​အ​တတ်​ဆန်း​ထွင်​ ​ကား​မောင်း​ပြ​ခဲ့​သည့်​ လီးဝစ်​ဟယ်​မီ​တန်​​ ဒဏ်​ငွေ​ ​ချ​မှတ်​ခံ​ရ

alt

မတ်​လ​အ​တွင်း​က​ ဩ​စ​တြေး​လျ​နိုင်ငံ​၊​ ​လမ်း​မ​တစ်​ခု​တွင်​ ​အ​တတ်​ဆန်း​ထွင် ​ကား​မောင်း​ပြ​ခဲ့​သည့်​ ​ဖော်​မြူ​လာ​ဝမ်း​ ​ကား​မောင်း​သ​မား​ ​လီး​ဝစ်​ဟယ်​မီ​တန်​တစ်​ယောက်​ ​ဒဏ်​ငွေ​ချ​မှတ်​ ​ခံ​လိုက်​ရသည်​။​

​မဲ​ဘုန်း​မြို့​ရှိ​ ​ကား​မောင်း​ပြိုင်​ကွင်း​ ​အ​ပြင်​ဖက်​တွင်​ ​အ​တတ်​ဆန်း​ ​ကား​မောင်း​ပြ​ခဲ့​သည့်​ ​၂၀၀၈​ ​ခု​နှစ်​ ​ဖော်​မြူ​လာ​ဝမ်း​ ​က​မ္ဘာ့​ချန်​ပီ​ယံ​ ​ဗြိ​တိန်​သား​အား​ ဩ​ဂုတ်​လ​ ​၂၄​ ​ရက်​နေ့​က​ ​၂၈၈​ ​ပေါင်​ ​ဒဏ်​ငွေ​ပေး​ဆောင်​ရန်​ ​တ​ရား​ရုံး​က​ ​စီ​ရက်​ချက်​ ​ချ​မှတ်​ခဲ့​သည်​။​ ​အ​သက်​ ​၂၅​ ​နှစ်​ရှိ​ ​ကား​မောင်း​သ​မား​၏​ ​ရှေ့​နေ​က​ စည်း​မျဥ်း​များ​နှင့်​ ​မ​ညီ​ညွတ်​သည့်​ ​မောင်း​နှင်​မှု​ ​ပုံ​စံ​မျိုး​ ​အ​စွမ်း​ပြ​ခဲ့​သည်​ဆို​သော​ ​စွပ်​စွဲ​ချက်​အ​တွက်​ အ​သ​နား​ခံ​ ​လျှောက်​ထား​ခဲ့​ပြီး​နောက်​ ​တ​ရား​ရုံး​က​ ​ဒဏ်​ကြေး​ဖြင့်​ ​စီ​ရင်​ချက်​ကို​ ​အ​ပြီး​သတ်​ပေး​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​အဲ​ဘတ်​ကွင်း​ကြီး​ ​အ​ပြင်​ဖက်​တွင်​ ​ပြိုင်​ပွဲ​မ​ကျင်း​ပ​မီ​ ​နှစ်​ရက်​အ​လို​က​ ​မြန်​နှုန်း​မြင့်​ ​မောင်း​နှင်​ပြ​ခဲ့​သည့်​ ​ဟယ်​မီ​တန်​အား​ ​ဒေ​သ​ခံ​ ​ယာဥ်​ထိန်း​တပ်​ဖွဲ့​က​ ​ဖမ်း​ဆီး​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ယင်း​သည်​ ​ထို​ပြိုင်​ပွဲ​တွင်​ ​နံ​ပါတ်​ ​၆​ ​သာ​ ​ချိတ်​ခဲ့​သည်​။​

တ​ရား​သူ​ကြီး​ ​က​လိုက်​အယ်​ဆော့​က​ ​ဟယ်​မီ​တန်​သည်​ ​လူငယ်​ထု​ ​အ​တု​ယူ​ ​လေး​စား​သည့်​ ​အား​က​စား​သ​မား​ ​တစ်ဦး​ဖြစ်​ပြီး​ ၎င်း​၏​ ​အ​ပြု​အ​မူ​ကြောင့်​ ​လူငယ်​များ​ ​အ​တု​ခိုး​မှား​နိုင်​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ထို့​အ​ပြင်​ ​ဟယ်​မီ​တန်​၏​ ​လုပ်​ရပ်​သည်​ ​အ​ဓိ​ပ္ပါယ်​မဲ့​ပြီး​ ​ရူး​မိုက်​မှု​သာ​ဖြစ်​ကြောင်း​လည်း​ ​တ​ရား​သူ​ကြီး​က​ ​ဝေ​ဖန်​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here