မြန်မာနိုင်ငံ​ စာပေနှင့်​ စာနယ်ဇင်းအဖွဲ့ ခေါင်းဆောင်များ နိုင်ငံရေး​ အတွက် နှုတ်ထွက်

alt

နိုင်ငံရေး​ နယ်ပယ်သို့ ကူးပြောင်းမည်​ ဖြစ်သဖြင့် မြန်မာ​ နိုင်ငံ စာပေနှင့်​ စာနယ်ဇင်း​ အဖွဲ့မှ ဥက္ကဋ္ဌ ဦးတင်ခ (တက္ကသိုလ်​ တင်ခ)၊ ဒုတိယ​ ဥက္ကဋ္ဌ ဒေါက်တာ​ တင်ထွန်းဦး၊ ဗဟို​ ကော်မတီဝင်များ ဖြစ်ကြသည့် ဦးအောင်ငြိမ်းနှင့် ဦးလှထွန်း (လှထွန်း​ -​ တွံတေး) တို့သည် (၂၇-၈-၂၀၁၀) ရက်နေ့မှ

စကာ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်း​ အဖွဲ့ဝင်​ အဖြစ်မှ နှုတ်ထွက်လွှာ​ တင်ခဲ့​ ကြကြောင်း သိရှိရသည်။ မြန်မာ​ နိုင်ငံ​ စာပေနှင့်​ စာနယ်ဇင်း​ အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ (၂) ဆရာ လယ်တွင်းသား စောချစ်က ခေတ္တ ဥက္ကဋ္ဌ အဖြစ် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း​ အဖွဲ့အား ဆက်လက်​ တာဝန်ယူ​ သွားမည် ဖြစ်ကြောင်း သိရှိရသည်။​ မြန်မာ​ နိုင်ငံ စာပေနှင့်​ စာနယ်ဇင်း​ အဖွဲ့မှ နှုတ်ထွက်လွှာ​ တင်ခဲ့သူ​များ​သည်​ ​၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ လ ရ ရက်နေ့တွင် ကျင်းပ​ သွားမည့် စစ်အစိုရ၏ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် ဖြစ်နိုင်ကြောင်း သိရပြီး၊ ကြံ့ဖွံ့ပါတီ (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ဘက်မှ​ နေ၍ လွတ်တော်​ ကိုယ်စားလှယ် အဖြစ် ဝင်ရောက် အ​ရွေး​ချယ်​ခံမည်ဖြစ်ကြောင်း သတင်းများထွက်လျှက်ရှိသည်​။​​ ဒေါက်တာတင်ထွန်းဦးသည်​ စစ်​အ​စိုး​​ ​ပြန်​ကြား​​ရေးဝန်​ကြီး​ဦး​​ကျော်​ဆန်း​နှင့​်​ ​အ​ဆက်​အ​သွယ်​​ ရှိ​သူ​ဟု​ ​သ​တင်း​များ​​ ထွက်​နေ​သူ​လည်း​​ ​ဖြစ်​သည်​။​​​

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သော ကြံ့ဖွံ့ပါတီသည် ဧပြီလ ၂၉ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ၌ တည်ထောင်ခွင့်​ လျှောက်ထားခဲ့ပြီး မေလ ၄ ရက်နေ့တွင် တည်ထောင်ခွင့်ရရှိခဲ့သည်။ ယင်း နောက် ဇွန်လ ၁ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့​ကာ ဇွန်လ ၈ ရက်နေ့တွင် ပါတီ​ မှတ်ပုံတင်ခွင့် ရရှိခဲ့သည်။

နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ ၄၇ ပါတီဖြစ်ပြီး မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ၄၂ ပါတီကို ခွင့်ပြုပြီး ဖြစ်ကာ ထို ၄၂ ပါတီအနက် ၂၆ ပါတီကသာ ပါတီဝင်​ အင်အားစာရင်း တင်ပြခဲ့​​သေး​​ကြောင်း​​ ​သိ​ရှိ​ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here