​အ​စ္စ​ရေး​ တိုက်​ခိုက်​လာ​မည်​ကို​ ​မ​စိုး​ရိမ်​ဟု​ ​အီ​ရန်​ သ​မ္မ​တ​ပြော​ကြား

alt

အီရန်သမ္မတ မာမွတ် အာမက် ဒီနီဂျက်က မိမိ အနေနှင့် အစ္စရေးက စတင် တိုက်ခိုက် လာမည်ကို မစိုးရိမ်ကြောင်း၊ အစ္စရေးသည် အီရန်အား တိုက်ခိုက် နိုင်လောက်အောင် စစ်အင်အား တောင့်တင်းမှု မရှိကြောင်း ပြောကြား လိုက်သည်။

အာမက်ဒီနီဂျက်က အယ်ဂျာဇီးယား သတင်း ဌာနနှင့် အင်တာဗျူးတွင် အီရန် အနေနှင့် ပထမဆုံး နျူကလီးယား ဓာတ်ပေါင်းဖိုအား စတင် လည်ပတ်နေပြီ ဖြစ်သော်လည်း အစ္စရေးက တိုက်ခိုက်လာမှုကို ကြောက်ရွံ့ နေမည် မဟုတ်ကြောင်း၊ အစ္စရေးသည် ထိုမျှလောက်သော စွမ်းဆောင်မှုမျိုး အတွက် ခွန်အားမရှိကြောင်း ပြက်ရယ်ပြု ပြောကြား သွားသည်။ အီရန်သည် ဘူရှာဟာရှိ နျူကလီးယား စက်ရုံကို ပြီးခဲ့သည့် သီတင်းပါတ်က လောင်စာဖြင့် စတင် လည်ပတ် နေပြီ ဖြစ်သည်။ အီရန်က နျူကလီးယားကို ငြိမ်းချမ်းစွာ အသုံးချမည်ဟု ကြေညာ ထားသော်လည်း ကမ္ဘာ့နိုင်ငံ အများစုကမူ အီရန် အနေနှင့် နျူကလီးယား လက်နက်များ ထုတ်လုပ် လာမည်ကို စိုးရိမ် နေကြသည်။

ကုလသမဂ္ဂ၏ အမေရိကန် ဆိုင်ရာ သံအမတ်ဟောင်း ဂျွန်ဘော်တန်က အစ္စရေးသည် အီရန်အား စတင်တိုက်ခိုက်ရန် ရက်ပိုင်းမျှသာ လိုတော့မည်ဟု ထင်မိကြောင်း သုံးသပ် ပြောကြား ခဲ့သော်လည်း အာမက် ဒီနီဂျက်ကမူ ပါရှန်း ပင်လယ်ကွေ့ အတွင်းရှိ အာရပ် နိုင်ငံများသည် မိမိနိုင်ငံအား တိုက်ခိုက်ရေး အတွက် အစ္စရေး လေယာဥ်များ ဆင်းသက် ရပ်နားနိုင်မည့် အမေရိကန် စစ် အခြေစိုက် စခန်းများ ဆောက်လုပ်ခွင့် ပေးလိမ့်မည် မဟုတ်ကြောင်း ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here