​လုပ်​ဖော်​ကိုင်​ဖက်​၏​ သောက်​ရေ​ဘူး​ အ​တွင်း​​ ​သုတ်ရည်​​ ထည့်ထား​သူ​ ​စွဲ​ချက်​တင်​ခံ​ရ

alt

အမေရိကန် နိုင်ငံ၊ ကယ်လီဖိုးနီးယားတွင် နေထိုင်သူ အမျိုးသား တစ်ဦးသည် အလုပ်ခွင်မှ လုပ်ဖော် ကိုင်ဖက် အမျိုးသမီး တစ်ဦး၏ သောက်ရေဘူး အတွင်း ၎င်း၏ သုက်ရည်ကို ထည့်ထားကြောင်း ဖော်ထုတ် တွေ့ရှိ ပြီးနောက် စွဲချက် တင်ခံ ထားရသည်။

၎င်းသည် ရာဇဝတ်မှု အသေးစား အဖြစ် စွဲချက်တင် ခံထားရ သလို လိင်နှင့် ပတ်သက်ပြီး ဖောက်ပြန် တိုက်ခိုက် တတ်သူ အဖြစ်လည်း ရဲအဖွဲ့က မှတ်တမ်း တင်ထားခဲ့သည်။ အသက် ၃၁ နှစ်အရွယ် မိုက်ကယ်ကီဗင် လာလီနာအား စော်ကား ရမ်းကားရန် ကြံစည်မှုဖြင့်လည်း တရားစွဲ နိုင်ရန် ကြိုးပမ်းနေပြီး ၎င်း ပြုလုပ်ခဲ့သော ကိစ္စသည် လိင် ရာဇဝတ်မှုနှင့် ဆက်နွယ် နေကြောင်း အစိုးရ ရှေ့နေများကဆိုသည်။ မိုက်ကယ်နှင့် ၎င်း အကောက်ကြံခဲ့သည့် အမျိုးသမီးတို့ နှစ်ဦးလုံးသည် အနောက်မြောက်ပိုင်း မန်တူရယ်မောတေ့ ကုမ္ပဏီတွင် အလုပ်လုပ်နေသူများဖြစ်သည်။ အမျိုးသမီးသည် ဇန်နဝါရီလအတွင်းက သူမရေသောက်စဥ် မူမမှန်သော သရိုးသရီ ခံစားချက်မျိုး ဖြစ်ပေါ်ခဲ့ကြောင်း ရဲများအား တိုင်ကြားခဲ့သည်။ ထို့နောက် ဧပြီလတွင်လည်း ရေသောက်ရင်း အလားတူ လက္ခဏာများ ဖြစ်လာပြီးနောက် ရေဘူးကို ဓာတ်ခွဲခန်းသို့ ပို့ခဲ့ရာမှ အမျိုးသား တစ်ဦး၏ သုက်ပိုးများ ပါရှိနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

စုံထောက်များက ဆက်လက်စစ်ဆေးရာ ယင်းသည် မိုက်ကယ်၏ DNA နှင့် တိုက်ဆိုင်တူညီကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ ၎င်းသည် လိင်နှင့်ပတ်သက်ပြီး မပွင့်လင်းသော ပေါက်ကွဲမှုမျိုး ရှိနေသည်ဟု ယူဆရကြောင်း အစိုးရရှေ့နေ ဘော်ဘီတာဂါဗီကဆိုသည်။ မိုက်ကယ်သည် ထောင်ဒဏ် ၃ နှစ်ထိ ကျခံရမည့် ပြစ်ဒဏ်မျိုးပါ တွေ့ကြံုရနိုင်ကြောင်းလည်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here