တိုက်​ဂါး​ဝုဒ်​​ အ​ရှုပ်​အ​ထွေး​များ​နှင့်​​ ​ပတ်​သက်​ပြီး​​ အီ​လင်​နော်​ဒီ​ဂ​ရန်က​ မိ​မိ​​ ကိုယ်​ကို​ ​အ​ပြစ်​တင်​

alt

သူ​မ​အ​နေ​နှင့်​​ ​ခင်​ပွန်း​ဟောင်း​၏​ ​အ​ရှုပ်​အ​ထွေး​များ​နှင့်​​ ​ပတ်​သက်​ပြီး​ ​မိ​မိ​ကိုယ်​ကိုယ်​​ ​အ​သုံး​မ​ကျ​ဟု​ ​ခံ​စား​မိ​ပြီး​​ ​ရှက်​လည်း​ ​အ​လွန်​ရှက်​ခဲ့​ကြောင်း​​ ​အီ​လင်​နော်​ဒီ​ဂ​ရန်​က​​ ​ပြော​ကြား​ခဲ့​သည်​။

​​ ​မ​ကြာ​သေး​မီ​က​မှ​ ​က​မ္ဘာ​ကျော်​​ ​ဂေါက်​သီး​သ​မား​ ​တိုက်​ဂါး​ဝုဒ်​နှင့်​​ ​ကွာ​ရှင်း​ခဲ့​သည့်​ ​ဆွီ​ဒင်​မော်​ဒယ်​ဟောင်း​က​​ ​ဝုဒ်​နှင့်​ ​အ​ခြား​မိန်း​က​လေး​များ​ ​ဇာတ်​ရှုပ်​မှု​များ​ ​ထွက်​ပေါ်​လာ​ချိန်​တွင်​ ​အ​လွန်​ပင်​ ​အံ့ဩ​သွေး​ပျက်​မိ​ကြောင်း​ People​မ​ဂ္ဂ​ဇင်း​သို့​ ​ဝန်​ခံ​ပြော​ဆို​သွား​သည်​။​ ​သုံး​နှစ်​ခွဲ​မျှ​ ​အိမ်​ထောင်​သက်​အ​တွင်း​ ​သူ​မ​သည်​ ​ဝုဒ်​၏​ ​အ​ကျင့်​အ​ကြံ​နှင့်​ ​ပတ်​သက်​ပြီး​ ​သံ​သ​ယ​ ​မ​ရှိ​ခဲ့​ကြောင်း​၊​ ​သို့​သော်​လည်း​ ​အ​ရာ​အား​လုံး​ ​လွဲ​မှား​သွား​ခဲ့​ကြောင်း​၊​ ​သူ​မ​သည်​ ​က​လေး​နှစ်ဦး​အား​ ​ကိုယ်​ဝန်​ဆောင်​စဥ်​ ​ကာ​လ​များ​က​ ​အိမ်​တွင်​သာ​ ​အ​နေ​များ​ခဲ့​ပြီး​ ​ဝုဒ်​သည်​ ​ကွယ်​ရာ​တွင်​ ​စိတ်​တိုင်း​ကျ​ ​ပျော်​ပါး​နေ​ခဲ့​ကြောင်း​ ​အ​သက်​ ​၃၀​ ​အ​ရွယ်​ ​အီ​လင်​က​ဆို​သည်​။​ ​ဝုဒ်​နှင့်​ ​ဇာတ်​ရှုပ်​ခဲ့​သည့်​ ​အ​မျိုး​သ​မီး​များ​ ​တစ်ဦး​ပြီး​တစ်ဦး​ ​ထွက်​ပေါ်​လာ​လေ​လေ​၊​ ​မိ​မိ​ကိုယ်​ကိုယ်​ ​အ​သုံး​မ​ကျ​သူ​အ​ဖြစ်​ ​ခံ​စား​ရ​လေ​လေ​ဟု​လည်း​ ​အီ​လင်​က​ ​ပြော​ကြား​သွား​သည်​။​

​သူ​မ​သည်​ ​ဝုဒ်​နှင့်​ ​တ​ရား​ဝင်​ ​ကွာ​ရှင်း​မှု​ကို​ ​ယ​ခု​သီ​တင်း​ပါတ်​ ​အ​စော​ပိုင်း​က​ ​ပြု​လုပ်​ခဲ့​ပြီး​နောက်​ ​ဒေါ်​လာ​သန်း​ပေါင်း​ ​ရာ​နှင့်​ချီ​ ​နစ်​နာ​ကြေး​ ​ရ​ခဲ့​ဖွယ်​ရှိ​ကြောင်း​ ​သ​တင်း​များ​က​ ​သုံး​သပ်​ဖော်​ပြ​ခဲ့​သည်​။​ ​ဝုဒ်​သည်​ ​အီ​လင်​နှင့်​ ​အိမ်​ထောင်​ကျ​နေ​စဥ်​ ​အ​နည်း​ဆုံး​ ​အ​မျိုး​သ​မီး​ ​၁၉​ ဦး​နှင့်​ ​ဖောက်​ပြန်​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here