အ​ပေါ်​ပိုင်း​ ​ဗ​လာ​ကျင်း​ကာ​ ​သ​ရုပ်​ဆောင်​မည့်​ ​ဂျင်​နီ​ဖာ​ ​အင်​နစ်​စ​တန်

alt

ဟော​လီး​ဝုဒ်​ ​နာ​မည်​ကျော်​ ​မင်း​သ​မီး​ ​ဂျင်​နီ​ဖာ​ ​အင်​နစ်​စ​တန်​သည်​ ​ရုပ်​ရှင်​တစ်​ခု​တွင်​ ​အ​ပေါ်​ပိုင်း​ ​ဗ​လာ​ကျင်း​ဖြင့်​ ​သ​ရုပ်​ဆောင်​ပြ​ရန်​ ​သ​ဘော​တူ​ညီ​လိုက်​ကြောင်း​ ​သိ​ရ​သည်​။​

​အ​သက်​ ​၄၁​ ​နှစ်​အ​ရွယ်​ ​အင်​နစ်​စ​တန်​သည်​ Wanderlust​ ​ဇာတ်​ကား​တွင်​ ​ပါ​ဝင်​မည်​ဖြစ်​ပြီး​ ​သူ​မ​၏​ ​ရုပ်​ရှင်​မင်း​သ​မီး​ ​သက်တမ်း​တ​လျှောက်​ ​ပ​ထ​မ​ဆုံး​ ​အ​ဝတ်​အ​စား​များ​ ​ချွတ်​ပစ်​တော့​မည်​ဖြစ်​သည်​။​ ​ထို​ဇာတ်​ကား​တွင်​ ​သူ​မ​၏​ ​ဇာတ်​ရုပ်​သည်​ ​ကြံု​ရာ​အ​မျိုး​သား​နှင့်​ ​အိပ်​စက်​ပြီး​ ​မူး​ယစ်​ဆေး​ ​စွဲ​နေ​သည့်​ပုံ​စံ​မျိုး​ဖြစ်သည်​။​ ​ဟော​လီး​ဝုဒ်​ ​သ​တင်း​ဌာ​န​များ​က​ ​အင်​န​စ်​စ​တန်​သည်​ ​ဟစ်​ပီ​လူ​တန်း​စား​တို့​နှင့်​ ​ရော​နှော​နေ​ထိုင်​ပြီး​ ​လိင်​နှင့်​ပတ်​သက်၍​ ​လွတ်​လပ်​စွာ​ ​ပြု​မူ​နေ​သော​ ​အိမ်​ထောင်​ရှင်​ ​အ​မျိုး​သ​မီး​ ​တစ်ဦး​အ​ဖြစ်​ ​ပါ​ဝင်​ရန်​ ​သ​ဘော​တူ​ညီ​လိုက်​ကြောင်း​ ​ဖော်​ပြ​ခဲ့​သည်​။​ ​

အင်​နစ်​စ​တန်​သည်​ The​ Switch​ ​နှင့်​ Bouty​ Hunter​တို့​ကဲ့​သို့​ ​ဇာတ်​ကား​များ​တွင်​ ​ပါ​ဝင်​ခဲ့​သော်​လည်း​ ​ပ​ရိ​သတ်​ ​အား​ပေး​မှု​ ​ကြီး​ကြီး​မား​မား​ ​မ​ရ​ရှိ​ခဲ့​ပေ​။​ ​သို့​သော်​လည်း​ ​ဒါ​ရိုက်​တာ​ ​ဂျက်​အ​ပါ​တို​ ​ရိုက်​ကူးမည့်​ Wanderlust​တွင်​မူ​ သူ​မ​၏​ ​အောင်​မြင်​မှု​ကို​ ​တ​ကျော့​ပြန်​ ​ရှာ​ဖွေ​နိုင်​မည်​ဟု​ Friend​​ စ​တား​ ​မင်း​သ​မီး​က​ ​ယုံ​ကြည်​လျက်​ရှိ​သည်​။​ ​သူ​မ​၏​ ​နောက်​ဆုံး​ပါ​ဝင်​သော​ ​ဇာတ်​ကား​ဖြစ်​သည့်​ The​ Switch​သည်​ ​စ​တင်ရုံ​တင်​သည့်​ ​ပ​ထ​မ​ဆုံး​ ​သီ​တင်း​ပါတ်​တွင်​ ​ရုံ​ဝင်​ကြေး​ ​ဒေါ်​လာ​ ​၈.​၄​ ​သန်း​သာ​ ​ရ​ရှိ​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here