​​ရှေး​ခေတ်​တ​ရုတ်​လူ​မျိုး​တို့​ ​စား​သုံး​သည့်​ ​ဆန်​နက်​ ​ကင်​ဆာ​အ​တွက်​ ​အ​လွန်​အ​စွမ်း​ထက်

alt

ကင်​ဆာ​ရော​ဂါ​ကို​ ​တိုက်​ဖျက်​ရာ​တွင်​ ​ရှေး​ခေတ်​တ​ရုတ်​လူ​မျိုး​များ​ ​စား​သုံး​ခဲ့​သည့်​ ​ဆန်​နက်​သည်​ ​အ​လွန်​အ​စွမ်း​ထက်​သည့်​ ​ဆေး​ဝါး​တစ်​မျိုး​ ​ဖြစ်​လာ​ကြောင်း​ ​သု​တေ​သီ​များ​က​ ​ပြော​ကြား​ခဲ့​သည်​။​

​အ​မေ​ရိ​ကန်​တောင်​ပိုင်း​ လူ​ဝီ​စီး​ယား​နား​ ​တ​က္က​သိုလ်​မှ​ ​သု​တေ​သီ​များ​က​ ​ယ​ခု​အ​ခါ​ ​အ​နောက်​နိုင်ငံ​များ​သို့​လည်း​ ​တင်​ပို့​ရောင်း​ချ​နေ​သည့်​ ​ဆန်​နက်​များ​သည်​ ​ကျန်း​မာ​ရေး​ကို​ ​အ​ထောက်​အ​ကူ​ ​ဖြစ်​စေ​သည့်​ ​အ​မျှင်​ဓာတ်​များ​ ​ပါ​ဝင်​ပြီး​ ​နှ​လုံး​ရော​ဂါ​နှင့်​ ​ကင်​ဆာ​တို့​ကို​ ​တား​ဆီး​နိုင်​စွမ်း​ ​ရှိ​နေ​ကြောင်း​ ​ထောက်​ခံ​ခဲ့​သည်​။​ ​ရေ​တွင်​ပျော်​ဝင်​သော​ anthocyanin​ အ​မည်​ရှိ​ Antioxidant​ ဓာတ်​ပေါင်း​သည်​ ​ဆန်​နက်​တွင်​ ​ပေါ​များ​စွာ​ ​ပါ​ဝင်​နေ​သည်​။​ ​ယင်း​ဓာတ်​ပေါင်း​သည်​ ​ဘ​လူး​ဘယ်​ရီ​၊​ င​ရုတ်​နီ​စ​သည့်​ ​အ​ရောင်​ရင့်​ရင့်​ ​သီး​နှံ​များ​တွင်​လည်း​ ​တွေ့​ရ​လေ့​ရှိ​သည်​။​ ​အ​ဆို​ပါ​ ​ဓာတ်​ပေါင်း​သည်​ ​ကင်​ဆာ​ရော​ဂါ​ ​ဖြစ်​စေ​နိုင်​သည့်​ ​အ​န္တ​ရာယ်​ရှိ​သော​ ​မော်​လီ​ကျူး​များ​ကို​ ​ချေ​ဖျက်​ပေး​နိုင်​ပြီး​ ​ကင်​ဆာ​ဖြစ်​စေ​သည့်​ ​အ​ဓိ​က​ ​အ​ကြောင်း​ရင်း​ ​တစ်​ခု​ဖြစ်​သည့်​ DNA ​ထိ​ခိုက်​မှု​များ​ကို​ ​ကာ​ကွယ်​ပေး​ကြောင်း​ ​သိ​ရ​သည်​။​

​ဆန်​နက်​သည်​ ​ဘ​လူး​ဘယ်​ရီ​ထက်​ ​သ​ကြား​ဓာတ်​ ​လျော့​နည်း​ပြီး​ ​အ​မျှင်​ဓာတ်​နှင့်​ ​ဗီ​တာ​မင်​ E​ ​ပါ​ဝင်​သည့်​ Antioxidant​ တို့​ ​ပါ​ဝင်​မှု​ ​ပို​များ​သ​ဖြင့်​ ​ကျန်း​မာ​ရေး​အ​ရ​ ​ပို​မို​သင့်​တော်​ကြောင်း​လည်း​ ​လူ​ဝီ​စီး​ယား​နား​ ​တ​က္က​သိုလ်​မှ​ အ​စား​အ​သောက်​ ​သု​တေ​သီ​ ​ဒေါက်​တာ​ဇီ​မင်​ဇူ​က​ ​ပြော​ကြား​ခဲ့​သည်​။​ ​ယ​နေ့​ခေတ်​တွင်​ ​ဆန်​နက်​ကို​ ​စား​သောက်​ဖွယ်​ရာ​များ​ ​အ​လှ​ဆင်​ခြင်း​၊​ ​ခေါက်​ဆွဲ​၊​ ​ဆူ​ရှီ​နှင့်​ အ​ချို​ပွဲ​များ​ပြု​လုပ်​ခြင်း​တို့​အ​တွက်​ ​အာ​ရှ​နိုင်ငံ​များ​တွင်​ ​အ​ဓိ​က​ ​သုံး​စွဲ​နေ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here