​အ​င်္ဂါ​ရုပ်​ကို​ ​မ​ဖုံး​ဖိ​ဘဲ​ ​ဓား​ပြ​ တိုက်​မိ​တဲ့​ ​ဘေ​ဂျင်း​မြို့​သား​ ​အ​လွယ်​တ​ကူ​ အ​ဖမ်း​ခံ​ လိုက်​ရ

alt

မိမိ၏ အင်္ဂါရုပ်တွင် ထင်ထင်ရှားရှား ဖြစ်နေသည့် လက္ခဏာကို မဖုံးဖိဘဲ ဓားပြ တိုက်ခဲ့သူ တစ်ဦးမှာ အလွယ်တကူပင် ဖမ်းဆီးခြင်း ခံလိုက်ရသည်။ အသက် ၄၃ နှစ် အရွယ်ရှိ ဘေဂျင်းမြို့သား လီဟန်သည် သွား လုံးဝ မရှိသူ တစ်ဦး ဖြစ်သည်။

၎င်းသည် ဘေဂျင်းရှိ ဘဏ်တစ်ခုကို ဓားပြတိုက်ရန် ကြိုးစားခဲ့ပြီးနောက် စံချိန် တင်လောက်သည့် အမြန် နှုန်းဖြင့်ရဲများက ဖမ်းမိ သွားခြင်းဖြစ်သည်။ ဘဏ်ဝန်ထမ်းများက ဓားပြသည် သွားမရှိကြောင်း ပြောကြားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က မှတ်တမ်းဟောင်းရှိသူ လီအား မသင်္ကာဖြစ်ကာ ချက်ချင်း ဖမ်းခဲ့ခြင်းဖြစ်သည်။ လီသည် ပြစ်မှုအတွက် ဝန်ခံ ခဲ့ပြီးနောက် ထောင်ဒဏ် ၁၅ နှစ်ထိ ကျခံရဖွယ် ရှိနေသည်။

ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိက လီသည် သွားမရှိသောကြောင့် သူပြောသောစကားသံမှာလည်း မပီသဟုဆိုသည်။ လီသည် ဓားပြတိုက်ရန် ကြိုးစားရင်း စကားမပီသဖြင့် အခက်တွေ့ခဲ့ကြောင်း၊ ၎င်း၏ စကားကို ဘဏ်စာရေးမက လေးငါးကြိမ် နားထောင်ပြီးမှ ဘာဆိုလိုမှန်း သဘောပေါက်ခဲ့ကြောင်း ယင်းရဲအရာရှိက ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here