Ground​ Zero​ ​အ​နီး​ ​ဗ​လီ​ဆောက်​ခွင့်အ​ပေါ်​ ​ခရစ်​ယာန်​နှင့်​ ​အ​စ္စ​လာမ်​တို့​ကြား​ ​တင်း​မာ​မှု​ပိုး​တိုး​

alt

အ​စွန်း​ရောက်​ဝါ​ဒီ​ ​လူငယ်​တစ်ဦး​က​ ​အ​စ္စ​လာမ်​ဘာ​သာဝင်​ ​တ​က္က​စီ​ ​ဒ​ရိုင်​ဗာ​တစ်ဦး​အား​ ​ဓား​ဖြင့်​ထိုး​ခဲ့​ပြီး​နောက်​ ​Ground​ Zero​ ​အ​နီး​ ​ဗ​လီ​ဆောက်​ခွင့်​နှင့်​ ​ပတ်​သက်​ပြီး​ ​ခ​ရစ်​ယာန်​နှင့်​ ​အ​စ္စ​လာမ်​ဘာ​သာ​ဝင်​တို့​ကြား​ ​တင်း​မာ​မှု​ ​ပို​မို​မြင့်​မား​လာ​ခဲ့​သည်​။​

အ​သက်​ ​၂၁​ ​နှစ်​အ​ရွယ်​ ​မိုက်​ကယ်​အန်း​ရိုက်​သည်​ ၎င်းငှား​စီး​သော​ ​တ​က္က​စီ​ဒ​ရိုင်​ဗာ​မှာ​ ​မွတ်​ဆ​လင်​ ​တစ်ဦး​မှန်း​ ​မေး​မြန်း​သိ​ရှိ​ပြီး​နောက်​ ​အာ​မက်​ရှာ​ရစ်​၏​ ​လည်​ပင်း​၊​ ​မျက်​နှာ​နှင့်​ ​လက်​မောင်း​တို့​ကို​ ​ဓား​ဖြင့်​ထိုး​ခဲ့​ခြင်း​ဖြစ်​သည်​။​ ၎င်း​သည်​ ​ထို​ကိ​စ္စ​ကို​ ​မ​ပြု​လုပ်​မီ​ ​တ​က္က​စီ​မောင်း​သ​မား​ ​အာ​မက်​အား​ ​မွတ်​ဆ​လင်​ ​ဟုတ်​မ​ဟုတ်​ ​အ​သေ​အ​ချာ​ ​မေး​ခဲ့​သေး​ကြောင်း​ ​သိ​ရ​သည်​။​ ​က​လေး​ဆန်​ဆန်​ ​မျက်​နှာ​နှင့်​ ​အန်း​ရိုက်​က​ Ground​ Zero​အ​နီး​ ​ဗ​လီ​ဆောက်​ခွင့်​ရ​ရန်​ ​ကြိုး​ပမ်း​နေ​သည့်​ ​မွတ်​ဆ​လင်​တို့​၏​ ​လုပ်​ရပ်​အား​ ​အ​လွန်​ရွံ့​မုန်း​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​

​၂၀၀၁​ ​ခု​နှစ်​က​ ​မွတ်​ဆ​လင်​ ​အ​ကြမ်း​ဖက်​ခေါင်း​ဆောင်​ ​အို​စ​မာ​ဘင်​လာ​ဒင်​၏​ ​လက်​ချက်​ကြောင့်​ ​ပြို​ကျ​ပျက်​စီး​သွား​သည့်​ WTC​​ အ​ဆောက်​အ​အုံ​ ​နေ​ရာ​ဟောင်း​အား​ ​သတ်​မှတ်​ထား​သည့်​ Ground​ Zero​ ​အ​နီး​ ​ဗ​လီ​တစ်​ခု​ ​တည်​ဆောက်​ရေး​ ​အ​ဆို​ကို​ ​အ​မေ​ရိ​ကန်​ ​ပြည်​သူ​အ​များ​စု​က​ ကန့်​ကွက်​နေ​ဆဲ​ဖြစ်​သည်​။​ ​မ​ကြာ​သေး​မီ​က​ ​ကောက်​ခံ​ခဲ့​သော​ ​စစ်​တမ်း​တွင်​ ​အ​မေ​ရိကန်​ ​၇၁​ ​ရာ​ခိုင်​နှုန်း​က​ ​ယင်း​ကိ​စ္စ​ကို​ ​ကန့်​ကွက်​ကြောင်း​ ​ဆ​န္ဒ​ပြု​ခဲ့​ရာ​ ​ပြီး​ခဲ့​သည့်​ ​လ​က​ထက်​ ​၈​ ​ရာ​ခိုင်​နှုန်း​ ​တက်​လာ​ခြင်း​ဖြစ်​သည်​။​ ​အာ​မက်​အား​ ​ရက်​ရက်​စက်​စက်​ ​ဓား​ဖြင့်​ထိုး​ခဲ့​သော​ ​အန်း​ရိုက်​ကို​ ​န​ယူး​ယောက်​ ​ရဲ​တပ်​ဖွဲ့​က​ ​ဖမ်း​ဆီး​ထား​ပြီး​ ၎င်း​သည်​ ​အ​မြင့်​ဆုံး​ ​ထောင်​ဒဏ်​ ​၂၅​ ​နှစ်​ထိ​ ​ကျ​ခံ​ရ​နိုင်​ကြောင်း​ ​သိ​ရ​သည်​။​ ​ယ​ခု​သီ​တင်း​ပါတ်​ ​ဓား​ထိုး​မှု​ ​ဖြစ်​ပွား​ပြီး​နောက်​ ​န​ယူး​ယောက်​ရှိ​ ​မွတ်​ဆ​လင်​ ​ဘာ​သာင်​များ​ကြား​ ​လုံ​ခြံု​ရေး​အ​တွက်​ ​စိုး​ရိမ်​မှု​များ​ ​မြင့်​တက်​လာ​ခဲ့​သည်​။​ ​ထို့​အ​ပြင်​ Ground​ Zero​ ​အ​နီး​ ​ဗ​လီ​ဆောက်​ရေး​ ​ကိ​စ္စ​နှင့်​ ​ပတ်​သက်​ပြီး​ ​ကယ်​လီ​ဖိုး​နီး​ယား​နှင့်​ ​တင်​နက်​ဆီ​တို့​ရှိ​ ​ဗ​လီ​များ​ကို​လည်း​ ​ဆ​န္ဒ​ပြ​မှု​များ​ ​ဖြစ်​နေ​သည်​။​ ​

အ​မေ​ရိ​ကန်​ ​သ​မ္မ​တ​ ​ဘာ​ရတ်​အို​ဘား​မား​ ​ကိုယ်​တိုင်​က​မူ​ Ground​ Zero​ ​အ​နီး​ ​ဗ​လီ​ဆောက်​ခွင့်​ကို​ ​ထောက်​ခံ​ထား​သည်​။​ ​အ​ခြား​စစ်​တမ်း​တစ်​ခု​အ​ရ​ ​အ​မေ​ရိ​ကန်​ပြည်​သူ​ ​၆​ ဦး​တွင်​ ​၁​ ဦး​က​ အို​ဘား​မား​သည်​ ​မွတ်​ဆ​လင်​ ​ဘာ​သာ​ကို​ ​သက်​ဝင်​ကိုး​ကွယ်​သူ​အ​ဖြစ်​ ​ယုံ​ကြည်​နေ​ကြောင်း​ ​သိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here