​ဗီ​တာ​မင်​ B​ ​ချို့​တဲ့​ခြင်း​က​ ​စိတ်​​ က​စဥ်​က​လျား​ ​ဖြစ်​မှု​နှင့်​ ​ဆက်​နွယ်​နေ

alt

ဗီတာမင် B ဓာတ် ချို့တဲ့ခြင်းသည် စိတ်​ ကစဥ့်ကလျား ဖြစ်တတ်သည့် အခြေအနေနှင့် ဆက်နွယ်​ နေကြောင်း ပညာရှင်များက ပြောကြား​ ခဲ့သည်။

သွေးအတွင်း ဗီတာမင် B လျော့နည်းစွာ ပါဝင်​ သူများသည် ဦးနှောက်​ လုပ်ဆောင်မှု​ စွမ်းရည် လျော့နည်း​ တတ်သလို စိတ်ကစဥ့်ကလျား အခြေအနေမျိုး ဖြစ်နိုင်ရန် ပိုမို​ ရာခိုင်နှုန်းများကြောင်း သိရသည်။ ဒါဗစ်ရှိ အမေရိကန် စိုက်ပျိုးရေး သုတေသနဌာနမှ အာဟာရ သုတေသီ လင်းဆေး​ အလန်က ဗီတာမင် B-6​ နှင့် B-12​ တို့သည် ဦးနှောက်၏ စွမ်းဆောင်နိုင်မှုကို မြှင့်တင်​ ပေးရာတွင် များစွာ​ အသုံးဝင်ကြောင်း ပြောကြားခဲ့သည်။

ကယ်လီဖိုးနီးယား တက္ကသိုလ်တွင် ပြုလုပ်ခဲ့သော သုတေသန လုပ်ငန်းများတွင် ပါဝင်သည့် အလန်က မိမိတို့သည် ဦးနှောက်စွမ်းရည် ကျဆင်းလာချိန်တွင် ခန္ဓာကိုယ်အတွင်း မည်သည့်​ ဓာတ်များ လျော့နည်းနေသည်ကို စနစ်တကျ လေ့လာခဲ့ကြောင်း ရှင်းလင်း ပြောဆို ခဲ့သည်။ ၁၉၉၆ ခုနှစ်ကတည်းက စတင်ခဲ့သည့် သုတေသန ရလဒ်တွင် စိတ် ကစဥ့်ကလျား ရောဂါသည် ၁၈၀၀ တို့၏ ဆေး မှတ်တမ်းများ ပါဝင်ပြီး ၎င်းတို့သည် အသက် ၆၀ မှ ၁၀၁ နှစ်​ အတွင်း အရွယ်များ​ ဖြစ်ကြောင်း သိရသည်။

သုတေသီများ၏ ရောဂါသည်များ၏ သွေးနမူနာများသည် အဓိကအားဖြင့် ဗီတာမင် B ဓာတ်များ ချို့တဲ့နေသည်ကို တွေ့ရှိခဲ့ရကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အမျိုးသမီးများအနေနှင့် သွေးဖိအား ကျဆင်းသည့် အခြေအနေတွင် စိတ်ဖိစီးမှုများ ဖြစ်ပေါ်နိုင်ခြေ သာမန်ထက် နှစ်ဆမျှ မြင့်တက်နေကြောင်းလည်း သိရသည်။ သို့သော်လည်း ယင်းသက်ရောက်မှုမှာ အမျိုးသားများတွင် မတွေ့ရဟု သုတေသီများက ​ပြော​ဆို​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here