကို​ ​ရော​ဂါ​ပိုး​ ​ကူး​စက်​စေ​မှု​​ အ​တွက်​ ​စွဲ​ချက်​တင်​ ​ခံ​ရ​ခြင်း​​ ဖြစ်​သည်​။​ ​ထို​သူ​သည်​ ​၂၀၀၄​ ​ခု​နှစ်​က​ ​၃​ ​လ​တာ​ ​ကာ​လ​အ​တွင်း​ ​နက်​ဂျာ​နှင့်​ ​၇​ ​ကြိမ်​ ​အ​တူ​အိပ်​ခဲ့​ဖူး​ပြီး​ ​ယ​ခု​အ​ခါ​ ​အ​သက်​ ​၃၄​ ​နှစ်​ ​ရှိ​နေ​ပြီ​ဖြစ်​သည်​။​ ​ယင်း​အ​မျိုး​သား​က​ ​နက်​ဂျာ​ကြောင့်​ ၎င်း​တွင်​ ​ရော​ဂါ​ပိုး​ ​ကူး​စက်​မှန်း​ ​သိ​လာ​သည့်​အ​ခါ​ ​နက်​ဂျာ​က​ ​ငွေ​ပေး​ပြီး​ ​နှုတ်​ပိတ်​နေ​ရန်​ ​တောင်း​ဆို​ခဲ့​ကြောင်း​ ​ပြော​ကြား​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here