​မြောက်​ကို​ရီး​ယား​ ​ရေ​လွှမ်း​မိုး​မှု​ အ​တွက်​ ​ကူ​ညီ​ ထောက်​ပံ့​ရန်​ ​တ​ရုတ်​ ကမ်း​လှမ်း

alt

မြောက်​ကို​ရီး​ယား​တွင်​ ​ဖြစ်​ပေါ်​နေ​သည့်​ ​ရေ​လွှမ်း​မိုး​မှု​များ​အ​တွက်​ ​အ​ကူ​အ​ညီ​ ​အ​ထောက်​အ​ပံ့​များ​ ​ပေး​ပို့​သွား​ရန်​ ​တောင်​ကို​ရီး​ယား​နှင့်​ ​တ​ရုတ်​တို့​က​ ​ကမ်း​လှမ်း​ထား​ကြောင်း​ ​သိ​ရ​သည်​။​

​စစ်​သ​င်္ဘော​ Cheonan​ ​ကိ​စ္စ​ကြောင့်​ ​မြောက်​ပိုင်း​ကွန်​မြူ​နစ်​ ​နိုင်ငံ​နှင့်​ ​ဆက်​ဆံ​ရေး​ ​ဆိုး​ရွား​နေသည့်​တိုင်​ ​တောင်​ကို​ရီး​ယား​သည်​ ​ရေ​ဘေး​ဒု​က္ခ​သည်​များ​အ​တွက်​ ​ထောက်​ပံ့​ရေး​ ​ပ​စ္စည်း​များ​ ​ပေး​ပို့​ရန်​ ​အ​သင့်​ရှိ​နေ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​တ​ရုတ်​နိုင်ငံ​က​လည်း​ ​မြောက်​ကို​ရီး​ယား​ရှိ​ ​အိမ်​များ​၊​ ​လမ်း​များ​နှင့်​ ​မီး​ရ​ထား​လမ်း​များ​ကို​ ​ကြီး​ကြီး​မား​မား​ ​ပျက်​စီး​စေ​သည့်​ ​အ​ဆိုး​ရွား​ဆုံး​ ​ရေ​လွှမ်း​မိုး​မှု​များ​အ​တွက်​ ​အ​ကူ​အ​ညီ​ပေး​လို​ကြောင်း​ ​ကြေ​ညာ​ထား​သည်​။​ ​ယ​ခု​နှစ်​ ​နွေ​ရာ​သီ​တွင်​ ​မြောက်​ကို​ရီး​ယား​ ​နိုင်ငံ​အ​တွင်း​ ​ရေ​လွှမ်း​မိုး​မှု​များ​ ​ဖြစ်​ပေါ်​နေ​ပြီး​ ​ပျက်​စီး​ဆုံး​ရှုံး​မှု​များ​ ​ဖြစ်​ပေါ်​နေ​သည်​။​ ​တောင်​ကို​ရီး​ယား​ ​ကြက်​ခြေ​နီ​တပ်​ဖွဲ့​က​ ​မြောက်​ကို​ရီး​ယား​က​ ​လက်​ခံ​လျင်​ ​အ​ကူ​အ​ညီ​ပေး​ရန်​ ​အ​ဆင်​သင့်​ရှိ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​

​မိ​မိ​တို့​၏​ ​အ​ဆို​ပြု​မှု​ကို​ ဩ​ဂုတ်​လ​ ​၂၇​ ​ရက်​နေ့​တွင်​ ​ပေး​ပို့​ခဲ့​ပြီး​ ​မြောက်​ကို​ရီး​ယား​ထံ​မှ​ ​အ​ကြောင်း​ပြန်​မှု​ကို​ ​စောင့်​ဆိုင်း​နေ​ကြောင်း​ ​ကြက်​ခြေ​နီ​အ​ဖွဲ့​ ​ပြော​ရေး​ဆို​ခွင့်​ရ​ ​အ​ရာ​ရှိ​က​ဆို​သည်​။​ ​တောင်​ကို​ရီး​ယား​သည်​ ​ဆေး​ဝါး​များ​၊​ ​အ​စား​အ​သောက်​များ​နှင့်​ ​အ​ခြား​လို​အပ်​သော​ ​ပ​စ္စည်း​များ​ကို​ ​ပေး​ပို့​ရန်​ ​အ​သင့်​စီ​စဥ်​ထား​ပြီး​ဖြစ်​သည်​။​ ​ကို​ရီး​ယား​ကျွန်း​ဆွယ်​ ​စစ်​ပွဲ​ကာ​လ​အ​တွင်း​ ​မြောက်​ကို​ရီး​ယား​၏​ ​အ​ဓိ​က​ ​မ​ဟာ​မိတ်​ ​ဖြစ်​ခဲ့​သည့်​ ​တ​ရုတ်​က​လည်း​ ​အ​လား​တူ​ ​ကမ်း​လှမ်း​မှု​မျိုး​ ​ပြု​လုပ်​ထား​သည်​။​

နိုင်ငံ​အ​တွင်း​ ​ကြံု​တွေ့​နေ​သည့်​ ​ရေ​ဘေး​ဒု​က္ခ​နှင့်​ ​ပတ်သက်​ပြီး​ ​မိ​မိ​အ​နေ​နှင့်​ ​စာ​နာ​ပါ​ကြောင်း​လည်း​ ​တ​ရုတ်​သ​မ္မ​တ​ ​ဟူ​ကျင်​တောင်​က​ ​မြောက်​ကို​ရီး​ယား​ ​စစ်​ခေါင်း​ဆောင်​ ​ကင်​ဂျံု​အီ​ထံ​သို့​ ​ဝမ်း​နည်း​သ​ဝဏ်​လွှာ​ ​ပေး​ပို့​ထား​ကြောင်း​ ​သိ​ရ​သည်​။​ ​မြောက်​ကို​ရီး​ယား​သည်​ ​နိုင်ငံ​အ​တွင်း​ ​ရေ​ကြီး​မှု​များ​ ​ဖြစ်​ပေါ်​နေ​ခြင်း​ကို​ ​ဝန်​ခံ​ပြော​ဆို​ထား​သော်​လည်း​ ​အ​သေ​အ​ပျောက်​၊​ ​အ​ပျက်​အ​စီး​ ​ပ​မာ​ဏ​ကို​ ​ပွင့်​ပွင့်​လင်း​လင်း​ ​ကြေ​ညာ​ထား​ခြင်း​ ​မ​ရှိ​ကြောင်း​လည်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here