Text​ Message​ ​အ​မြန်​ဆုံး​ပေး​ပို့​နိုင်​သူ​အ​ဖြစ်​ ​ဗြိ​တိန်​​ အ​မျိုး​သ​မီး​ ​စံ​ချိန်​တင်

alt

ကမ္ဘာပေါ်တွင် အမြန်ဆုံး Text Message ပေးပို့ နိုင်သည့် စံချိန်ကို ဗြိတိန် အမျိုးသမီး တစ်ဦးက စိုက်ထူ နိုင်ခဲ့သည်။ အသက် ၂၇ နှစ်အရွယ်ရှိ မယ်လီ ဆာသွမ်ဆန်သည် ရွတ်ဆိုရာတွင် လျှာလိပ် လှသည့် စကားလုံး ၂၆ လုံးကို ၂၅.၉၄ စက္ကန့်ဖြင့် ရိုက်ပြ နိုင်ခဲ့သည်။

သူမရိုက်ခဲ့သော Messageစာလုံးများမှာ the razor-toothed piranhas of the genera Serrasalmus and Pygocentrus are the most ferocious freshwater fish in the world. In reality they seldom attack a human ဟူ၍ ဖြစ်သည်။ သူမသည် ယခင်စံချိန်ဟောင်းထက် ၉.၆ စက္ကန့်ပိုမြန်အောင် Message ရိုက်ပြလိုက်ခြင်းဖြစ်သည်။ သွမ်ဆန်သည် ချစ်သူဖြစ်သည့် အသက် ၂၃ နှစ်အရွယ် ခရစ်ဒေးဗစ်နှင့်အတူ ဈေးဝယ် ထွက်ရင်း Samsung ၏ အရောင်းမြှင့်တင်မှု အစီအစဥ်တစ်ခုတွင် ဖိတ်ကြားခံရပြီး ပြိုင်ပွဲဝင်ခဲ့ရာမှ ယခုလို ကမ္ဘာ့စံချိန် တင်ခွင့် ရသွားခြင်း ဖြစ်သည်။

သူမသည် Samsung မှ ကြော်ငြာထားသော အထူးပြုလုပ်ထားသည့် SWYPE အမည်ရှိ Keypad ကို အသုံးပြုကာ Message ရိုက်ခဲ့ခြင်းဖြစ်သည်။ သူမက နေ့စဥ် Messageပေါင်း ၄၀ မှ ၅၀ ထိ ပေးပို့လေ့ရှိသောကြောင့် မည်သို့ စာမြန်မြန်ရိုက်ရမည်ကို အသားကျ ရင်းနှီး နေကြောင်း ရှင်းပြသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here