​ဆော်​လ​မွန်ငါး​များ​ကို​ ​အ​ခြေ​ခံ​ ထုတ်​လုပ်​မည့်​ ​က​လေး​ အ​စား​အ​သောက်​ ​တီ​ထွင်​မည်

alt

ဆော်​လ​မွန်ငါး​များ​ကို​ ​အ​ခြေ​ခံ​ထုတ်​လုပ်​မည့်​ ​က​လေး​အ​စား​အ​သောက်​ ​တစ်​မျိုး​ကို​ ​အ​မေ​ရိ​ကန်​နိုင်ငံ​ ​အီ​လီ​နိုက်​တ​က္က​သိုလ်​မှ​ ​သု​တေ​သီ​များ​က​ ​တီ​ထွင်​လျက်​ရှိ​သည်​။​

​အ​လက်​စ​ကား​ ​ရေ​ပြင်​တွင်​ ​သ​ဘာ​ဝ​အ​လျောက်​ ​ကျက်​စား​လေ့​ရှိ​သည့်​​ ​ဆော်​လ​မွန်ငါး​များ​တွင်​ ​အို​မီ​ဂါ​-၃​ ​အ​ဆီ​အက်​ဆစ်​များ​ ​ကြွယ်​ကြွယ်​၀၀​ ​ပါ​ဝင်​လျက်​ရှိ​သည်​။​ ​ယင်း​အ​ဆီ​အက်​ဆစ်​သည်​ ​က​လေး​များ​ ငယ်​ရွယ်​စဥ်​တွင်​ ဦး​နှောက်​၊​ ​အာ​ရုံ​ကြော​နှင့်​ ​မျက်​လုံး​များ​ ​ဖွံ့​ဖြိုး​မှု​အ​တွက်​ ​များ​စွာ​အ​ရေး​ပါ​ကြောင်း​ ​အီ​လီ​နိုက်​တ​က္က​သိုလ်​မှ​ ​ဒေါက်​တာ​ဆူ​ဆန်​ဘ​ရီ​ဝါ​နှင့်​ ​ပ​ရော်​ဖက်​ဆာ​ ​ပီ​တာ​ဘစ်​ချ​တယ်​တို့​က​ ​ပြော​ကြား​ခဲ့​သည်​။​ ​

သ​ဘာ​ဝ​အား​ဖြင့်​ ​အို​မီ​ဂါ​-၃​ ​အ​ဆီ​အက်​ဆစ်​သည်​ ​မိ​ခင်​နို့​တွင်​လည်း​ ​ပါ​ဝင်​သည့်​တိုင်​ ​လုံ​လောက်​မှု​ ​မ​ရှိ​ဟု​ ​ဒေါက်​တာ​ဆူ​ဆန်​က​ ​ရှင်း​ပြ​ခဲ့​သည်​။​ ​ထို့​အ​ပြင်​ ​က​လေး​များ​အ​တွက်​ ​အာ​ဟာ​ရ​ပြု​မှု​ကို​ ​ပို​မို​အ​ထောက်​အ​ကူ​ ​ဖြစ်​စေ​မည့်​ ​ကယ်​ဆီ​ယမ်​ဓာတ်​ကို​လည်း​ ငါး​၏​ ​ရိုး​တွင်း​ချဥ်​ဆီ​မှ​ ​ထည့်​သွင်း​ရ​ယူ​ရန်​ ​သု​တေ​သီ​များ​က​ ​ကြိုး​ပမ်း​နေ​သည်​။​ ​ထို့​ကြောင့်​ ​က​လေး​အ​စား​အ​စာ​အ​သစ်​တွင်​ ​အို​မီ​ဂါ​-၃​ ​အ​ဆီ​အက်​ဆစ်​၊​ ​ကယ်​ဆီ​ယမ်​၊​ ​ဒို​ကို​ဟက်​ဆီ​နို​အစ်​အက်​ဆစ်​​ (DHA)နှင့်​ ​ဗီ​တာ​မင်​ D​ ​ဓာတ်​များ​ ​ပါ​ဝင်​မည်​ဖြစ်​သည်​။​ ​မွေး​ကင်း​စ​ ​က​လေး​များ​၏​ ဦး​နှောက်​တွင်​ DHA​ ​၅၀​ ​ရာ​ခိုင်​နှုန်း​ ​ဖွဲ့​စည်း​ပါ​ဝင်​နေ​ကြောင်း​ ​ဒေါက်​တာ​ဆူ​ဆန်​က​ဆို​သည်​။​ ​ယင်း​သည်​ ​က​လေး​များ​၏​ ​အာ​ရုံ​ကြော​ ​တစ်​သျှူး​များ​ကို​ ​ကြံံ့​ခိုင်​ဖွံ့​ဖြိုး​စေ​ကြောင်း​လည်း​ ​သူ​မ​က​ ​ရှင်း​လင်း​ပြော​ကြား​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here