ပြည်လမ်းရှိ ပြည်သူ့လွှတ်တော် အဆောက်အအုံ အဟောင်းအား​​ အစိုးရ​ ဌာနရုံးများ​​ ​အ​ဖြစ် ပြောင်းလဲ​မည်

alt

ဩဂုတ်လ ကုန်ပိုင်းမှ​ စတင်၍ တိုင်း အဆင့်ရှိ အထွေထွေ​ အုပ်ချုပ်ရေး​ ဌာန၊ ရန်ကုန်တိုင်း​ ရဲတပ်ဖွဲ့၊ ရန်ကုန်တိုင်း လူဝင်မှု​ ကြီးကြပ်ရေးနှင့် ပြည်သူ့​ အင်အား​ ဦးစီး​ ဌာန၊ နယ်စပ်​ ဒေသနှင့်​ တိုင်းရင်းသား​ လူမျိုးများ ဖွံ့ဖြိုးရေးနှင့်​ စည်ပင်​ သာယာရေး​ ဦးစီး​ ဌာန​ စသော

ဌာနများအား​​ ပြောင်းလဲ၍ ရန်ကုန်မြို့ ပြည်လမ်းမရှိ ပြည်သူ့ လွှတ်တော်​ အဆောက်​ အအုံ​ ဟောင်း​ကြီးတွင် ပြောင်းလဲ၍ အခြေစိုက်​​ ရုံး​ထိုင်​ သွားတော့မည်​ ြ​​​​​ဖစ်ကြောင်း​ သတင်း ရရှိသည်။

ရန်ကုန်မြို့ ပြည်လမ်းရှိ ပြည်သူ့​ လွှတ်တော်​ အဆောက်အအုံဦး​​ဟောင်း​မှာ​ မြန်မာ့ ဆိုရှယ်လစ်​ ခေတ်​ (လမ်းစဉ်ပါတီခေတ်) လူငယ်​ လုပ်အားပေး​ စီမံကိန်းများ​ အရ နိုင်ငံတော်ရှိ​ လူငယ်တို့၏​ လုပ်အားဖြင့် ပါဝင်တည် ဆောက်ခဲ့သော တစ်ပါတီ​ စနစ် လက်ကျန်​ အမွေအနှစ်​ အဆောက်​အအုံ​ ဟောင်းကြီး တစ်ခုလည်း​​ ဖြစ်သည်။ ပြည်နယ်နှင့် တိုင်း​ အသီးသီးရှိ​ ဒေသ​ ပါတီများမှ ပြည်သူ့​ လွှတ်တော် ကိုယ်စားလှယ်များဖြင့် ၁၉၈၈​ ခုနှစ်​ အထိ ပြည်သူ့​ လွှတ်တော်​ အစည်းအဝေးများ ကျင်းပခဲ့သော​ အဆောက်အအုံ​ ဖြစ်ကြောင်း 7 Day News ဂျာနယ်​ အရ​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here