​အ​မျိုး​သ​မီး​များ​ ​လိင်​​ ဆက်​ဆံ​ခြင်း​က​ ​ချစ်တင်း​နှီး​နှော​ခြင်း​အ​ပြင်​ ​အ​ခြား​​ ရည်​ရွယ်​ချက်​လည်း​ရှိ

alt

အမျိုးသမီးများသည် လိင် ဆက်ဆံမှုကို မိမိ ချစ်ခင် နှစ်သက်သူနှင့် ချစ်တင်း နှီးနှောလိုသည့် ဆန္ဒ အပြင် အခြားသော ရည်ရွယ်ချက် များဖြင့်လည်း ပြုလုပ် တတ်ကြောင်း အသစ် ထုတ်ဝေ လိုက်သည့် စာအုပ် တစ်ခုတွင် ဖော်ပြ ထားသည်။

ဆင်ဒီမက်စတန်နှင့် ဒေးဗစ်ဘုစ်တို့ ထုတ်ဝေ လိုက်သည့် Why Women Have Sex အမည်ရှိ စာအုပ်တွင် ရေးသားထားမှု အရ အမျိုးသမီးများသည် မိမိ တို့၏ ပျင်းရိ ငြီးငွေ့မှုကို ဖြေလျှော့ ချင်သည့် အခါ၊ အမျိုးသား တစ်ဦး အား အညှာအတာ ကင်းမဲ့စိတ် ဖြစ်ပေါ်လာသည့် အခါနှင့် ခေါင်းကိုက် သည့် အခါများတွင် လိင် ဆက်ဆံ တတ်ကြောင်း သိရသည်။ ထိုအချက်များသည် လေ့လာမှုများ အရ နံပါတ် ၁ အကြောင်းအရာများ ဖြစ်နေပြီး စိတ်တည်ငြိမ် အေးချမ်းနေသည့် အခါနှင့် ညစာ ကောင်းကောင်း စားခွင့် ရသည့် အခါများတွင်လည်း အမျိုးသားများကို အိပ်ခန်းထဲ ခေါ်သွားလေ့ ရှိကြောင်း စာအုပ်တွင် ပါရှိသည်။

ယင်းစာအုပ်တွင် အမျိုးသမီးများ လိင် ဆက်ဆံ လိုစိတ် ဖြစ်ပေါ်လာသည့် အကြောင်းရင်း ပေါင်း ၂၀၀ ဝန်းကျင်ကို မီးမောင်းထိုး ဖော်ပြထားသည်။ စာအုပ်တွင် အမျိုးသား အများစုသည် အမျိုးသမီး တစ်ဦးအား ချဥ်းကပ်ရာတွင် လိင်ဆိုင်ရာ ဆွဲဆောင်မှု အနည်းဆုံး တစ်ခုမျှ ရှိနေရန် ကြိုးစားတတ်ပြီး အမျိုးသမီးများကမူ ယင်းအချက်ကို အရေးတကြီး လိုအပ်သည်ဟု ယူဆလေ့ မရှိကြောင်း တက္ကဆက် တက္ကသိုလ်မှ စိတ်ပညာ ဆရာဝန်များဖြစ်သည့် စာရေးသူများက မှတ်ချက်ပြုထားသည်။

စာအုပ်အတွင်းတွင် အမျိုးသမီးများ၏ လိင် ဆက်ဆံသည့် အကြောင်းရင်း အနက် ၈၄ ရာခိုင်နှုန်းသည် အိမ်မှု ကိစ္စများအား ငြီးငွေ့မှုနှင့် စိတ်အေးချမ်းမှုကို ရရှိစေရန်ဟု ဆိုသည်။ ယခု စာအုပ် အတွက် အမျိုးသမီး ၁၀၀၆ ဦးအား သဘောထား ကောက်ခံ စစ်တမ်း ပြုစုခဲ့ကြောင်းလည်း သိရသည်။

အချို့အမျိုးသမီးများက ခေါင်းကိုက်သည့် အခါ လိင် ဆက်ဆံခြင်းသည် အကောင်းဆုံး ဆေးနည်း တစ်ရပ် အဖြစ် ညွှန်းဆိုကြသလို အများစုက အကြိမ်များလေလေ၊ ကျွမ်းကျင်မှု တိုးလာလေလေဟု ထောက်ခံခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here