​ဆေး​လိပ်​သောက်​ခြင်း​ကြောင့်​​ ​အ​မျိုး​သ​မီး​များ​​ ​ရင်​သား​ ကင်​ဆာ ​ဖြစ်​နိုင်​ခြေ​မြင့်

alt

ထိုင်​ဝမ်​မှ​​ ​သု​တေ​သီ​များ​က​ ​ဆေးလိပ်​သောက်​ခြင်း​ကြောင့်​​ ​အ​မျိုး​သ​မီး​များ​ ​ရင်​သား​ကင်​ဆာ​​ ​ဖြစ်​နိုင်​ခြေ​ကို​ ​မြင့်​တက်​လာ​စေ​နိုင်​ကြောင်း​​ ​သ​တိ​ပေး​ ​ပြော​ကြား​လိုက်​သည်​။​​

​ထိုင်​ပေ​မြို့​ရှိ​ ​ထိုင်​ပေ​ဆေး​တ​က္က​သိုလ်​မှ​​ ​ဒေါက်​တာ​ယွန်​ဆူး​ဟို​က​​ ​ဆေး​လိပ်​တွင်​ ​ပါ​ဝင်​သော​​ ​နီ​ကို​တင်း​ဓာတ်​သည်​​ ​ကင်​ဆာ​ဖြစ်​စေ​သည့်​​ ​မော်​လီ​ကျူး​များ​ ​မြင့်​တက်​လာ​စေ​သော​​ ​အ​ဓိ​က​ ​အ​ကြောင်း​ရင်း​တစ်​ရပ်​အ​ဖြစ်​​ ​သ​တိ​ပေး​သွား​သည်​။​​ ​ယွန်​နှင့်​ ​လုပ်​ဖော်​ကိုင်​ဖက်​များ​သည်​​ ​နီ​ကို​တင်း​ဓာတ်​က​ ​လူ​သား​များ​တွင်​​ ​ရင်​သား​ကင်​ဆာ​ ​ဖြစ်​ပေါ်​စေ​သည့်​ Alpha​ 9​ ​မော်​လီ​ကျူး​များ​ကို​​ ​လှုံ့​ဆော်​ပွား​များ​စေ​ကြောင်း​​ ​တွေ့​ရှိ​ခဲ့​သည်​။​ ​ထိုင်​ဝမ်​အ​မျိုး​သား​​ ​ကင်​ဆာ​ပ​ညာ​ရေး​ဌာ​န​က​​ ​ထုတ်​ဝေ​သည့်​ ​ဂျာ​နယ်​တွင်​​ ​ယ​ခု​တွေ့​ရှိ​ချက်​အား​​ ​ဖော်​ပြ​ထား​ပြီး​ ​နီ​ကို​တင်း​ဓာတ်​၏​​ ​လှုံ့​ဆော်​မှု​သည်​ ​ကင်​ဆာ​က​နဦး​​ ​အ​ဆင့်​ထက်​ ​ရော​ဂါ​ကျွမ်း​နေ​ချိန်​တွင်​​ ​ပို​မို​ဆိုး​ရွား​စွာ​​ ​ပေါ်​ထွက်​လာ​တတ်​ကြောင်း​​ ​ဖော်​ပြ​ထား​သည်​။​

​ယွမ်​နှင့်​​ ​သု​တေ​သီ​များ​သည်​ ​အ​မည်​ဖော်​ပြ​မ​ထား​သည့်​​ ​ရင်​သား​ကင်​ဆာ​ ​ဝေ​ဒ​နာ​ရှင်​​ ​၂၇၆​ ဦး​ထံ​မှ​ ​ရ​ရှိ​သည့်​​ ​ကင်​ဆာ​ကြိတ်​များ​အား​​ ​ထိုင်​ပေ​ဆေး​တ​က္က​သိုလ်​ပိုင်​​ ​ဆေး​ရုံ​တွင်​ ​သု​တေ​သ​န​ပြု​ခဲ့​ခြင်း​ဖြစ်​သည်​။​​ ​တွေ့​ရှိ​ချက်​အ​ရ​ ​ရော​ဂါ​အ​ခြေ​အ​နေ​​ ​ပြင်း​ထန်​ချိန်​တွင်​​ ​ဆေး​လိပ်​သောက်​သူ​များ​၏​​ ​ကင်​ဆာ​ကြိတ်​များ​သည်​​ ​ရော​ဂါ​ပို​မို​ ​ဆိုး​ရွား​စေ​သည်​ကို​​ ​ညွှန်​ပြ​နေ​ကြောင်း​လည်း​​ ​ယွန်​က​ ​ရှင်း​ပြ​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here