​ဂုဏ်သိက္ခာအမဲ့ဆုံး​​ ​ဗြိ​တိန်​အမျိုး​သ​မီး​အား​​ ​စွဲ​ချက်​တင်​ရန်​​ စီ​စဥ်

alt

ဗြိတိန်​ ရဲတပ်ဖွဲ့သည် နိုင်ငံ၏ ဂုဏ်သိက္ခာ​ အမဲ့ဆုံး၊ စက်ဆုပ်စရာ အကောင်းဆုံး အမျိုးသမီး​ အဖြစ် ရှုတ်ချ​ ခံနေရသူ ဝင်ဒီလီးဝစ်အား အပြီးသတ် စွဲချက်​ တင်ရန် စီစဥ်​ နေကြောင်း သိရသည်။

သူမသည် စစ်ပွဲအထိမ်းအမှတ် နေရာ​ တစ်ခုတွင် ကျင်ငယ်​ စွန့်ခဲ့ပြီး အမျိုးသား တစ်ဦးကိုလည်း လိင်​ စိတ်ကြွအောင် အဆိုပါ နေရာတွင်ပင် နှိုးဆွမှု ပြုလုပ်​ ခဲ့သေးသည်။ အသက် ၃၂ နှစ်အရွယ် ဝင်ဒီသည် ဇွန်လက ဘလက်ပူးရှိ ကျဆုံး​ စစ်သည်များ အထိမ်းအမှတ် နေရာတွင် ဆီးသွား​ နေသည်ကို CCTV​ ကင်မရာများက မှတ်တမ်း​ တင်နိုင်ခဲ့ပြီး မကြာမီပင် အမျိုးသား​ တစ်ဦးအား လိင်ဆိုင်ရာ မဖွယ်မရာ ပြုလုပ်​ နေစဥ် အဖမ်းခံခဲ့ရသည်။ သူမ၏ အမှုကို စစ်ဆေးသည့် ဩဂုတ်လ ၂၁ ရက်နေ့တွင် အသက်အရွယ် ကြီးရင့်နေပြီဖြစ်သည့် စစ်မှုထမ်းဟောင်းများက ဘလက်ပူး တရားရုံးရှေ့တွင် လာရောက်​ ရှုတ်ချခဲ့ကြသည်။ အသက် ၈၈ နှစ်ရှိ စစ်မှုထမ်းဟောင်းကြီး ဂျိမ်းဘေကာက အဆိုပါ အမျိုးသမီးသည် အရှက်မဲ့လှကြောင်း၊ သူမသည် နာမည်ကောင်းဖြင့် ကျော်ကြားသည့် ဗြိတိန်​ စစ်မှုထမ်းတိုင်းကို စော်ကားခဲ့ကြောင်း ပြောကြားသွားသည်။

ရဲများသည် CCTVကင်မရာမှ ဝင်ဒီ၏ လုပ်ရပ်ကို တွေ့မြင်ပြီး ထိုနေရာသို့ ရောက်လာချိန်တွင် သူမသည် ပထမနှင့် ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သည့် စစ်သည်များအတွက် အထိမ်းအမှတ် ပြုလုပ်ထားသည့် နေရာအနီး ခုံတန်းတွင် ထိုင်နေသူ အမျိုးသားတစ်ဦးအား လိင်စိတ်နှိုးဆွ လုပ်ဆောင်နေသည်ကို တွေ့ခဲ့ရသည်။ နောက်ပိုင်းတွင် ဝင်ဒီသည် သူမ၏ လုပ်ရပ်အတွက် ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရသည်။ ဝင်ဒီအား ဩဂုတ် ၂၃ ရက်နေ့တွင် တရားရုံးတင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here