​တ​ရုတ်​​ ခ​ရီး​သည်​တင်​လေ​ယာဥ်​ ​​လေ​ဆိပ်​တွင်​ ​ဆင်း​သက်​ရန်​ ​ကြိုးပမ်း​စဥ်​ ပျက်​ကျ

alt

မြူ​ထူ​အုပ်​ဆိုင်း​နေ​သော​ ​ည​အ​ချိန်​တွင်​ ​ဆင်း​သက်​ရန်​ ​ကြိုး​ပမ်း​ရာ​မှ​ ​တ​ရုတ်​ခ​ရီး​သည်​တင်​ ​လေ​ယာဥ်​တစ်​စင်း​ ​ပျက်​ကျ​သွား​ကြောင်း​ ​သိ​ရ​သည်​။​ ဩ​ဂုတ်​လ​ ​၂၄​ ​ရက်​နေ့​ ​ည​ပိုင်း​က​ ​တ​ရုတ်​အ​ရှေ့​မြောက်​ပိုင်း​ ​ယီ​ချွန်​မြို့​ ​အ​ပြင်​ဖက်​ရှိ​ ​လင်​ဒူ​ လေ​ဆိပ်​အ​နီး​

​ပျက်​ကျ​သည့်​ ​လေ​ယာဥ်​သည်​ ​မြင်​ကွင်း​မ​ရှင်း​လင်း​သော​ကြောင့်​ ​ပြေးလမ်း​ကို​ ​လွန်​သွား​ပြီး​ ​မြေ​ကြီး​နှင့်​တိုက်​ကာ​ ​မီး​လောင်​ခဲ့​ခြင်း​ဖြစ်​သည်​။​

​ယင်း​လေ​ယာဥ်​သည်​ ​အ​မှု​ထမ်း​ ​၅​ ဦး​နှင့်​ ​ခ​ရီး​သည်​ ​၉၁​ ဦး​ကို​ ​တင်​ဆောင်​ကာ​ ​ပျံ​သန်း​လာ​ခြင်း​ဖြစ်​သည်​။​ ​လေ​ယာဥ်​ပျက်​ကျ​မှု​ကြောင့်​ ​၄၂​ ဥ​ီး​ ​သေ​ဆုံး​ပြီး​ ​ကျန်​ ​၅၄​ ဦး​လုံး​ ​ဒဏ်​ရာ​များ​ ​ရ​ရှိ​ခဲ့​သ​ဖြင့်​ ​ဆေး​ရုံ​သို့​ ​တင်​ပို့​ခဲ့​ရ​ကြောင်း​ ​သိ​ရ​သည်​။​ ​တ​ရုတ်​အ​စိုး​ရ​ပိုင်​ ​ဆင်​ဟွာ​သ​တင်း​ဌာ​န​က​ ​က​လေးငယ်​ ​၅​ ဦး​သည်​ ​ဟီ​နန်​လေ​ကြောင်း​လိုင်း​ပိုင်​ ​လေ​ယာဥ်​ဖြင့်​ ​လိုက်​ပါ​လာ​ပြီး​ ​၈​ ​နှစ်​သား​အ​ရွယ်​ ​က​လေး​တစ်ဦး​ ​အ​သက်​ရှင်​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​

​ယီ​ချွန်​လေ​ဆိပ်​သည်​ ​အ​သစ်​ဆောက်​လုပ်​ထား​ခြင်း​ဖြစ်​ပြီး​ ​သစ်​တော​နှင့်​ ​မြက်​ခင်း​ပြင်​ကျယ်​များ​ ​အ​လယ်​တွင်​ ​တည်​ရှိ​ကာ​ ​ယ​မန်​နှစ်​က​ ​စ​တင်​အ​သုံး​ပြု​ခဲ့​ခြင်း​ဖြစ်​သည်​။​ ယ​ခင်​က​တည်း​က​ ​လေ​ဆိပ်​၏​ ​ပတ်​ဝန်း​ကျင်​ ​မြေ​ပြင်​အ​နေ​အ​ထား​၊​ ​​ပြေး​လမ်း​ပေါ်​ အ​လင်း​ရောင်​ ​ရ​ရှိ​မှု​၊​ ​လေ​တိုက်​ခတ်​သည့်​ ​အ​ခြေ​အ​နေ​၊​ ​ရာ​သီဥ​တု​တို့​နှင့်​ ​ပတ်​သက်​ပြီး​ ကျွမ်း​ကျင်​သူ​ ​အ​ချို့​က​ ​စိုး​ရိမ်​ရ​ကြောင်း​ ​သုံး​သပ်​ခဲ့​ဖူး​သည်​။​

CCTV​ သ​တင်း​ဌာ​န​က​ ​လေ​ယာဥ်​ပျက်​အား​ ​ရှင်း​လင်း​မှု​များ​ကို​ ဩ​ဂုတ်​ ​၂၅​ ​ရက်​နေ့​ ​နံ​နက်​ပိုင်း​တွင်​ ​ဆက်​လက်​ပြု​လုပ်​နေ​ပြီး​ ​လေ​ယာဥ်​နှင့်​ ​မီ​တာ​ ​၂၀​ ​မှ​ ​၃၀​ ​ကြား​ ​အ​ကွာ​အ​ဝေး​များ​တွင်​ ​အ​နည်း​ဆုံး​ ​အ​လောင်း​ ​၈​ ​လောင်း​ကို​ ​ပြန်​လည်​ရ​ရှိ​ခဲ့​ပြီး​ဖြစ်​ကြောင်း​ ​ကြေ​ညာ​ထား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here