မိုက်​ကယ်​ရှူ​မေ​ကာ​က​ ​ရူ​ဘင်​ကာ​ ရီ​ချယ်​လို​အား​ ​တောင်း​ပန်

alt

၎င်း​၏​ ​လုပ်​ရပ်​နှင့်​ ​ပတ်​သက်​ပြီး​ ​ဖော်​မြူ​လာ​ဝမ်း​ ​ကား​မောင်း​ချန်​ပီ​ယံ​ဟောင်း​ ​မိုက်​ကယ်​ရှူ​မေ​ကာ​က​ ​ရူ​ဘင်​ဘာ​ရီ​ချယ်​လို​အား​ Message​ ​ပေး​ပို့​ကာ​ ​တောင်း​ပန်​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​

​ဟန်​ဂေ​ရီ​ ​ဂ​ရင်း​ပ​ရီ​ ​ပြိုင်​ပွဲ​တွင်​ ​ဘာ​ရီ​ချယ်​လို​၏​ ​ပြိုင်​ကား​အား​ ​ရည်​ရွယ်​ချက်​ရှိ​ရှိ​ ​ပိတ်​မောင်း​ခဲ့​သ​ဖြင့်​ ​ဝေ​ဖန်​မှု​များ​ ​ရင်​ဆိုင်​နေ​ရ​သည့်​ ​ဂျာ​မန်​ကား​မောင်း​သ​မား​က​ ​မိ​မိ​၏​ ​အ​မှား​အ​တွက်​ ​တောင်း​ပန်​ခဲ့​ခြင်း​ဖြစ်​သည်​။​ ဩ​ဂုတ်​လ​ဆန်း​က​ ​ဖြစ်​ပွား​ခဲ့​သော​ ​ကိ​စ္စ​အ​တွက်​ ​ရှူ​မေ​ကာ​ကို​ ​ဖော်​မြူ​လာ​ဝမ်း​ ​ကား​မောင်း​ပြိုင်​ပွဲ​ ​ကျင်း​ပ​ရေး​ ​ကော်​မ​တီ​က​လည်း​ ​အ​ရေး​ယူ​ခဲ့​သည်​။​ ​ရှူ​မေ​ကာ​က​ ​မိ​မိ​နှင့်​ ​ဘာ​ရီ​ချယ်​လို​ကြား​ ​ကြီး​ကြီး​မား​မား​ ​အ​မြင်​မ​ကြည်​မှု​မျိုး​ ​မ​ရှိ​ကြောင်း​၊​ ​ဘာ​ရီ​ချယ်​လို​နှင့်​ ​တွေ့​ဆုံ​စ​ကား​ပြော​ရ​မည်​ ​ဆိုပါ​က​လည်း​ ​ကိ​စ္စ​မ​ရှိ​ကြောင်း​ Spa​မ​ဂ္ဂ​ဇင်း​သို့​ ​ပြော​ကြား​ခဲ့​သည်​။​

​မိ​မိ​အ​နေ​နှင့်​ ​လက်​ရှိ​အ​ချိန်​တွင်​ ​ပြေး​လမ်း​များ​အ​ပေါ်​ ​အာ​ရုံ​စိုက်​ထား​ကြောင်း​၊​ တတ်​နိုင်​သ​မျှ​ ​အ​ကောင်း​ဆုံး​ဖြစ်​အောင်​ ​ကြိုး​စား​ပြီး​ ​အောင်​မြင်​မှု​များ​ ​ရှာ​ဖွေ​သွား​မည်​ဖြစ်​ကြောင်း​ ​ရှူ​မေ​ကာ​က​ဆို​သည်​။​ ၎င်း​က​ ​ယ​ခု​နှစ်​ ​ဖော်​မြူ​လာ​ဝမ်း​ ​ရာ​သီ​တွင်​ ​မော်​ကွန်း​ဝင်​ ​အောင်​မြင်​မှု​မျိုး​ ​ရ​ရှိ​ရန်​ ​မျှော်​လင့်​နေ​ဆဲ​ဖြစ်​ကြောင်း​လည်း​ ​ဝန်​ခံ​ခဲ့​သည်​။​ ၎င်း​သည်​ ​ဖာ​ရာ​ရီ​အ​သင်း​အ​တွက်​ ​ဘာ​ရီ​ချယ်​လို​နှင့်​အ​တူ​ ​မောင်း​နှင်​ပေး​ခဲ့​ပြီး​နောက်​ ​ပြိုင်​ကား​လော​က​မှ​ ​နှစ်​နှင့်​ချီ​ ​အ​နား​ယူ​လိုက်​ပြီး​မှ​ ​မာ​စီ​ဒီး​အ​သင်း​၏​ ​ကမ်း​လှမ်း​မှု​ကြောင့်​ ​တ​ကျော့​ပြန်​ ​ပြိုင်​ပွဲ​ဝင်​ရန်​ ​ဆုံး​ဖြတ်​ခဲ့​ခြင်း​ဖြစ်​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here