​ဆော်​ဒီ​အာ​ရေ​ဗျ​တွင်​ ​အ​လုပ်​ သွား​လုပ်​သ​ည့်​ ​သီ​ရိ​လ​င်္ကာ​ ​အိမ်​ဖော်​ ​အိမ်​ရိုက်​သံ​များ​ ​ရိုက်​သွင်း​ နှိပ်​စက်​ခံ​ရ

alt

ဆော်​ဒီ​အာ​ရေ​ဗျ​တွင်​ ​အ​လုပ်​သွား​လုပ်​သော​ ​သီ​ရိ​လ​င်္ကာ​ ​အိမ်​ဖော်​အ​မျိုး​သ​မီး​ကြီး​ ​တစ်ဦး​သည်​ ​အိမ်​ရှင်​များ​၏​ ​နှိပ်​စက်​မှု​နှင့်​ ​ကြံု​တွေ့​ခဲ့​ပြီး​ ​ခ​န္ဓာ​ကိုယ်​ထဲ​သို့​ ​အိမ်​ရိုက်​သံ​ ​၂၃​ ​ချောင်း​ ​ရိုက်​သွင်း ​ခံ​ခဲ့​ရ​ကြောင်း​ ​သိ​ရ​သည်​။​

​အ​ရေ​ယာ​ဝက်​သီ​အ​မည်​ရှိ​ ​အ​သက်​ ​၅၀​ ​အ​ရွယ်​ ​အ​မျိုး​သ​မီး​ကြီး​သည်​ ​ကို​လံ​ဘို​မြို့​တော်​သို့​ ပြီး​ခဲ့​သည့်​ ​သီ​တင်း​ပါတ်​က​ ​ပြန်​ရောက်​လာ​ခြင်း​ဖြစ်​သည်​။​ ​သူ​မ​သည်​ ​အ​လွန်​အ​ကျွံ​ ​ခိုင်း​စေ​သည့်​ ​အ​လုပ်​ရှင်​များ​အား​ ​စော​ဒ​က​ ​တက်​မိ​သည့်​နောက်​ ​အ​လုပ်​ရှင်​ ​ဇ​နီး​မောင်​နှံ​က​ ​မီး​ဖုတ်​ထား​သည့်​ ​သံ​ချောင်း​များ​ကို​ ​သူ​မ​၏​ ​ခ​န္ဓာ​ကိုယ်​ထဲ​ ​ရိုက်​သွင်း​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​အ​များ​စု​သည်​ ​ခြေ​နှင့်​လက်​များ​တွင်​ ​အ​ရိုက်​သွင်း​ခံ​ရ​ပြီး​ ​သူ​မ​အ​နေ​နှင့်​ ​သံ​ချောင်း​မည်​မျှ​ဖြင့်​ ​အ​ရိုက်​ခံ​ရ​သည်​ကို​ ​မ​မှတ်​မိ​တော့​ကြောင်း​ ​အ​ရေ​ယာ​ဝက်​သီ​အား​ ​တာ​ဝန်​ယူ​ ​ကု​သ​ပေး​နေ​သည့်​ ​ဒေါက်​တာ​ ​ပ​ရာ​ဘက်​ဂါ​ဂျာ​ဒ​ရာ​က​ ​ပြော​ကြား​ခဲ့​သည်​။​

​သူ​မ​၏​ ​ခ​န္ဓာ​ကိုယ်​အ​တွင်း​ရှိ​ ​သံ​ချောင်း​အား​လုံး​ကို​ ​ဖယ်​မ​ထုတ်​ပေး​ရ​သေး​သော်​လည်း​ ​အ​သက်​အ​န္တ​ရာယ်​ ​စိုး​ရိမ်​လောက်​အောင်​ ​မ​ရှိ​တော့​ဟု​ ​သိ​ရ​သည်​။​ ​ဒေါက်​တာ​ပ​ရာဘက်​က​ ​အ​မျိုး​သ​မီး​ကြီး​၏​ ​ခြေ​ထောက်​အတွင်း​ရှိ​ ​သံ​လေး​ချောင်း​က​ ​လမ်း​လျှောက်​ရန်​ ​အ​ခက်​အ​ခဲ​ ​ဖြစ်​နေ​စေ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​သူ​မ​၏​ ​ခြေ​လက်​များ​အ​တွင်း​ ​သံ​ချောင်း​များ​ ​အ​ရိုက်​သွင်း​ ​ခံ​ရ​သည့်​အ​ပြင်​ ​မျက်​လုံး​အ​ပေါ်​ဖက်​တွင်​ပါ​ ​သံ​ချောင်း​တစ်​ချောင်း​ ​ဝင်​နေ​ကြောင်း​ ​ဓာတ်​မှန်​မှတ်​တမ်း​များ​က​ ​ဖော်​ထုတ်​နိုင်​ခဲ့​သည်​။​ ​အာ​ရေ​ယာ​ဝက်​သီ​၏​ ​ခ​န္ဓာ​ကိုယ်​အ​တွင်း​ ​အ​ရှည်​တစ်​လက်​မ​နှင့်​ ​နှစ်​လက်​မ​အ​ရွယ်​ ​သံ​ချောင်း​များ​ ​ရိုက်​သွင်း​ခံ​ရ​မှု​နှင့်​ သီ​ရိ​လ​င်္ကာ​ ​အ​လုပ်​သ​မား​ရေး​ရာ​ ​ဌာ​န​က​ ​ဆော်​ဒီ​အ​စိုး​ရ​ထံ​ ​အ​ရေး​ဆို​သွား​မည်​ဟု​ ​သိ​ရ​သည်​။​

​ဆင်း​ရဲ​နွမ်း​ပါး​သည့်​ ​သီ​ရိ​လ​င်္ကာ​မှ​ ​လူ​ပေါင်း​ ​၂​ ​သန်း​နီး​ပါး​သည်​ ​ယ​မန်​နှစ်​က​ ပြည်​ပ​နိုင်ငံ​များ​တွင်​ ​သွား​ရောက်​အ​လုပ်​လုပ်​ခဲ့​ပြီး​ ​ဆော်​ဒီ​သို့​ ​သွား​ရောက်​သူ​ ​၄​ ​သိန်း​ကျော်​ ​ရှိ​ခဲ့​သည်​။​ ​အ​များ​စု​သည်​ ​လူ​မှု​ရေး​အ​ရ​ ​အ​နိုင်​ကျင့်​ ​ဖိ​နှိပ်​မှု​များ​ ​ကြံုခဲ့​ရ​ပြီး​ ဥ​ပ​ဒေ​ကြောင်း​အ​ရ​ ​အ​ကာ​အ​ကွယ်​ ​ပေး​မည့်​သူ​ ​မ​ရှိ​ကြောင်း​ ​သ​တင်း​များ​က​ ​ဖော်​ပြ​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here