​တိုက်​ဂါး​ဝုဒ်​နှင့်​ ​အီ​လင်​နော်​ဒီ​ဂါရန်​ ​တ​ရား​ဝင်​ကွာ​ရှင်း

alt

တိုက်ဂါးဝုဒ်နှင့် ဇနီးသည် အီလင်နော်ဒီဂါရန်တို့ တရားဝင် ကွာရှင်း​ လိုက်ပြီ​ ဖြစ်သည်။ အမေရိကန် ဘီလျံနာ ဂေါက်သီး​ ချန်ပီယံသည် အဆိုပါ ကွာရှင်းမှု​ အတွက်

ဆွီဒင်​ မော်ဒယ်ဟောင်း ဇနီးသည်အား ဒေါ်လာ သန်း ၁၀၀ မှ သန်း ရ၅၀ ကြား ပေးခဲ့ရကြောင်း သတင်းများက ခန့်မှန်း​ ဖော်ပြ​ ခဲ့သည်။ အသက် ၃၀ အရွယ် အီလင်သည် ဝုဒ်၏ ဇာတ်ရှုပ်​ ဖောက်ပြန်မှုများအား သည်းမခံ​ နိုင်တော့သည့်​ အတွက် ဩဂုတ် ၂၃ ရက်နေ့က တရားဝင် ကွာရှင်း​ ခဲ့ခြင်း​ ဖြစ်သည်။ သဘောတူညီမှုများ​ အရ အမျိုးသမီး ၂၀ ခန့်နှင့် အတူ​ အိပ်ခဲ့ကြောင်း စွပ်စွဲ​ ခံနေရသည့် အသက် ၃၄ နှစ်​ အရွယ် ဝုဒ်သည် သားနှစ်ဦး​ အတွက် အုပ်ထိန်းခွင့်အား အီလင်နှင့် ခွဲဝေရရှိမည်ဟု သိရသည်။

ဝုဒ်နှင့် အီလင်တို့သည် ဖလော်ရီဒါရှိ တရားရုံးတစ်ခုတွင် တရားဝင် ကွာရှင်းကြောင်း လက်မှတ်​ ရေးထိုး​ ခဲ့ခြင်း​ ဖြစ်သည်။ ကွာရှင်း​ စာချုပ်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုမူ နှစ်ဖက်​ စလုံးက မကြေညာခဲ့ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here