​၂၀၁၀​​ မယ်​စ​ကြာ​ဝ​ဠာဘွဲ့ ​မ​က္က​စီ​ကို​​ အ​လှ​မယ်​ ဆွတ်​ခူး​

alt

ဩ​ဂုတ်​လ​ ​၂၄​ ​ရက်​နေ့​က​ ​အ​မေ​ရိ​ကန်​နိုင်ငံ​၊​ လော့စ်​အိန်​ဂျယ်​လိစ်​ရှိ​ မ​န္တ​လေး​ဘေး​တွင်​ ​ကျင်း​ပ​ပြု​လုပ်​ခဲ့​သော​ ​၂၀၁၀​ ​မယ်​စ​ကြာ​ဝ​ဠာ​ ​ပြိုင်​ပွဲ​တွင်​ ​မ​က္က​စီ​ကို​ ​အ​လှ​မယ်​ ​ဂျီ​မီ​နာ​ ​နာ​ဗ​ရက်​တီ​က​ ​မယ်​စ​ကြာ​ဝ​ဠာ​ဘွဲ့​အား​ ​ဆွတ်​ခူး​ရ​ယူ​သွား​နိုင်​ခဲ့​သည်​။​

​အ​သက်​ ​၂၂​ ​နှစ်​သာ​ ​ရှိ​သေး​သည့်​ ​အ​လှ​မယ်​သည်​ ​ပြိုင်​ပွဲ​ဝင်​ ​၈၈​ ဦး​အ​နက်​ ​အ​ကောင်း​ဆုံး​ ​ယှဥ်​ပြိုင်​နိုင်​ခဲ့​ပြီး​ ​ပ​ရိ​သတ်​ရော​၊​ ​ဒိုင်​လူ​ကြီး​များ​၏​ ​သ​ဘော​ကျ​မှု​ကို​ ​ရ​ရှိ​ခဲ့​သည်​။​ ​သူ​မ​သည်​ ​ရွေး​ချယ်​မှု​ ​အ​ဆင့်​ဆင့်​ကို​ ​ဖြတ်​သန်း​ခဲ့​ပြီး​နောက်​ ဂျ​မေ​ကာ​မယ်​ ​ယန်​ဒီ​ဖီး​လစ်​နှင့်​ ​အ​ကြိတ်​အ​နယ်​ ​ယှဥ်​ပြိုင်​ကာ​ ​သ​ရ​ဖူ​ ​ဆွတ်​ခူး​နိုင်​ခဲ့​ခြင်း​ဖြစ်​သည်​။​

​ဂွာ​ဒါ​လာ​ဂျာ​ရာ​ဖွား​ ​ဂျီ​မီ​နာ​သည်​ ​အာ​ဟာ​ရ​ ​အ​ထူး​ပြု​ ​ဘာ​သာ​ရပ်​ ​ကျောင်းသူ​လေး​ ​တစ်ဦး​ဖြစ်​ပြီး​ ​မ​က္က​စီ​ကို​ ​အ​လှ​မယ်​ဘွဲ့​ကို​ ​၂၀၀၉​ ​ခု​နှစ်​က​ ​ပိုင်​ဆိုင်​နိုင်​ခဲ့​သည်​။​ ယ​ခု​ပြိုင်​ပွဲ​တွင်​ ပြံုး​အ​လှ​ရှင်​ဆု​အား​ ဩ​စ​တြေး​လျ​မှ​ ​ဂျက်​စ​တီ​နာ​ ​ကင်း​ဘဲ​က​ ​ရ​ရှိ​သွား​သည်​။​ ​ထို့​အ​ပြင်​ ​ဓာတ်​ပုံ​အ​စား​ဆုံး​ဆု​အ​တွက်​ အ​ရှေ့​တောင်​အာ​ရှ​ဒေ​သ​ရှိ​ ​ထိုင်း​နိုင်ငံ​မှ​ ဖန်​သစ်ဝက်​ချာ​ထ​ရာ​ကူ​က​ ​ရွေး​ချယ်​ခံ​ရ​ပြီး​ ​သူ​မ​သည်​ ​အ​ကောင်း​ဆုံး​ ​ရိုး​ရာ​အ​ဝတ်​အ​ထည်​ဆု​ကို​လည်း​ ​ရ​ရှိ​သွား​ကြောင်း​ ​သိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here