ကွန်​ဂို​ မု​ဒိမ်း​မှု​များ​ အ​တွက်​​ ကု​လ​ သ​မ​ဂ္ဂ​က တိ​တိ​ကျ​ကျ​​ ​စုံ​စမ်း​မည်

alt

ကွန်​ဂို​တွင်​​ ​ဖြစ်​ပွား​ခဲ့​သည့်​ ​အ​မျိုး​သ​မီး​များ​စွာ​ကို​​ ​မု​ဒိမ်း​ကျင့်​ခဲ့​သည့်​ဆို​သော​​ ​သ​တင်း​များ​အ​တွက်​ ​ကု​လ​သ​မ​ဂ္ဂ​က​​ ​တိ​တိ​ကျ​ကျ​ ​စုံ​စမ်း​သွား​မည်​ဟု​​ ​သိ​ရ​သည်​။​

​ကု​လ​သ​မ​ဂ္ဂ​ ​အ​ထွေ​ထွေ​ ​အ​တွင်း​ရေး​မှူး​​ ​မ​စ္စ​တာ​ဘန်​ကီ​မွန်း​က​​ ​ကွန်​ဂို​အ​ရှေ့​ပိုင်း​​ ​လူ​ဗွန်​ဂျီ​မြို့​တွင်​​ ​အ​မျိုး​သ​မီး​ ​၂၀၀​​ ​ခန့်​ထိ​ ​အုပ်​စု​ဖွဲ့​​ ​မု​ဒိမ်း​ကျင့်​ခံ​ရ​သည့်​​ ​အ​ခြေ​အ​နေ​အား​ ​အ​သေး​စိတ်​​ ​စုံ​စမ်း​ရန်​ ​ဝေါ​စ​ထ​ရမ်း​ ဦး​ဆောင်​သည့်​ ​အ​ထူး​ကိုယ်​စား​လှယ်​​ ​အ​ဖွဲ့​အား​ ​စေ​လွှတ်​ခဲ့​သည်​။​​ ​ယင်း​အ​ဖွဲ့​သည်​ ​ဇူ​လိုင်​လ​​ ​၃၀​ ​ရက်​နေ့​မှ​ ဩ​ဂုတ်​လ​​ ​၃​ ​ရက်​နေ့​ထိ​ ​အ​စိုး​ရ​ဆန့်​ကျင်​ရေး​​ ​မိုင်​မိုင်း​သူ​ပုန်​များ​က​​ ​သိမ်း​ပိုက်​ထား​ခြင်း​ကို​​ ​ခံ​ခဲ့​ရ​သည့်​ ​လူ​ဗွန်​ဂျီ​မြို့​တွင်​​ ​အ​နည်း​ဆုံး​ ​အ​မျိုး​သ​မီး​​ ​၁၅၄​ ဦး​မျှ​ ​လိင်​ပိုင်း​ဆိုင်​ရာ​​ ​အ​နိုင်​ကျင့်​ ​စော်​ကား​ခံ​ခဲ့​ရ​မှု​ကို​​ ​စုံ​စမ်း​စစ်​ဆေး​သွား​မည်​ဖြစ်​သည်​။​​ ​သ​တင်း​များ​က​ ​အ​ဆို​ပါ​​ ​အ​မျိုး​သ​မီး​များ​သည်​​ ​သူ​ပုန်​ ​နှစ်ဦး​မှ​​ ​ခြောက်ဦး​ထိ​ ​အုပ်​စု​ဖွဲ့​​ ​ပြု​ကျင့်​မှု​ကို​ ​ခံ​ခဲ့​ရ​ကြောင်း​​ ​ဖော်​ပြ​ခဲ့​သည်​။​

လူ​ဗွန်​ဂျီ​သည်​​ ​ကု​လ​သ​မ​ဂ္ဂ​ ​လက်​အောက်​ခံ​​ ​ငြိမ်း​ချမ်း​ရေး​ ​တပ်​ဖွဲ့​များ​​ ​အ​ခြေ​စိုက်​ရာ​ ​တပ်​စ​ခန်း​နှင့်​​ ​မိုင်​အ​နည်းငယ်​သာ​ ​ကွာ​ဝေး​သည်​။​​ ​စ​ထ​ရမ်း​က​ ​ကွန်​ဂို​တွင်​ ​အ​မျိုး​သ​မီး​များ​ ​တွေ့​ကြံု​ခဲ့​ရ​သည့်​ ​ခြောက်​ခြား​ဖွယ်​ ​ဖြစ်​ရပ်​ဆိုး​အ​တွက်​ ​တတ်​စွမ်း​သ​မျှ​ ​ကြိုး​ပမ်း​ဆောင်​ရွက်​ပေး​သွား​မည်​ဟု​ ​က​တိ​ပြု​ ​ပြော​ကြား​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here