က​မ္ဘာ​မြေ​ပေါ်​ရှိ​​ ​ဟီ​လီ​ယမ်​ဓာတ်​ငွေ့​များ​ ​လျော့​ပါး​လာ​နေ

alt

က​မ္ဘာ​မြေ​ပေါ်​ရှိ​​ ​ဟီ​လီ​ယမ်​ ​ဓာတ်​ငွေ့​များ​သည်​​ ​တ​စ​ထက်​တ​စ​ ​လျော့​ပါး​လာ​နေ​ကြောင်း​​ ​သိ​ရ​သည်​။​ ​​က​မ္ဘာ​သိ​​ ​သိ​ပ္ပံ​ပ​ညာ​ရှင်​ ​တစ်ဦး​ဖြစ်​သော​​ ​နို​ဘယ်​ဆု​ရှင်​ ​ရော​ဘတ်​ရစ်​ချတ်​ဆင်​က

​​ ​လာ​မည့်​ ​၂၅​ ​နှစ်​အ​တွင်း​ ​ဟီ​လီ​ယမ်​ ​ဓာတ်​ငွေ့​ထည့်​ထား​သည့်​ ​ပူ​စီ​ဖောင်း​ ​တစ်​လုံး​သည်​ ​ဒေါ်​လာ​ ​၁၀၀​ ​မျှ​ထိ​ ​တန်​ကြေး​ရှိ​လာ​နိုင်​ကြောင်း​ ​သ​တိ​ပေး​ခဲ့​သည်​။​

​ရစ်​ချတ်​ဆန်​က​ ​အ​သ​စ်​ပြန်​လည်​ ​မ​ဖြစ်​ပေါ်​နိုင်​သည့်​ ​ဓာတ်​ငွေ့​တစ်​မျိုး​ဖြစ်​သော​ ​ဟီ​လီ​ယမ်​သည်​ ​က​မ္ဘာ​မြေ​ပေါ်​မှ​ ​လာ​မည့်​ ​၂၅​ ​နှစ်​မှ​ ​နှစ်​ ​၃၀​ ​အ​တွင်း​ ​ပျောက်​ကွယ်​သွား​နိုင်​သည့်​ ​အ​ခြေ​အ​နေ​မျိုး​ ​ကြံု​နေ​ရ​ပြီ​ဟု​ ​ထောက်​ပြ​ခဲ့​သည်​။​ ​မိ​မိ​တို့​အ​နေ​နှင့်​ ​ဟီ​လီ​ယမ်​ ​ဓာတ်​ငွေ့​ကို​ ​ထုတ်​လုပ်​နိုင်​သည့်​ ​ဓာ​တု​နည်း​လမ်း​မျိုး​ ​မ​တွေ့​ရ​သေး​ကြောင်း​၊​ ​ဟီ​လီ​ယမ်​သည်​ ​က​မ္ဘာ​မြေ​၏​ ​ကျောက်​လွှာ​များ​အ​တွင်း​ ​အယ်​ဖာ​ရောင်​ခြည်​ ​ဓာတ်​ကြွ​ရာ​မှ​ ​ဆွေး​မြေ့​မှု​များ​ ​ဖြစ်​ပေါ်​လာ​စဥ်​ ​အ​လို​အ​လျောက်​ ​ထွက်​ပေါ်​လာ​ခြင်း​သာ​ဖြစ်​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​လာ​မည့်​ ​ဆယ်​စု​နှစ်​ ​အ​နည်းငယ်​အ​တွင်း​ ​ဟီ​လီ​ယမ်​သည်​ ​က​မ္ဘာ​ပေါ်​တွင်​ ​လက်​ရှိ​ရောင်း​ေ​ဈး​ထက်​ ​အ​ဆ​ပေါင်း​ ​၁၀၀၀၀​ ​ကျော်​ ​တက်​သွား​မည်​ဟု​ ​ရစ်​ချတ်​ဆန်​က​ဆို​သည်​။​ ၎င်း​က​ ​အ​မေ​ရိ​ကန်​ ​အ​စိုး​ရ​သည်​ ​သ​ဘာ​ဝ​အ​လျောက်​ ​ထွက်​လာ​သည့်​ ​ဟီ​လီ​ယမ်​ ​ဓာတ်​ငွေ့​ကို​ ​ေ​ဈး​ပေါ​ပေါ​ ​ရောင်း​ချ​နေ​ကြောင်း​ ​စွပ်​စွဲ​ခဲ့​သည်​။​

အ​မေ​ရိ​ကန်​သည်​ ​တစ်​က​မ္ဘာ​လုံး​ရှိ​ ​ဟီ​လီ​ယမ်​ ​ဓာတ်​ငွေ့​ ​စု​စု​ပေါင်း​မှ​ ​၈၀​ ​ရာ​ခိုင်​နှုန်း​ ​ရှိ​နေ​သော​ ​နိုင်ငံ​ကြီး​ဖြစ်​သည်​။​ ​ဟီ​လီ​ယမ်​သည်​ ​လေ​ထက်​ပေါ့​သော​ ​သ​ဘော​ရှိ​ပြီး​ ၎င်း​အား​ ​အ​ရာ​ဝ​တ္ထု​များ​ကို​ ​ရေ​တွင်​ပေါ်​စေ​ရန်​နှင့်​ အ​နု​မြူ​ဓာတ်​ပေါင်း​ဖို​များ​တွင်​ ​အ​သုံး​ပြု​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here