Date​​ ​လုပ်​ရန်​​ ​ဆွဲ​ဆောင်​ရာ​တွင်​​ ​အား​က​စား​​ သ​မား​များ​က​​ ​ပို​ခက်​ဟု​​ ​ကင်​ကာ​ဒါ​ရှီ​ယန်​​ ပြော​ကြား

alt

ကင်ကာဒါရှီယန်က သူမအတွက် Date​ လုပ်ရန် ဆွဲဆောင်ရာတွင် အားကစား သမားများနှင့် တွေ့ကြံုသည့် အခါ ပိုခက်ခဲကြောင်း သုံးသပ် ပြောကြား လိုက်သည်။

Reality TV​ စတား အလှမယ်သည် ယခုနှစ် အစောပိုင်းက ရက်ဂီဘုရှ်နှင့် လမ်းခွဲ လိုက်ပြီး ဖြစ်သော်လည်း နောက်ထပ် အတွဲသစ် ရှာနေကြောင်း ဝန်ခံ ခဲ့သည်။ ထို့အပြင် သူမက ဘောလုံး သမားများနှင့်လည်း တွဲလိုစိတ် မရှိကြောင်း၊ ယင်းတို့သည် တစ်ရာသီလုံး ပွဲချိန် ဇယားနှင့် လုံးပမ်း နေရပြီး သနားစရာ ကောင်းကြောင်း မှတ်ချက် ပြုခဲ့သည်။ သူမသည် လှုပ်ရှား တက်ကြွနေသည့် အချစ်ရေးမျိုးကိုသာ အလိုရှိကြောင်းလည်း ကင်ကဆိုသည်။ အသက် ၂၉ နှစ် အရွယ် ကင်က လူအများ အနေနှင့် အချစ်ရေးတွင် ရိုးသား ပွင့်လင်း သင့်ကြောင်း အကြံပြုခဲ့သည်။

သူမအနေနှင့် သူမ၏ ချစ်သူအား နှလုံးသားဖြင့် ယုံကြည်လိုကြောင်း၊ အချစ်ရေးတွင် ရိုးသားမှုသည် အလွန် အရေးပါသည်ဟု ခံယူထားကြောင်း ကင်က ဖွင့်ဟခဲ့သည်။ သူမသည် ဘောလုံးသမားများနှင့်မတွဲလိုဟု ပြောကြား​ ခဲ့သည့်တိုင် ကင်သည် ယခုနှစ် နွေရာသီက ရီးရဲလ်မက်ဒရစ်မှ ပေါ်တူဂီ လက်ရွေးစင် ခရစ်စတီယာနို ရော်နာဒိုနှင့် နာမည် ထွက်ခဲ့သေးကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here