Gmail​ ​တွင်​ ​အ​ခ​မဲ့​ ​ဖုန်း​ခေါ်​ဆို​နိုင်​သည့်​ ဝန်​ဆောင်​မှု​​သစ် ​ပါ​ရှိ​လာ

alt

Google​ ​သည်​ ၎င်း​၏​ Email​​ စ​နစ်​ဖြစ်​သော​ Gmail​တွင်​ ​အ​ခ​မဲ့​ ​ဖုန်း​ခေါ်​ဆို​ရေး​ ​ဝန်​ဆောင်​မှု​ ​တစ်​ခု​အား​ ​ထည့်​သွင်း​ပေး​လိုက်​ပြီ​ဖြစ်​သည်​။​ ​အ​မေ​ရိ​ကန်​နှင့်​ ​က​နေ​ဒါ​တို့​ရှိ​ Gmail​ သုံး​စွဲ​သူ​များ​သည်​

မိုက်​က​ရို​ဖုန်း​ ​တပ်​ဆင်​ထား​သော​ ​ကွန်​ပျူ​တာ​များ​ကို​ ​အ​သုံး​ပြု​ကာ​ ​အ​နည်း​ဆုံး​ ​ယ​ခု​နှစ်​ကုန်​ထိ​ ​တစ်​က​မ္ဘာ​လုံး​သို့​ ​အ​ခ​မဲ့​ ​ဖုန်း​ခေါ်​ခွင့်​ ​ရ​ရှိ​မည်​ဖြစ်​သည်​။​ Skype​ က​ ​အ​မေရိ​ကန်​တွင်​ ​ဖုန်း​ခေါ်​မှု​ကို​ ​တစ်​မိ​နစ်​လျင်​ ​၁.​၂​ ​မှ​ ​၂.​၁​ ​ဆင့်​ကြား​ ​ငွေ​ကြေး​ရ​ယူ​ကာ​ ​ဝန်​ဆောင်​မှု​ ​ပေး​နေ​ချိန်​တွင်​ Google​ က​ ​ယ​ခု​လို​ ​အ​ခ​မဲ့​စ​နစ်​ဖြင့်​ ​ယှဥ်​ပြိုင်​လာ​ခြင်း​ဖြစ်​သည်​။​ Google ​က​ ​နိုင်ငံ​တ​ကာ​သို့​ ​ဖုန်း​ခေါ်​မှု​များ​ကို​ ​တစ်​မိ​နစ်​လျင်​ ​၂​ ​ဆင့်​ကျော်​မျှ​ဖြင့်​ ​ပြု​လုပ်​ခွင့်​ ​ပေး​သွား​နိုင်​ရန်​ ​မျှော်​လင့်​နေ​သည်​။​ Google​ ၏​​ ​ဝန်​ဆောင်မှု​ ​အ​သစ်​အ​ရ​ ​ဖုန်း​နံ​ပါတ်​ ​တစ်​ခု​ကို​ ​ပိုင်​ဆိုင်​ပြီး​ဖြစ်​စေ​၊​ Google​ မှ​ ​နံ​ပါတ်​တစ်​ခု​ကို​ ​ရ​ယူ​ပြီး​ဖြစ်​စေ​ ​မိ​မိ​၏​ ​ကွန်​ပျူ​တာ​ဖြင့်​ ​ဖုန်း​လက်​ခံ​ ​ပြော​နိုင်​မည်​ဟု​ ​သိ​ရ​သည်​။​ Google​ Voice​​ က​ ​ပြီး​ခဲ့​သည့်​ ​နှစ်​လ​တွင်​ Invite​ ပြု​လုပ်​သော​ ​နံ​ပါတ်​များ​ ​အား​လုံး​ကို​ ​စ​တင်​လက်​ခံ​လာ​ပြီး​နောက်​ ​ယ​ခု​ ​အင်​တာ​နက်​ ​ဖုန်း​ခေါ်​ဆို​မှု​ ​စ​နစ်​သစ်​ကို​ပါ​ ​စ​တင်​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​အ​မေ​ရိ​ကန်​နှင့်​ ​က​နေ​ဒါ​ရှိ​ ​ဖုန်း​နံ​ပါတ်​များ​ဖြင့်​ ​ခေါ်​ဆို​သူ​များ​ အ​နေ​နှင့်​ ​နိုင်ငံ​တ​ကာ​သို့​ ​ဖုန်း​ခေါ်​မှု​များ​အား​ ​ငွေ​ကုန်​ကြေး​ကြ​ ​မ​ရှိ​ဘဲ​ ​ပြု​လုပ်​နိုင်​မည်​ဟု​ Google​ က​ဆို​သည်​။​

Google​ သည်​ Gmail​ တွင်​ Google​ Voice ​အား​ ​စ​တင်​ထည့်​သွင်း​ပြီး​ ​က​တည်း​က​ ​နိုင်ငံ​တ​ကာ​သို့​ ​အင်​တာ​နက်​မှ​ ​ဖုန်း​ခေါ်​ဆို​သည့်​ ​ဝန်​ဆောင်​မှု​ ​နယ်​ပယ်​အ​တွင်း​ ​ဝင်​ရောက်​ရန်​ ​စီ​စဥ်​ နေ​ခဲ့​ခြင်း​ ဖြစ်​သည်​။​ ​လက်​ရှိ​အ​ချိန်​တွင်​ ​ယင်း​ေ​ဈး​ကွက်​ကို​ Skype​ က​ ဦး​ဆောင်​ထား​ဆဲ​ဖြစ်​သည်​။​ Skype​ တွင်​ Register ​ပြု​လုပ်​ထား​သူ​ User​ ပေါင်း​ ​သန်း​ ​၅၆၀​ ​ရှိ​ကြောင်း​လည်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here