ပဲ​ရစ်​ဟီ​တန်​နေ​အိမ်​ကို​​ ​ကျူး​ကျော်​​ ဝင်​ရောက်​ရန်​ ​ကြိုး​ပမ်း​သူအား​​ ​ရဲ​တပ်​ဖွဲ့​​ ဖမ်း​ဆီး

alt

ပဲ​ရစ်​ဟီ​တန်​၏​​ ​နေ​အိမ်​သို့​ ​ကျူး​ကျော်​ဝင်​ရောက်​ရန်​​ ​ကြိုး​ပမ်း​ခဲ့​သူ​ ​တစ်ဦး​အား​​ ​ရဲ​များ​က​ ​ဖမ်း​ဆီး​လိုက်​သည်​။​​ ​အ​သက်​ ​၂၈​ ​နှစ်​အ​ရွယ်​​ ​ဟော​လီး​ဝုဒ်​ Socialite​​ အ​ဖြစ်​​ ​ကျော်​ကြား​သည့်​ ​

ဟီ​တန်​သည်​ ဩ​ဂုတ်​လ​ ​၂၃​ ​ရက်​နေ့​က​​ ​လော့စ်​အိန်​ဂျယ်​လိစ်​​ ​ရဲ​တပ်​ဖွဲ့​ထံ​ ​ဆက်​သွယ်​ကာ​​ ​သူ​မ​၏အိမ်​သို့​ ​လူ​တစ်ဦး​​ ​ကျူး​ကျော်​ဝင်​ရောက်​ရန်​​ ​ကြိုး​ပမ်း​နေ​ကြောင်း​​ ​ပြော​ကြား​ခဲ့​သည်​။

​​ ​ရဲ​တပ်​ဖွဲ့​သည်​ ​အ​လျင်​အ​မြန်​​ ​ရောက်​ရှိ​လာ​ပြီး​နောက်​​ ​ဟီ​တန်​၏​အိမ်​သို့​ ​ကျူး​ကျော်​ရန်​​ ​ကြံ​စည်​နေ​သည့်​ ​န​သန်​လီ​ပ​ရက်​ဒါ​အ​မည်​ရှိ​​ ​ပု​ဂ္ဂိုလ်​အား​ ​ဖမ်း​ဆီး​ခဲ့​သည်​။​​ ​ရဲ​များ​၏​ ​အ​ဆို​အ​ရ​​ ​န​သန်​တွင်​ ​ကြီး​မား​သော​​ ​ဓား​နှစ်​ချောင်း​လည်း​​ ​ပါ​လာ​ကြောင်း​ ​သိ​ရ​သည်​။​​ ​ဖောက်​ထွင်း​မှု​အ​တွက်​​ ​ပြစ်​မှု​မှတ်​တမ်း​ဟောင်း​​ ​ရှိ​နေ​သည့်​ ​န​သန်​၏​​ ​အိမ်​အ​တွင်း​ ​ဝင်​ရော​က်​လို​သော​​ ​ရည်​ရွယ်​ချက်​ကို​ ​တိ​တိ​ကျ​ကျ​​ ​မ​သိ​ရ​သေး​ချေ​။​ ​ရဲ​များ​သည်​ ၎င်း​အား​ ​ဖမ်း​ဆီး​ထား​ပြီး​​ ​အာ​မ​ခံ​ကြေး​ ​ဒေါ်​လာ​​ ​၅၀၀၀၀​ ​သတ်​မှတ်​ထား​လိုက်​သည်​။​​ ​

ဟီ​တန်​သည်​ ​န​သန်​အား​​ ​သူ​မ​၏​ ​ခြံ​တွင်​ ​တပ်​ဆင်​ထား​သည့်​​ ​လုံ​ခြံု​ရေး​ ​ကင်​မ​ရာ​မှ​​ ​တွေ့​ရှိ​ခဲ့​ခြင်း​ဖြစ်​သည်​။​​ ​သူ​မ​အ​နေ​နှင့်​ ​အ​လွန်​ထိတ်​လန့်​ခဲ့​မိ​ကြောင်း​​ ​ဟီ​တန်​က​ ​ပ​ရိ​သတ်​အား​ Twitter ​မှ​တ​ဆင့်​ ​ပြော​ကြား​ခဲ့​သည်​။​​ ​သူ​မ​က​ ​အ​ကြောင်း​ကြား​ပြီး​​ ​အ​ချိန်​ပိုင်း​လေး​ ​အ​တွင်း​မှာ​ပင်​​ ​အ​ကောင်း​ဆုံး​ ​အ​ရေး​ယူ​​ ​ဆောင်​ရွက်​ခဲ့​သည့်​​ ​လော့စ်​အိန်​ဂျယ်​လိစ်​​ ​ရဲ​တပ်​ဖွဲ့​ကို​လည်း​​ ​ချီး​ကျူး​ပြော​ဆို​သွား​ခဲ့​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here