​တ​ရုတ်​​ နိုင်ငံ​​ မြောက်​ပိုင်း​တွင်​ ​ရက်​​ရှည်​ ကြာ​ပြီ​​ ဖြစ်​သည့်​ ​ယာဥ်​ကြော​ ​ပိတ်​ဆို့​မှု​​ ဖြစ်​ပေါ်​​နေ

alt

တ​ရုတ်​နိုင်ငံ​ ​မြောက်​ပိုင်း​တွင်​ ​ကြီး​ကြီး​မား​မား​ ​ယာဥ်​ကြော​ပိတ်​ဆို့​တစ်​ခု​ ​ဖြစ်​ပေါ်​နေ​ရာ​ ဩ​ဂုတ်​လ​ ​၂၄​ ​ရက်​နေ့​တွင်​ ​ဆယ်​ရက်​ပြည့်​မြောက်​ခဲ့​ပြီ​ဟု​ ​သိ​ရ​သည်​။

​ ​ဘေ​ဂျင်း​မှ​ ​တာ​ဝန်​ရှိ​သူ​ ​တစ်ဦး​က​ ​ယင်း​ကို​ ​ဖြေ​ရှင်း​ရန်​ ​နောက်​လ​လယ်​ထိ​ ​ကြာ​သွား​နိုင်​ကြောင်း​ ​ဝန်​ခံ​ခဲ့​သည်​။​ ​ဘမ်​ပါ​အ​ချင်း​ချင်း​ ​ထိ​မိ​အောင်​ ​ပူး​ကပ်​နေ​သော​ ​ယာဥ်​တန်း​ကြီး​သည်​ ​မိုင်​ ​၆ဝ​ ​ကျော်​ ​ရှည်​လျား​နေ​ပြီး​ ​ကား​များ​သည်​ ​တစ်​နေ့​လျင်​ ​မိုင်​ဝက်​နှုန်း​ ​ရွေ့​နေ​ကြောင်း​ ​ဇန်​ဂျီ​ကူး​မြို့​ ယာဥ်​ထိန်း​ရဲ​ဌာ​န​ ​ဒါ​ရိုက်​တာ​ ​မင်​ဟိုင်​က​ ​ပြော​ကြား​ခဲ့​သည်​။

​ ဩ​ဂုတ်​ ​၁၄​ ​ရက်​နေ့​က​ ​စ​တင်​သော​ ​ပိတ်​ဆို့​မှု​သည်​ ​ဘေ​ဂျင်း​မှ​ ​ဇန်​ဂျီ​ကူး​သို့​ ​ဆက်​သွယ်​ထား​သည့်​ ​အ​ဝေး​ပြေး​ ​လမ်း​မ​တွင်​ ​ဖြစ်​ပေါ်​ခဲ့​ခြင်း​ဟု​ ​သိ​ရ​သည်​။​ ​ယာဥ်​မောင်း​ ​မြောက်​မြား​စွာ​သည်​ ​အ​တွင်း​မွန်​ဂို​လီး​ယား​ပိုင်​ ​ဟီ​ဘိုင်းတွင်​ ​ပိတ်​မိ​နေ​ဆဲ​ဖြစ်​သည်​။​ ​တ​ရုတ်​သည်​ ​မော်​တော်​ယာဥ်​ ​သုံး​စွဲ​မှု​ ​တစ​ထက်​တ​စ​ ​မြင့်​တက်​လာ​သ​လို​ ​နှစ်​စဥ်​ ​ယာဥ်​ကြော​ပိတ်​ဆို့​မှု​များ​ ​၄၀​ ​ရာ​ခိုင်​နှုန်း​စီ​ ​တိုး​တက်​လာ​နေ​သ​ည်​။​ တာ​ဝန်​ရှိ​သူ​များ​က​ ​စက်​တင်​ဘာ​ ​၁၇​ ​ရက်​နေ့​ထိ​ ​ယင်း​ပိတ်​ဆို့​မှု​ကြီး​ကို​ ​ရှင်း​လင်း​နိုင်​ဖွယ်​ ​မ​ရှိ​ဟု​ ​ပြော​ကြား​ခဲ့​သည်​။​

​တ​ရုတ်​၏​ ​ယာဥ်​ကြော​ပိတ်​ဆို့​မှု​များ​တွင်​ ​မြို့​တစ်​မြို့​နှင့်​ ​တစ်​မြို့​ကြား​ ​ကျောက်​မီး​သွေး​၊​ ​သစ်​၊​ ​စား​သောက်​ကုန်​များ​ ​စ​သည်​တို့​ ​ပို့​ဆောင်​ပေး​နေ​သည့်​ ​ကုန်​တင်​ယာဥ်​ကြီး​များ​သည်​ ​အ​ဓိ​က​ ​အ​ကြောင်း​ရင်း​တစ်​ခု​ဟု​ ​သိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here