င​လျင်​များ​ဖြစ်​ပေါ်​မှု​နှင့်​ ​ဖျက်​စီး​​ နိုင်​စွမ်း​ရှိ ​ကွန်​ပျူ​တာ​စ​နစ်​​ အ​သုံး​ပြု​​ လေ့​လာ

alt

သိပ္ပံ ပညာရှင်များသည် ကွန်ပျူတာ စနစ် တစ်ခုကို အသုံးပြုပြီး ငလျင်များ ဖြစ်ပေါ်မှုနှင့် ဖျက်စီး နိုင်စွမ်းတို့ကို လေ့လာ နေကြောင်း ပြောကြားခဲ့သည်။

ဥရောပ သိပ္ပံ ပညာရှင်များသည် ဥရောပတိုက် အတွင်း မြေလွှာ လှုပ်ရှားမှုများ၏ အလျင်နှင့် အင်အား တို့ကို မတူညီသော နေရာ အသီးသီးတွင် တိုင်းတာပြီး စကော့တလန် နိုင်ငံ၊ အီဒင်ဘက် တက္ကသိုလ်တွင် ကွန်ပျူတာ စနစ်ဖြင့် တိုင်းတာ လေ့လာ သုတေသန ပြုခဲ့ခြင်းဟု သိရသည်။ Rapid​ ဟု အမည် ပေးထားသည့် ဥရောပ​ နိုင်ငံ အသီးသီးမှ ပညာရှင်များ စုစည်းထားသည့် အဖွဲ့တစ်ခုသည် ဥရောပရှိ နေရာပေါင်း ရာနှင့်ချီပြီး မြေလွှာ လှုပ်ရှားမှုများအား သွားရောက် တိုင်းတာခဲ့ကြသည်။ ၎င်းတို့သည် ငလျင်များ၏ သဘော သဘာဝနှင့် အဖျက်​ စွမ်းအား တို့ကို ကြိုတင်ခန့်မှန်း သိရှိ နိုင်ရန် အတွက် ကွန်ပျူတာစနစ်ဖြင့် စမ်းသပ်အဖြေထုတ်နေခြင်းဖြစ်သည်။ ယင်းတို့သည် Rapid​ အမည်ရှိ ဝက်ဆိုက်တစ်ခုကိုလည်း လွှင့်ထူထားပြီး ကန့်သတ် ထားသည့် သုတေသန အဖွဲ့အစည်းများ၏ ကိုယ်ပိုင် စူပါကွန်ပျူတာများဖြင့် ငလျင်ဆိုင်ရာ လေ့လာမှုများကိုလည်း ဖော်ပြခွင့်ပေးထားသည်။

Rapid​ မှ သုတေသီများက ငလျင်၏ သဘောသဘာဝကို လေ့လာမှုများ ပြုလုပ်ပြီး အင်အားပြင်းထန်လှသည့် ငလျင်ကြီးများ မဖြစ်ပေါ်မီ ကြိုတင်ခန့်မှန်း သိရှိနိုင်ရေး မျှော်လင့်ထားကြောင်း ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here