Bing​ Search​ Engine​ လွှဲ​ပြောင်း​ရေး​ Yahoo​ ​နှင့်​ Microsoft​ ​သ​ဘော​ တူ​ညီ​ချက်​ရ

alt

Yahoo ​နှင့်​ Microsoft​​ တို့​သည်​​ Bing​ Search​ Engine​​ နှင့်​ ​ပတ်​သက်​ပြီး​​ ​လွှဲ​ပြောင်း​ကိုင်​တွယ်​မှု​​ ​သ​ဘော​တူ​ညီ​ချက်​ကို​​ ​အ​ပြီး​သတ်​နိုင်​ခဲ့​ပြီ​ဟု​​ ​ကြေ​ညာ​သွား​သည်​။​

​ထို့​ကြောင့်​လည်း​​ ​က​မ္ဘာ့​အ​ကြီး​ဆုံး​​ Software​ ​ကု​မ္ပ​ဏီ​ကြီး​​ Microsoft​ က​ ​တီ​ထွင်​ခဲ့​သည့်​​ Bing​​ နှင့်​ ​ပတ်​သက်​ပြီး​​ Yahoo​ ​က​ ​ရှာ​ဖွေ​ရေး​ဆိုင်​ရာ​​ ​နည်း​ပ​ညာ​ ​အ​ထောက်​အ​ပံ့​များ​​ ​အင်​နှင့်​အား​နှင့်​​ ​ပြု​လုပ်​တော့​မည်​ဖြစ်​သည်​။​​ Microsoft​ သည်​ ​နည်း​ပ​ညာ​နယ်​ပယ်​တွင်​​ ​အ​ဓိ​က​ပြိုင်​ဖက်​ ​ဖြစ်​လာ​သည့်​​ Google​နှင့်​ ​ယှဥ်​ပြိုင်​ရန်​အ​တွက်​​ Serach​ Engine​​ အ​သစ်​ဖြစ်​သော​​ Bing ​ကို​ ​အ​သက်​သွင်း​ခဲ့​ခြင်း​ဖြစ်​သည်​။​​ ​ယ​ခု​သီ​တင်း​ပါတ်​ ​အ​စော​ပိုင်း​က​​ ​ထုတ်​ပြန်​သော​ ​သ​ဘော​တူ​ညီ​ချက်​အ​ရ​​ ​အ​မေ​ရိ​ကန်​နှင့်​ ​က​နေဒါ​တို့​တွင်​ Bing​ အား​ ​သုံး​စွဲ​သူ​များ​အ​တွက်​ Yahoo​ ၏​ ​ရှာ​ဖွေ​ရေး​အင်​ဂျင်​မှ​ ​အ​ထောက်​အ​ကူ​ကို​ ​အ​ပြည့်​အ​ဝ​ ​ရ​ရှိ​မည်​ဟု​ ​သိ​ရ​သည်​။​ ​ထို့​အ​ပြင်​ ​ယ​ခု​နှစ်​ကုန်​ပိုင်း​တွင်​ Yahoo​ ၏​ ​ကြော်​ငြာ​လုပ်ငန်း​များ​အား​ Microsoft​ ၏​ AdCenter​​ အ​မည်​ရှိ​ Platform​​ ပေါ်​သို့​ ​လွှဲ​ပြောင်း​ရန်​လည်း​ ​သ​ဘော​တူ​ညီ​မှု​ ​ရ​ရှိ​ခဲ့​သည်​။​ ​

ယ​ခု​အ​ခါ​ Yahoo​ အ​သုံး​ပြု​ ​ရှာ​ဖွေ​သူ​များ​သည်​ Powered​ by​ Bing ​ဆို​သော​ ​စာ​သား​ကို​ ၎င်း​တို့​၏​ ​ရှာ​ဖွေ​မှု​ ​ရ​လဒ်​ ​စာ​မျက်​နှာ​များ​တွင်​ ​တွေ့​နေ​ရ​မည်​ဖြစ်​သည်​။​ ​လေ့​လာ​မှု​များ​အ​ရ​ ​ဇူ​လိုင်​လ​တွင်​ ​အ​မေ​ရိ​ကန်​၏​ ​အင်​တာ​နက်​ ​ရှာ​ဖွေ​ရေး​ ​ကဏ္ဍ​အ​တွက်​ Bing​​ ၏​ ​ဝေ​စု​သည်​ ​၉.​၈၆​ ​ရာ​ခိုင်​နှုန်း​သာ​ ​ရှိ​သေး​သည်​။​ ​အ​မြင့်​ဆုံး​အ​ဖြစ်​ Google​ ​က​ ​၇၁.​၄၃​ ​ရာ​ခိုင်​နှုန်း​ဖြင့်​ ဦး​ဆောင်​နေ​ပြီး​ Yahoo​ ​က​ ​၁၄.​၄၃​ ​ရာ​ခိုင်​နှုန်း​ ​ရ​ရှိ​ထား​ကြောင်း​လည်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here