နေ့​စဥ်​ဝိုင်​သောက်​သည့်​​ ​အ​မျိုး​သ​မီး​များ​​ ​ရင်​သား​ ကင်​ဆာ ​ပို​ဖြစ်​နိုင်

alt

နေ့စဥ် ဝိုင် တစ်ခွက်မျှ စွဲစွဲမြဲမြဲ သောက်သုံး နေသော အမျိုးသမီးများသည် ရင်သား ကင်ဆာ ခြိမ်းခြောက်မှုကို သာမန်ထက် တွေ့ကြံု ရနိုင်ကြောင်း သုတေသီများက သတိ ပေးခဲ့သည်။

အမေရိကန်ရှိ ပညာရှင်များက တစ်ပါတ်လျင် ဝိုင် ရ ခွက်မျှ သောက်နေသည့် အမျိုးသမီးများသည် ရင်သား ကင်ဆာ ဖြစ်နိုင်ခြေ နှစ်ဆမျှ မြင့်တက် လာနိုင်ကြောင်း ပြောကြား ခဲ့သည်။ ရင်သား ကင်ဆာသည် အမျိုးသမီးထုတွင် အဖြစ် အများဆုံး ကင်ဆာ တစ်မျိုး ဖြစ်ပြီး အသက် ၄၅ နှစ်မှ ၅၅ နှစ်​ ကြား အရွယ်တွင် ပိုမို​ အဖြစ်များသည်။ အမေရိကန်​ နိုင်ငံ၊ ဖရက်ဟက်ချီဆင် ကင်ဆာ သုတေသန ဌာနမှ ပညာရှင်များသည် အမျိုးသမီး ကိုးသောင်းကျော်၏ အရက်သောက်မှု အလေ့အထကို လေ့လာ​ ခဲ့ခြင်း​ ဖြစ်သည်။ ဆီယက်တယ်ရှိ ပညာရှင်များ ဖော်ထုတ်​ တွေ့ရှိမှု​ အရ ဝိုင်​ အရက် ပုံမှန်​ သောက်သုံးသော အမျိုးသမီးများသည် ရင်သား​ ကင်ဆာ ဖြစ်ပေါ်​ နိုင်သည့် အကြိတ်များ ပေါ်ထွက်လာနိုင်ခြေ သာမန်ထက် ၁.၈၂ ရာခိုင်နှုန်းမျှ ပိုများ​ နေတတ်ကြောင်း သိရသည်။ ယင်း​သို့​​ ဖြစ်ရခြင်းမှာ ဝိုင်​ အရက်သည် Oestrogen ဟိုမုန်းအား လှုံ့ဆော်​ ပေးခြင်းကြောင့်ဟု ယူဆရပြီး အယ်ကိုဟော​ ဓာတ်ကြောင့်မူ ရင်သား​ ကင်ဆာ ဖြစ်နိုင်ခြေ မြင့်တက်​ လာမှု မရှိနိုင်ကြောင်း သိရသည်။

ယခုသုတေသန လုပ်ငန်းတွင် ပါဝင်ခဲ့သည့် ဒေါက်တာ​ ခရစ်စတိုဖာလီက ဝိုင်အရက်ကို တစ်ပါတ်လျင် ရ ခွက်အထက် သောက်သုံးခြင်းက ကင်ဆာကို ဖိတ်ခေါ်နေသလို ဖြစ်နိုင်ကြောင်း၊ ဖြစ်နိုင်လျင် ဝိုင်ကို လျှော့သောက်သင့်ပြီး တစ်ပါတ်လျင် ၁၄ ခွက်ထက် ပိုသောက်ခြင်းမျိုးကိုမူ လုံးဝရှောင်ကြဥ်သင့်ကြောင်း အကြံပြု ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here